ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ် ဆိုတဲ့ သတင်းအမှား
Share:FacebookX

ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ် ဆိုတဲ့ သတင်းအမှား

အောက်တိုဘာ ၁ – AEN/TRF

ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ်လို့ စက်တင်ဘာ ၂၆ ရက် က စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၅၆,၂၀၀ ကျော်ရှိတဲ့ ဘညွှန့် အမည်ရှိ တယ်လီဂရမ်ချန်နယ်ဟာ “အေအေကတိုက်ယူရထားတဲ့ တပ်စခန်းတွေမှာ အေအေတွေ နေတယ်
အခု အေအေတွေ နေတဲ့ နေရာကို အာဆာ က တိုက်တယ်။ ဒီဖြစ်စဥ်တွေက ရိုးသားမှုရှိရဲ့လား။ မလိမ့်တစ်ပတ်နဲ့ အေအေနဲ့ အာဆာပေါင်းပြီး တိုင်းပြည်ရဲ့ မြေပုံကို ဖဲ့ယူနေတာ။ လူအများက ရှမ်းပြည်ဖက် အာရုံရောက်ချိန်မှာ အနောက်တံခါးကနေ တိုင်းပြည်ကို ခိုးဖဲ့ယူဖို့ လုပ်နေကြတယ်” လို့ ဝါဒဖြန့်ချီရေးသားခဲ့ပါတယ်။

ဘညွှန့် တယ်လီဂရမ်ချန်နယ်ရဲ့ ဖော်ပြချက်ဟာ အောက်တိုဘာလ ၁ ရက် ညနေပိုင်းအထိ ကြည့်ရှုသူ ၁၆,၀၀၀ ကျော်၊ like and react လုပ်သူ ၄၉၂ ကျော်ရှိပါတယ်။

သတင်းအမှားလင့်ခ် https://archive.md/mSc4K

တယ်လီဂရမ်ချန်နယ်မှာ ပျံ့နှံ့နေတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး Myanmar Fact- Checking Network ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ Arakan Express News က အချက်အလက်စစ်ဆေးခဲ့ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

ရခိုင်ဒေသတွင်း သတင်းဌာနတွေမှာ အာဏာသိမ်းစစ်တပ်ဟာ အေအေကို တိုက်ခိုက်ဖို့ အာဆာနဲ့ ပူးပေါင်းခဲ့တယ်လို့ မေလ ၁၇ ရက်တွင် လက်နက်ချ အညံ့ခံထားတဲ့ စစ်ကောင်စီရဲ့ ဘူးသီးတောင် တပ်ရင်းမှူးဟောင်း ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဩဂုတ်လ ၂၄ ရက်က ၀န်ခံပြောဆိုထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://burmese.narinjara.com/local-news/detail/66c92f5472c2d5629c729d31

“ဒီအကြောင်းအရာက ဖြစ်နိုင်ချေမရှိတဲ့ သတင်းအမှားပါ။ လက်ရှိမှာ အေအေဘက်က စစ်ကောင်စီအပါအဝင် စစ်ကောင်စီနဲ့ပူးပေါင်းထားတဲ့ အာဆာ၊ အာအက်စ်အိုနဲ့ အေအာရ်အေ တပ်ဖွဲ့တွေကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အမြစ်ပြတ်ချေမှုန်းသွားမယ်လို့ ထုတ်ပြန်ထားတဲ့အပြင် အာဆာ၊ အာအက်စ်အို တပ်ဖွဲ့၀င်တွေရဲ့ ရုပ်အလောင်းတွေနဲ့ အရှင်ဖမ်းဆီးရမိတာတွေကိုလည်း အေအေဘက်က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေက မှတ်တမ်းဓာတ်ပုံတွေနဲ့ ရုပ်သံတွေမှာကြည့်ရင် တွေ့ရမှာပါ” လို့ ဘူးသီးတောင်မြို့က ရိုဟင်ဂျာ ဒေသခံတစ်ဦးက AEN သတင်းဌာနကို ပြောပါတယ်။

“မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်ရရှိဖို့အတွက် မောင်တောမြို့အတွင်း ကစဉ့်ကလျားထွက်ပြေးပြီး တိုက်တာအဆောက်အအုံ၊ လူနေအိမ်အချို့မှာ အယောက်ကျ ထွက်ပြေးပုန်းခို လွတ်မြောက်နေသေးတဲ့ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့၊ သူတို့သင်တန်းပေးထားတဲ့ မူဆလင်အကြမ်းဖက် အချို့ နဲ့ အာဆာ၊ အာအက်စ်အိုနဲ့ အေအာရ်အေ အစရှိတဲ့ မူဆလင်အကြမ်းဖက်လက်နက်ကိုင်တွေကို လိုက်လံရှင်းလင်းလျက်ရှိတယ်” လို့ အာရက္ခတပ်တော် အေအေက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက်အပြည့်အစုံကို ဖတ်ရန် လင့်ခ် – https://t.me/aainfodesk/1084

“ကျနော်တို့က စစ်သင်တန်းလည်း မတက်ချင်ဘူး။ စစ်သင်တန်းမတက်ချင်လို့ တိမ်းရှောင်နေရင်လည်း ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို လိုက်ဖမ်းပါတယ်။ ကျနော်တို့မှာ ငြင်းပယ်လို့မရ၊ သွားစရာလမ်းလည်း မရှိသလို ပြေးဖို့နေရာလည်း မရှိပါဘူး။ သူတို့လိုအပ်ရင် လိုအပ်သလို ကျနော်တို့ကို အသုံးချနေတာ” လို့ ဒါးပိုင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦး DMG သတင်းဌာနကို ဆိုပါတယ်။

သတင်းအပြည့်အစုံကို ဖတ်ရန် လင့်ခ် – https://www.facebook.com/share/p/7xQDE2jR7GETC56U/?mibextid=oFDknk

သုံးသပ်ချက်

ရခိုင်ပြည်မှာ အေအေနဲ့ အာဆာတပ် တိုက်ပွဲဖြစ်ပွားချင်ဟန်ဆောင်ပြီး မြန်မာနိုင်ငံနယ်နမိတ်ကို ဖဲ့ယူနေတာကြောင့် သတိထားသင့်တယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပါတယ်။

အမှန်တကယ်မှာတော့ ရခိုင်စစ်မြေပြင်မှာ စစ်ရေး ရှုံးနိမ်နေတဲ့ စစ်ကောင်စီဟာ သူတို့အင်အားဖြည့်တင်းဖို့အတွက် မွတ်ဆလင်တွေကို အတင်းအဓမ္မ ဖိအားပေး စစ်မှုထမ်းခေါ်ယူပြီး အေအေနဲ့ တိုက်ပွဲတွေမှည အသုံးချနေတာသာ ဖြစ်တယ်လို့ စိစစ်တွေ့ရှိရပါတယ်။

စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ဂွ မြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနဲ့အတူ မြေပြင်မှာ နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။ စစ်ရေးနိမ့်နေတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုများတွေဟာလည်း လစဉ်တိုးလာလျက်ရှိနေပါတယ်။

ဒီလိုအခြေအနေတွေကြားမှာ စစ်ရေးအခြေအနေအမှန်တွေကို ဖုံးလွှမ်းချင်တာကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက အေအေနဲ့ အာဆာ ပူးပေါင်းပြီး မြန်မာနိုင်ငံမြေပုံကို ဖဲ့ယူနေတာလို့ ဝါဒဖြန့်ချီရေးသားနေတာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင် Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Arakan Express News ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .