ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်
Share:FacebookX

ဘုတလင်တိုက်ပွဲတွင် ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများ အသတ်ခံရဟု စစ်တပ်ထောက်ခံသူများ သတင်းအမှားဖြန့်

By Wadi- Myanmar Pressphoto Agency/ The Red Flag

စစ်ကိုင်းတိုင်း အောက်ချင်းတွင်းခရိုင် ဘုတလင်မြို့တိုက်ပွဲအတွင်း ဖမ်းဆီးခံလိုက်ရသည့် စစ်သုံ့ပန်းများ အားလုံး အသတ်ခံလိုက်ရပြီဆိုသည့် သတင်းအမှား ၂၀၂၄ အောက်တိုဘာ ၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ် လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ စက်တင်ဘာ ၃ ရက် မွန်းလွဲ ၁ နာရီ ၁၃ မိနစ်တွင် “ မနခ၊ ဘုတလင် ဖမ်းခံရစစ်သည်တွေအကုန် သတ်ခံလိုက်ရပါပီ၊ စစ်ကြောင်းမထွက်သေးဘူး ဟိုဖုန်းဆက်ဒီဖုန်း ဆက်နဲ့ လုပ်ကြတာ။ နမခတိုင်းတပ်ဆိုရင် တိုင်းထဲမှာ အညံ့ဖျင်းဆုံး၊ ဖရဲသီးဆုံး၊ တပ်မိသားစုထဲမှာ PDF အများဆုံး” ( မူရင်းရေးသားချက်အတိုင်း ) ဟု သေဆုံးစစ်သားများ၏ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။

စက်တင်ဘာ ၃ရက် မွန်းလွဲ ၄ နာရီ ၃၄ မိနစ်တွင် “ ခမရ ၁၀၆၊ ရွာသားတွေရှေ့မှာ ဖမ်းမိတွေတန်းစီပြီး ပစ် သတ်ပြတဲ့သူတွေက 96ဇေယျာလိမ်နဲ့ ဘုတလင်သားPDF အောင်ကျော်တိုပါ။”ပြည်သူ့ရင်ခွင်ခိုလှံရင် ဘယ် လိုနေကြရတယ်၊ စစ်အာဏာရှင်ခိုင်းသမျှလုပ်ရင် ဒီလိုသေရမယ်ကွ” ပြောဆိုပြီး ပက်ပက်စက်စက်လုပ် ထားတာနော်” ( မူရင်းရေးသားချက်အတိုင်း ) ဟု သေဆုံးစစ်သားများ၏ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။

အဆိုပါအကြောင်းအရာများကို ၂၀၂၄ စက်တင်ဘာ ၄ ရက် မွန်းတည့် ၁၂နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၁၇,၂၀၀ ကျော်၊ Reaction ပေးသူ ၃၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၁၀၀ ကျော် ရှိသည်။

မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/qsJos
https://archive.ph/LKrEM

Truth Media၏ ဖြန့်ဝေမှုကို “Snow Queen, Ye Yint Htet (#yyh), သတင်းမှန်ဖောင်းကားစားဖိုးကဲကြီး” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြ ခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသာ သတင်းအမှားလင့်ခ်များ >>>
Snow Queen – https://archive.ph/Fkcz4
Ye Yint Htet ( #yyh ) – https://archive.ph/BJZMg
သတင်းမှန်ဖောင်းကားစားဖိုးကဲကြီး – https://archive.ph/tN85B

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသာ သတင်းဓာတ်ပုံများနှင့်ပတ်သက်၍ Google Reverse Image Search ဖြင့် ရှာဖွေကြည့်သည့်အခါ MFP နဲ့ People’s Springတို့တွင် တင်ထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။

MFP – https://shorturl.at/6cFFL
People’s Spring – https://shorturl.at/Juuka

Google တွင် “ဘုတလင် စစ်အုပ်စုအလောင်း ၃၀ ကျော်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “RFA, Mizzima, MPA” နှင့် အခြားမီဒီယာများတွင် သတင်းရေးထားသည်ကို တွေ့ရသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၃၀ ရက်က ဘုတလင်မြို့နယ် ကူတော်ရွာတွင် ရှိသည့် စစ်ကောင်စီအ ခြေချစခန်းမှ ထွက်ခွာလာသည့် စစ်ကြောင်းကို မဟာမိတ်ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး၊ သုံ့ပန်း ၄၀ ကျော် နှင့် လက်နက်ခဲ ယမ်းများသိမ်းယူနိုင်ခဲ့ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်က လေးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဖမ်းမိထားသည့်စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း၊ တိုက်ပွဲအတွင်းသေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များ ၏ ရုပ်အလောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သင်္ဂြိုဟ်ပေးခဲ့ကြောင်း ရေးသားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://shorturl.at/e4AEX
Mizzima – https://shorturl.at/xuxDp
MPA – https://shorturl.at/OPWbf

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အောက်တိုဘာ ၃ ရက် တွင် စက်တင် ဘာ ၃၀ ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ပြန်လာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေး တပ်မတော် နှင့် ပူးပေါင်းတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း ရန်သူ့ဘက်က သေဆုံးသူ ၃၃ ဦး ၊ စစ်သုံ့ပန်း ( ၄၃ ) ဦး၊ လက်နက်မျိုးစုံ ( ၅၆ ) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရမိခဲ့သည်ဟု တိုက်ပွဲသတင်း ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/vd2f3

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စက်တင်ဘာ ၃၀ ရက်က ဘုတလင်သို့ပြန်လာသော စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော် သေဆုံး၊ ၄၀ ကျော် ဖမ်းမိခဲ့ကြောင်း၊ သေဆုံးစစ်သည်များကို PDF များက သင်္ဂြိုဟ်ပေးခဲ့ပြီး၊ စစ်သုံ့ပန်းများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ရေးသားထားသည်။
ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများကို သတ်ပစ်လိုက်ခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင် ဖော်ပြထား ခြင်းမရှိပေ။

ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော “ ဘုတလင် တိုက်ပွဲအတွင်း ဖမ်းမိထားသော စစ်သုံ့ပန်းအားလုံးကို သတ်ပစ်လိုက်ပြီ” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါစစ်ဆေးတွေ့ရှိချက်များသည် အောက်တိုဘာ ၄ ရက် မွန်းတည့် ၁၂ နာရီအထိ စစ်ဆေးတွေ့ရှိ ထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .