ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း BPDF အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း BPDF အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှား

Kantarawaddy Times / The Red Flag ( FactCheck)

ကရင်နီပြည် ၊ ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF)အများအပြားသေဆုံးတယ်ဆိုတဲ့ သတင်းအမှားကို စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ အောက်တိုဘာလ ၁၃ ရက်နေ့ကစပြီး ဝါဒဖြန့်ချိနေပါတယ်။

Subscribers ၁၂၉၆၁ ရှိတဲ့ ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “အောက်တိုဘာ၁၀ရက်က စစ်စခန်းကုန်းတစ်ခုကို လာရောက်တိုက်ခိုက်ခဲ့ရာ PDFသက်ပိုင်မှုး နဲ့ တစ်ဖွဲလုံးမိုင်းကွင်းအတွင်း ပဒက်ဆယ်ချီသေဆုံးခဲ့ကြသည်။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။

နေပြည်တော် ချန်နယ်ရဲ့ ရေးသားဖော်ပြမှုကို အောက်တိုဘာလ ၁၇ ရက်နေ့အထိ ကြည့်ရှုသူ ၁ထောင်ကျော်ရှိပြီး Like and react ပေးသူလည်းရှိပြီး ထပ်ဆင့်မျှဝေတဲ့ ချန်နယ်အကောင့်တွေလည်း ရှိပါတယ်။

​ရွှေနေကြာ ဝါဒဖြန့်တယ်လီဂရမ်မူရင်းလင့်ခ် – http://archive.today/2024.10.17-085316/https://t.me/shwenaykyar/76730
Khon Sai Oo ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် – https://t.me/wi969/12786

အဲဒီသတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Kantarawaddy Times FactCheck Team ကနေ စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်သလို BPDF အများအပြားသေဆုံးတယ်ဆိုတဲ့သတင်းဟာ လုပ်ကြံဖန်တီးဖြန့်ဝေထားတဲ့ သတင်းမှားဖြစ်ကြောင်း စီစစ်အတည် ပြုနိုင်ခဲ့ပါတယ်။

သတင်းစစ်ဆေးတွေ့ရှိချက်

ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေထားသလို ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF) သက်ပိုင်မှူး နဲ့ တစ်ဖွဲ့လုံးဆယ်ချီသေဆုံးခဲ့ကြတယ်ဆိုတာ သတင်းအမှန် မဟုတ်ပါဘူး။ အောက်တိုဘာလ ၁၀ ရက်နေ့က ဘောလခဲစခန်းကုန်းတစ်နေရာမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲအတွင်း BPDF တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့တဲ့ ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

အောက်တိုဘာလ ၁၃ရက်နေ့မှာ ပြုလုပ်တဲ့ ကျဆုံးတပ်ဖွဲ့ဝင်တစ်ဦးရဲ့ဈာပနအခမ်းအနားကို ဘောလခဲပြည်သူ့ကာကွယ်တပ်ရင်းအမှတ် – ၁၁၀၅ တပ်ရင်းက ထုတ်ပြန်ထားတာရှိပါတယ်။ ထုတ်ပြန်ထားတဲ့ ဓါတ်ပုံကို စစ်ကောင်စီဝါဒဖြန့်သူတွေက ကူးယူပြီး BPDF အများအပြားသေဆုံးတယ်ဆိုပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ဘောလခဲပြည်သူ့ကာကွယ်ရေးတပ် (BPDF) ထုတ်ပြန်ချက်လင့် – https://www.facebook.com/share/p/HZnM8Cy8W3Cow367/

စစ်ကောင်စီဝါဒဖြန့်သလို “ ဘောလခဲစခန်းကုန်းတိုက်ပွဲအတွင်း BPDF အများအပြားသေဆုံး” ဆိုတဲ့အကြောင်းအရာဟာ ခိုင်လုံတဲ့သက်သောအထောက်အထားနဲ့ ဖော်ပြထားခြင်းလည်း မရှိပါဘူး။ ဒါ့အပြင် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့အသီးသီးကနေ ၎င်းတို့တပ်သား ကျဆုံးတယ်ဆိုတဲ့ထုတ်ပြန်ချက်မျိုးလည်း မတွေ့ရှိပါ။

အောက်တိုဘာလဒုတိယပတ်က စစ်ကောင်စီရဲ့တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းကို ရရှိခဲ့တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့ထုတ်ပြန်ချက်နဲ့ လွတ်လပ်တဲ့သတင်းဌာနတွေက သတင်းရေးသားထားပါတယ်။ ဒီမှာကြည့်ပါ။

ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် – https://www.facebook.com/share/p/bkM7faN2TdSrasoR/
ကန္တာရဝတီတိုင်း(မ်)သတင်းဌာန – https://www.kantarawaddytimes.org/u62s
Mekong News – https://www.facebook.com/share/p/TabssQGfT1Rz3VsP/

သုံးသပ်ချက်

အောက်တိုဘာလအတွင်း ဘောလခဲခရိုင်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်အကျအဆုံးလည်းရှိသလို တော်လှန်ရေးတပ်ဖက်ကလည်း စခန်းကုန်းနှစ်ခုကို သိမ်းပိုက်ရရှိထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်သလို တော်လှန်ရေးတပ်ဖက်က အများအပြားသေဆုံးတာမဟုတ်ဘဲ ဝါဒဖြန့်အမှားသာ ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဘောလခဲခရိုင်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်ရေးပြုလုပ်နိုင်ခြင်းမရှိတော့ဘဲ ၎င်းတို့တပ်စခန်းမှာသာ ကျန်ရှိနေတော့တာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း စစ်ရေးရှုံးနိမ့်ပြီး စခန်းကုန်းနှစ်ခုကို ဆုတ်ခွာရတာကြောင့် ၎င်းတို့တပ်သား စိတ်ဓါတ်စစ်ဆင်ရေးမကျရှုံးအောင် သတင်းအမှားတွေနဲ့ဝါဒဖြန့်ချိနေကြောင်း သုံးသပ်မိပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

#MFCN #Factcheck #Ktimes #ဘောလခဲBPDF #တိုက်ပွဲ

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .