ဘုတလင်မြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူများကို သတ်ပြီး PDF အချင်းချင်းနယ်မြေလုရင်း ရက်ရက်စက်စက်သတ်ဖြတ်တယ်လို့ သတင်းအမှားဖြန့်
22 October 2024 By KTimes+ MPA / The Red Flag
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ကိုစစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် ပြည်သူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး PDF အချင်းချင်းနယ်မြေလုရင်း သတ်ဖြတ်ကြတာဖြစ်တယ် လို့ အောက်တိုဘာ ၂၀ ရက်က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားများ ဖြန့်ဝေလျက်ရှိပါတယ်။
Subscriber ၁၃၀၀၀၀ ကျော်ရှိတဲ့ Ko Thet တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၂၀ ရက် ညနေ ၆ နာရီအချိန်ခန့်က ပြည်သူတွေရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ပုံတွေကို အသုံးပြုပြီး “အမှန်က ဘုတလင်ဘက်မှာ သူတို့အချင်းချင်း နယ်မြေလု၊ ခေါင်းဆောင်နေရာလုရင်း သတ်ကြဖြတ်ကြတာလို့ သိရပါတယ်။ တော်တော်ရက်စက်ကြတဲ့ ကောင်တွေပါကွာ။” (မူရင်းရေးသားချက်အတိုင်း) လို့ ရေးသားဖော်ပြထားပါတယ်။
အဲ့ဒီ ရေးသားဖြန့်ဝေမှုကို အောက်တိုဘာ ၂၂ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၆၄၀၀၀ ကျော်ရှိပြီး Like and react လုပ်သူ ၄၀၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြခဲ့ကြပါတယ်။
သတင်းအမှားလင့်ခ်များ
Ko Thet တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/IOnmo
Kyaw Swar တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/1h4tj
Ko chit mdy တယ်လီဂရမ်ချန်နယ်လင့် – https://archive.ph/o62sx
တယ်လီဂရမ်ချန်နယ် မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Networkရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ KTimes နဲ့ MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်း အမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်မှာဖော်ပြထားတဲ့ ဓာတ်ပုံတွေကို Google Reverse Image Search နဲ့ရှာဖွေကြည့်ရာမှာ RFA သတင်းမီဒီယာကဖော်ပြထားတဲ့ ရုပ်သံသတင်းက ဓာတ်ပုံတွေနဲ့ ထပ်တူညီနေတာကိုတွေ့ရပါတယ်။
မူရင်းသတင်းလင့်ခ် – https://shorturl.at/GZIvV
တယမ်လီဂရမ်ချန်နယ်မှာရေးသားဖော်ပြထားတဲ့ သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး Google မှာ “ ဘုတလင်မြို့နယ် ‘ ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့် ရာ BBC/RFA နဲ့ MFP သတင်းမီဒီယာတို့မှာ ရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်။
BBC သတင်းမီဒီယာမှာ” နမခ ကစပြီး စစ်ကြောင်းထိုးထဲက စစ်ရှောင်နေတာတစ်လလောက်ရှိပြီ။ စီပါရွာဆိုလည်း စစ်ကြောင်းက ရက်ရက်စက်စက်သတ်တာ၊ ဒီနေ့ဆို ၇ ယောက်ရှိပြီသိရတော့ ရွာမပြန်ရဲဘူး “ လို့ ဘုတလင်နယ်ထဲက ရွာကြီးတစ်ခုဖြစ်တဲ့ ညောင်ကန်ရွာသားတစ်ဦးကပြောတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
RFA သတင်းမီဒီယာမှာ “ဘုတလင်မြို့နယ်၊ စီပါရွာ မှာ အောက်တိုဘာ ၁၉ ရက်နေ့က ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့အလောင်း ၆ လောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။
MFP သတင်းမီဒီယာမှာ “ စစ်အုပ်စုဟာ စိုင်ပြင်လေးရွာကို မဝင်ရောက်ခင် အရင်နှစ်ရက်က စီပါရွာနဲ့ ဆယ်ဝရွာကို ဝင်ရောက်ခဲ့ပြီး စီပါရွာက ပြည်သူ ခြောက်ဦးကို သတ်ဖြတ်ကာ အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ် “ လို့ရေးသားဖော်ပြထားပါတယ်၊
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/weOsZ
RFA – https://shorturl.at/GZIvV
MFP – https://shorturl.at/jx09F
သုံးသပ်ချက်
ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားတဲ့အချက်တွေဟာ စစ်ကောင်စီဝါဒဖြန့်သလို အကြောင်းအရာမျိုးမဟုတ်ပါဘူး။ ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြည်သူ ၃ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အိမ်ခြေ ၃၀၀ ခန့် ကို လည်း မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဘုတလင်မြို့နယ်မှာ PDF အချင်းချင်းနယ်မြေလုရင်း ရက်ရက်စက်စက်သတ်ဖြတ်တယ်ဆိုတာ သတင်းအမှားအကြောင်းအရာ ဖြစ်ပါတယ်။ စစ်ကောင်စီက ၎င်းတို့ကျူးလွန်တဲ့လုပ်ရပ်တွေကို PDF တွေသာ ကျူးလွန်တာဖြစ်ကြောင်း နေ့စဉ်နဲ့အမျှ ဝါဒဖြန့်ချိနေတာပါ။
Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။
သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork