ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်
Share:FacebookX

ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်

ကျောက်မဲမှာ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဟု လိမ်လည်ဝါဒဖြန့်

သျှမ်းသံတော်ဆင့်၊ The Red Flag၊ အောက်တိုဘာလ ၁၅ ရက်

သျှမ်းပြည် ကျောက်မဲမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးကာ သတ်ဖြတ်နေကြောင်း လိမ်လည်လှည့်ဖြား ဝါဒဖြန့်ချိနေသည်။ 

Subscriber ၅၇,၀၀၀ ကျော်ရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် “ဘညွှန့်” ချန်နယ်မှ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “ပလောင်တွေက ပဒပ်တွေကို တိတ်တဆိတ်ဖမ်းပြီး လည်လှီးသတ်နေတယ်” ဟု (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့သည်။

ထိုလိမ်လည်ဝါဒဖြန့် သတင်းကို ကြည့်ရှုသူပေါင်း ၃၃,၀၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များပါ ဖြန့်ဝေထားကြသည်။

မူးရင်းလင့်ခ် – https://archive.ph/qeqkm

ဆက်စပ်သတင်းအမှားလင့်ခ် – https://archive.ph/bgsIN

Myanmar Fact-checking Network အဖွဲ့ဝင် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးကြည့်သည့်အခါ လုပ်ကြံဖန်တီးရေးသားထားသည့် လိမ်လည်လှည့်ဖြား ဝါဒဖြန့်သတင်းဖြစ်သည််ကို တွေ့ရသည်။  

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေက “ TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေ” ဟုဆိုပြီး ဖြန့်ချိထားသည့် အကြောင်းအရာတွင် ခိုင်လုံသည့်သက်သေ အထောက်အထားဖြင့် ဖော်ပြထားခြင်းမရှိပါ။ 

ယင်းအကြောင်းအရာနှင့် ပတ်သက်၍ ကျောက်မဲမြို့ခံတွေကို ဆက်သွယ်မေးမြန်းကြည့်ရာ၌လည်း အဆိုပါသတင်းကိုမကြားရကြောင်း ဖြေကြားထားသည်။ 

TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းသတ်ဖြတ်နေသည့် ကိစ္စနှင့် ပတ်သက်၍ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကိုဆက်သွယ်မေးမြန်းခဲ့ရာ“ ကျနော်တို့ မကြားမိပါဘူး” ဟု ပြန်လည်ဖြေကြားသည်။

ထိုကိစ္စနှင့် ပတ်သက်၍  TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်တလောတွင် ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

ထို့အတူ ဒေသတွင်း သတင်းဌာနနှင့် လွတ်လပ်သည့် သတင်းဌာနများတွင် ဤအကြောင်းအရာအား ယခုတိုင်ဖော်ပြထားခြင်းမရှိသေးပေ။

သုံးသပ်ချက်

သတင်းအမှားဖြန့်ချိသူတွေက “TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေ” ဟုဆိုပြီး ပြောဆိုထားသည့် အကြောင်းအရာမှာ ဝါဒဖြန့်ချိလှည့်ဖြားခြင်း ဖြစ်သည်။

TNLA က PDF တပ်ဖွဲ့အား တိတ်တဆိတ်ဖမ်းဆီးသတ်ဖြတ်နေဆိုသည့် ဖော်ပြချက်က  အချက်အလက် ခိုင်မာမှုမရှိဘဲ တော်လှန်ရေးတပ်သားစု အချင်းချင်းကြား ပဋိက္ခဖြစ်ပွားစေရန် ရည်ရွယ်ချက်ဖြင့် လုပ်ကြံဖန်တီးရေးသားခြင်း ဖြစ်သည်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာများမှာ သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။

သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box မှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားသည့် သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားသည် လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .