သံတွဲမှာ အေအေ စစ်သည်တွေ ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ် ဆိုတဲ့ သတင်းအမှား
Share:FacebookX

သံတွဲမှာ အေအေ စစ်သည်တွေ ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ် ဆိုတဲ့ သတင်းအမှား

 

အောက်တိုဘာ ၇ – Arakan Express News/ The Red Flag 

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ပြည်သူတွေ စစ်ရှောင်တွေ မရှိဘဲ အေအေ စစ်သည်တွေသာရှိပြီး ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ်လို့ အောက်တိုဘာ ၁ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၄၅,၇၀၀ ကျော်ရှိတဲ့ Min Chit Oo အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ ” သံတွဲမှာ အေအေ ဘဲရှိတော့တာလေ။ ဘယ်တိုက်ပွဲရှိလို့ ဘာစစ်ကိုရှောင်နေတာလဲ။ မင်းတို့ဆိုသည်မှာလည်း

အကစ်မခံရနဲ့ ကစ်ခံရတာနဲ့ အေအေ ကနေ စစ်ရှောင်ဖြစ်ကုန်ရော” ဆိုပြီး ဝါဒဖြန့်ချိရေးသားခဲ့ပါတယ်။

Min Chit Oo တယ်လီဂရမ်ချန်နယ်ရဲ့ အဲ့ဒီဖော်ပြချက်ဟာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၉,၆၀၀ ကျော်၊  like and react လုပ်သူ ၂၀၃ ဦး ကျော်ရှိပါတယ်။

သတင်းအမှားလင့်ခ်  https://archive.md/UCEI5

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ အဆိုပါသတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက် 

ရခိုင်ဒေသတွင်း သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ စစ်ကောင်စီက ဗုံးကြဲခဲ့တဲ့ နေရာဟာ ညောင်ခြေထောက်ကျေးရွာဖြစ်ပြီး ရေလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။ သံတွဲမြို့ကို စစ်ကောင်စီက အေအေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အချိန်က ဗုံးကြဲခြင်းမရှိခဲ့ဘဲ လက်ရှိ တိုက်ပွဲတစ်စုံတရာ ဖြစ်ပွားခြင်းမရှိချိန်မှသာ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“အဲ့ဒီ ဘုန်းကြီးကျောင်းမှာ ဆင်ခေါင်း၊ ရွှေလှေ၊ သပြုချိုင်တောင်ပေါ် တို့မှ စစ်ရှောင်တချို့ နေထိုင်နေတာဖြစ်ပါတယ်။ စားရေးသောက်ရေးအတွက် ခက်ခဲနေတဲ့ကြား အခုလို ဗုံးကြဲခံရတာက စစ်ရှောင်တွေ အတွက် ပိုပြီးဒုက္ခရောက်စေတယ်” လို့  ဒေသခံတစ်ဦးရဲ့ ပြောကြားချက်ကို နိရဉ္စရာ သတင်းဌာနက ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/a4KH5zLFYyCPytZY/

သံတွဲမြို့နယ် ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းနဲ့ သေဆုံးသူမှာ ဦးအောင်နိုင်သူ နဲ့ ဒဏ်ရာရရှိသူမှာ ကိုမိုးတီဖြစ်တယ်လို့ Western News သတင်းဌာနက ဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/AJVcJWhRRNXTWsy4/

“သေတာက တစ်ယောက်၊ ဒဏ်ရာရတာ တစ်ယောက်ပါ။ အရပ်သားတွေ စစ်ရှောင်တွေ ခိုလှုံနေတာကို ဗုံးကြဲတယ်ဆိုတာက ပြည်သူထိခိုက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာလို့ပဲ မြင်တယ်” လို့ ဒေသခံ အမျိုးသမီးတစ်ဦးက DMG သတင်းဌာနကို ပြောထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/p6ajNjkovZFkf7wp/

သုံးသပ်ချက် 

ရခိုင်ဒေသတွင်း သတင်းဌာနတွေမှာ ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကို အောက်တိုဘာ ၁ ရက် ညနေ ၃ နာရီခွဲခန့်အချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သတင်းဖော်ပြထားကြပါတယ်။ ဒါ့အပြင် သံတွဲမြို့ ဆင်ခေါင်းကျေးရွာကို ဗုံးကြဲမှုကြောင့် ကလေးမိခင်တစ်ဦး၊ ကျောင်းဆရာတစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိတယ်လို့လည်း သိရပါတယ်။ 

ဒါကြောင့် သံတွဲမြို့မှာ ပြည်သူတွေ စစ်ရှောင်တွေ မရှိဘဲ အေအေ စစ်သည်တွေသာရှိပြီး ဗုံးကြဲခံရပါက စစ်ရှောင်တွေလို့ လိမ်လည်ဖော်ပြနေတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။ 

တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ဒေသမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှုန်းတွေဟာလည်း ဆက်လက်မြှင့်တက်လျက်ရှိနေပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်၊ နံနက်အစောပိုင်းမှာလည်း သံတွဲမြို့ရှိ စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ မြို့တော်ခန်းမနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးရုံး တို့ကို လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ဘေးရှောင် ၁၄ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၄ ဦးရှိခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ ရခိုင်ဒေသရဲ့ စစ်ရေးအခြေအနေအမှန်တွေကို ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက သတင်းတု၊ သတင်းမှားတွေ ဖန်တီးကာ သတင်းအမှောင်ချဖို့ ဝါဒဖြန့်ချီရေးသားနေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .