ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု
Share:FacebookX

ကြွယ်ပုံကျေးရွာဖြစ်စဉ်ကို နိုင်ငံခြားသတင်းဌာနက သတင်းကြေညာဟုဆိုသည့် အယောင်ဆောင်တင်ဆက်မှု

By MPA+KTT- The Red Flag

စစ်ကိုင်းတိုင်း၊ ကြွယ်ပုံကျေးရွာရှိ အမျိုးသမီးများကို PDF များ သတ်ဖြတ်ကြောင်း နိုင်ငံခြားသတင်းဌာနတစ်ခု က ကြေညာဟုဆိုသည့် အယောင်ဆောင် သတင်းတင်ဆက်ချက်က စက်တင်ဘာ ၂၀ ရက်တွင် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့ခဲ့သည်။

Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် Ko Thet တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၀ ရက် ညပိုင်းက နိုင်ငံ ခြားသားတစ်ဦး သတင်းကြေညာထားသည့် ရုပ်သံကို အသုံးပြု၍ “ ၂၀၂၄ စက်တင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်း တိုင်း၊ ကြွယ်ပုံရွာမှ အမျိုးသမီးများကို PDF များက အစုလိုက်အပြုံလိုက်သတ်ဖြတ်ကြောင်း ကြေညာ” (မူရင်း ရေးသားချက်အတိုင်း) ဟု‌ ရေးသားဖော်ပြခဲ့ သည်။

Ko Thet တယ်လီဂရမ်ချန်နယ်၏ ဖြန့်ဝေရေးသားမှုကို စက်တင်ဘာ ၃၀ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၂၈၀၀၀ ကျော်၊ Like and react ပေးသူ ၃၅၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များနှင့် တစ်တော့ခ် အကောင့်တချို့က ကူးယူဖော်ပြခဲ့ကြသည်။

သတင်းအမှားလင့်ခ်များ

Ko thet – https://archive.ph/RCkh4

Ko Chit (MDY)- https://archive.ph/U81dw

Nyan Myint – https://archive.ph/XczLO

တစ်တော့ခ်လင့်ခ်- https://archive.ph/6ZYgW

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPAနှင့် KTT တို့ပူးပေါင်းပြီး အချက်အလက် စစ်ဆေးရာ သတင်း အမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် ရုပ်သံကို InVID Video Verification Tools ကို အသုံးပြုပြီး ရလာသည့် Keyframe ကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ သတင်းကြေညာသူ၏
ရုပ်ပုံနှင့် ပုံစံတူဖန်တီးထားသည့် ရုပ်သံအတို တွေ့ခဲ့ရသည်။

သို့သော် ရုပ်သံတစ်ခုချင်းစီတွင် ပြောဆိုထားသည့် အကြောင်းအရာနှင့် ဘာသာစကားများ မတူညီကြောင်းတွေ့ရသည်။

သတင်းကြေညာသူတူညီသည့် ရုပ်သံဖိုင် များ https://shorturl.at/YViBb

– https://shorturl.at/9GbDo
– https://archive.ph/AksM3
– https://www.facebook.com/watch/?v=1937915636669044 https://archive.ph/wip/7oT4T
– https://www.youtube.com/watch?v=_r6BWcL0VSQ https://www.youtube.com/watch?v=kShF1C4FO4w

တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့်ရုပ်သံပါ လိုဂိုအမှတ်တံဆိပ်ကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ နိုင်ငံခြားသတင်းမီဒီယာတစ်ခုဖြစ်သော WION ၏အမှတ်တံဆိပ်ဖြစ်ကြောင်း တွေရသည်။

WION သတင်းမီဒီယာ၏ လူမှုကွန်ယက်စာမျက်နှာတွင် စက်တင်ဘာ ၂၈ ရက်အထိ မြန်မာနိုင်ငံရေဘေးအခြေနေနှင့် လားရှိုးမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက် ခိုက်မှုသတင်းအကြောင်းအရာများပါဝင်သော်လည်း ကြွယ်ပုံကျေးရွာသတင်းကို မတွေ့ရပေ။

သတင်းလင့်ခ်များ – https://shorturl.at/hLFYw
– https://shorturl.at/KF5kF

အဆိုပါသတင်းမီဒီယာ၌ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသည့်အတိုင်း နိုင်ငံခြား သား သတင်းကြေညာသူကို မတွေ့ရပေ။

WION သတင်းမီဒီယာလင့်ခ် – https://shorturl.at/ptGll

သုံးသပ်ချက်

စစ်ကိုင်းတိုင်း၊ကြွယ်ပုံရွာတွင် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်နေစဥ် ကောက်စိုက်ရန်လာသည့် အမျိုးသမီး ၁၂ ဦးပါသော ကားထိမှန်ခဲ့ပြီး ကားပေါ်ပါသူများ သေဆုံးခဲ့သည်။

ကြွယ်ပုံရွာနှင့် ပတ်သက်၍ နိုင်ငံခြားသတင်းမီဒီယာဖြစ်သော WION တွင်ဖော်ပြထားခြင်း မရှိသည့်အပြင် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသော သတင်းကြေညာသူသည် WION သတင်းမီဒီယာက သတင်းကြေညာသူမဟုတ်ကြောင်းတွေ့ရသည်။

ထို့ကြောင့်စစ်ကိုင်းတိုင်း၊ ကြွယ်ပုံရွာနှင့်ပတ်သက်ပြီး နိုင်ငံခြားသတင်းမီဒီယာ က ကြေညာဆိုသော အကြောင်းအရာသည် ပြုပြင်ဖန်တီးထားသည့် သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .