By Wadi / MPA – The Red Flag
မလေးရှားနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသူ မြန်မာနိုင်ငံသား CDM ၄၈ ဦး ဖမ်းဆီးခံခဲ့ရဆိုသည့် သတင်း အမှား အောက်တိုဘာ ၁၄ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Truth Media” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၄ ရက် ည ၉ နာရီ ၃၂ မိနစ်တွင် မလေးရှားနိုင်ငံ၊ ဂျိုဟိုင်းပြည်နယ်၊ စီနိုင်းမြို့တွင် အထောက်အထားမဲ့ ခိုးဝင်နေထိုင်နေသည့် မြန်မာ CDM ဝန်ထမ်းအမျိုး သမီး၊ အမျိုးသား စုစုပေါင်း ၄၈ ဦး ဖမ်းဆီးခံခဲ့ရသည်ဟုဆိုကာ ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၃,၃၀၀ ကျော်၊ Reaction ပေးသူ ၁၃၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/OYLVa
အဆိုပါအကြောင်းအရာကို “နေပြည်တော်” နှင့် “ဘညွန့်” တယ်လီဂရမ်ချန်နယ်တို့က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
နေပြည်တော် – https://archive.ph/GXMcj
ဘညွန့် – https://archive.ph/sHrln
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “DVB” သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
“DVB” တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်က မလေးရှားနိုင်ငံ၊ ဂျိုဟိုင်းပြည်နယ် စီနိုင်းမြို့တွင် မြန်မာ အမျိုးသမီး ၄၈ ဦး၊ ဂျိုဟိုးမြို့တွင် မြန်မာအပါအဝင် နိုင်ငံခြားသား ၃၅ ဦး စုစုပေါင်း အထောက်အထားမဲ့ နိုင်ငံခြားသား ၈၃ဦးကို မလေးရှားရဲများက ဖမ်းဆီးမိခဲ့ကြောင်း၊ နိုင်ငံခြားသားများ ဝင်ရောက်လုပ်ကိုင်နေ သည့် စက်ရုံ၊ စားသောက်ဆိုင်နှင့် နေအိမ်များထဲသို့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ကြောင်း၊ ဖမ်းဆီးခံရသူများ ကို တရားမဝင်နေထိုင်မှု အက်ဥပဒေ ၆(၁)(ဂ) ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/VRxIk
Google တွင် “ မလေးရှား မြန်မာများ ဖမ်းဆီးခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “RFA, VOA” သတင်းမီဒီယာများ၌ သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာလဆန်းပိုင်းမှစ၍ မလေးရှားနိုင်ငံ အာဏာပိုင်များက အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် နိုင်ငံအတွင်း တရားမဝင်နေထိုင်သူများကို နေ့စဉ် ဖမ်းဆီးနေကြောင်း၊ အောက်တိုဘာ ၅ ရက်တွင် မြန်မာနိုင်ငံသား ၈၆ ဦး အပါအဝင် နိုင်ငံခြားသား ၈၀၀ ကျော်၊ အောက်တိုဘာ ၆ ရက်တွင် မြန် မာ ၄၃ ဦး၊ အောက်တိုဘာ ၇ ရက်တွင် မြန်မာ ၃၄ ဦးအပါအဝင် နိုင်ငံခြားသား ၆၃ ဦး၊ ဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးမှုများအတွင်း မြန်မာအမျိုးသမီးတစ်ဦး ထွက်ပြေးခဲ့ရာ ရထားတိုက်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ထိန်း သိမ်းရေးစခန်းက မြန်မာအများစုကို မြန်မာသံရုံးနှင့်ညှိနှိုင်းပြီး မြန်မာနိုင်ငံသို့ ပြန်ပို့တာများကြောင်း၊ ဖမ်း ဆီးခံရသူ မြန်မာများအနေဖြင့် နေရပ်ပြန်ပို့ခံရမည်ကို စိုးရိမ်နေကြကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://shorturl.at/aqElY
VOA – https://shorturl.at/WFHFA
မလေးရှားအခြေစိုက်မီဒီယာဖြစ်သည့် News Straits Times မီဒီယာတွင် မလေးရှားနိုင်ငံ စီနိုင်းမြို့တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူနှင့် အထောက်အထားမဲ့ နိုင်ငံခြားသား ၅၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ မြန်မာနိုင်ငံသား အမျိုးသား ၁၅ဦး၊ အမျိုးသမီး ၃၂ ဦး ပါဝင်ကြောင်း ၊ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကြောင်း တွေ့ရှိပြီးနောက် လူ ၉၀ ကျော်ကို စစ်မေးခဲ့ပြီး ၅၀ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း သတင်းရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/7V9Xs
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မလေးရှားနိုင်ငံ၌ အော်ပရာစီ စစ်ဆင်ရေးအနေဖြင့် တရားမဝင်နိုင်ငံသားများကို ဖမ်းဆီးနေသောကြောင့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများလည်း ဖမ်းဆီးခံနေရကြောင်း၊ အောက်တို ဘာ ၁၄ ရက်တွင်လည်း ဂျိုဟိုင်းပြည်နယ်၊ စီနိုင်းမြို့တွင် မြန်မာအမျိုးသမီး ၄၈ဦး ဖမ်းဆီးခံခဲ့ရကြောင်း ရေးသားထားသည်။
ဖမ်းဆီးခံထားရသူကို ထွက်ပြေးတိမ်းရှောင်လာသည့် CDM ဝန်ထမ်းများဟု ဖော်ပြထားခြင်းမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ မလေးရှားတွင် မြန်မာလူမျိုး CDM သမား ၄၈ဦး ဖမ်းဆီးခံရ” ဆိုသည့် အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်းမှားယွင်းနေသော သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာ တစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ် ရန် လိုအပ်ပါသည်။
ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။
မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork