ထိုင်းမှာ လက်နက်တွေနဲ့ဖမ်းဆီးခံရတဲ့ ကရင်လူမျိုး ၃ဝ ဟာ PDF ဖြစ်နိုင်တယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

ထိုင်းမှာ လက်နက်တွေနဲ့ဖမ်းဆီးခံရတဲ့ ကရင်လူမျိုး ၃ဝ ဟာ PDF ဖြစ်နိုင်တယ်ဆိုတဲ့သတင်းအမှား

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စီစဝက်ဒေသက အမျိုးသားဥယျာဉ်တောထဲမှာ လက်နက်တွေနဲ့ စခန်းချနေထိုင်လို့ ဖမ်းဆီး ခံရတဲ့ ကရင်လူမျိုး ၃ဝဦးဟာ တနင်္သာရီတိုင်းက PDF တွေ ဖြစ်နိုင်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တချို့က ဖော်ပြနေကြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အထောက်အထား မရှိကြသူတွေဖြစ်ပြီး ထိုင်း ဒါမဟုတ် မြန်မာနိုင်ငံက ဖြစ်နိုင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောဆိုထားပါ။ ဒီသတင်းနဲ့ပတ်သက်လို တယ်လီဂရမ်ချန်နယ်တချို့ကတော့ ဖမ်းဆီးခံရသူတွေဟာ တနင်္သာရီမြို့နယ်၊ မောတောင်၊ ကြိမ်ချောင်း၊ သိမ်းခုနယ်က ကရင် PDF ဖြစ်တွေလို့ ဖော်ပြကြတာပါ။

အဲဒီလိုဖော်ပြချက်ကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ Truth Media က စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်ရေးသားဖြန့်ချိတာတွေ့ရပါတယ်။ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

Truth Media- https://t.me/Snowqueen1111233/30143

အဲဒီဖော်ပြချက်ကို နောက်ထပ် စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေဖြစ်တဲ့ နေပြည်တော် ၊ Khon Sai Oo တို့ကနေ ထပ်ဆင့်ကူးယူ ဖြန့်ဝေတာကိုလည်းအောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

Khon Sai Oo –https://t.me/wi969/12508
နေပြည်တော် – https://t.me/KKM28640/6675

ဖော်ပြထားတဲ့ တယ်လီဂရမ်ချန်နယ် သုံးခုစလုံးဟာ subscriber ပြုလုပ်ထားသူ နှစ်ထောင်ကျော်ကနေ သုံးသောင်းကျော် အကြားမှာရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ မြင်တွေ့ထားသူ လေးရာကျော်ကနေ တစ်သောင်းသုံးထောင်ကျော်အထိ ရှိပါတယ်။

အဲဒီဖော်ပြချက်တွေကို Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Delta News Agency နဲ့ Dawei Watch တို့ကနေ အချက်အလက်စိစစ်ကြည့်တဲ့အခါမှာ ထိုင်းမှာ ကရင်လူမျိုး ၃၀ကျော် လက်နက်တွေနဲ့ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ဟာမှန်ကန်ပေမယ့် တနင်္သာရီတိုင်းက PDF တွေ ဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲထားမှုဟာ မှန်ကန်မှုမရှိတဲ့တာတွေ တွေ့ရပါတယ်။

ဖမ်းဆီးခံရတာမှာ ကလေးငယ်တွေလည်းပါဝင်

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင် စီစဝက်ဒေသက အမျိုးသားဥယျာဉ်တောထဲမှာ ဆံရှည်ကရင်လူမျိုးတွေ လက်နက်တွေနဲ့ စခန်းချနေထိုင်နေတယ်လို့ တိုင်ကြားတဲ့အတွက် ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကရင်လူမျိုး အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁ဝ ဦးနဲ့ ကလေးငယ်ကိုးဦး ပါဝင်တယ်လို့ ဖော်ပြ ပါတယ်။ သူတို့နဲ့အတူသေနတ် ငါးလက်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဖုန်းစတဲ့ ဆက်သွယ်ရေးပစ္စည်းတွေနဲ့လည်း ဖမ်းမိခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ထိုင်း ဒါမှမဟုတ် မြန်မာနိုင်ငံက ဖြစ်နိုင်ကြောင်းနဲ့ အထောက်အထားမရှိလို့ အရေးယူထားတယ်လို့ ဆိုပါတယ်။

သူတို့ဟာ တောထဲမှာ စခန်းချပြီး ဘာသာရေးဂိုဏ်းတစ်ခုကဲ့သို့ ဖွဲ့စည်းထားကာ ဘာသာရေးခေါင်းဆောင်တစ်ဦးရဲ့ ထူးဆန်းတဲ့ ရိုးရာဓလေ့တွေကို လူအများ လက်ခံလာဖို့ အနီးအနားနေပြည်သူတွေကို ခြိမ်းခြောက်နေတယ်လို့ ရွာသားတွေက ပြောတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

အထက်ပါအကြောင်းအရာနဲ့ပတ်သက်လို့ Dawei Watch သတင်းဌာနက သတင်းဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

Dawei Watch- https://www.daweiwatch.com/14/09/2024/98040/

အလားတူ Myanmar Platform သတင်းဌာနကလည်း စက်တင်ဘာလ ၁၃ ရက်မှာ ဒီသတင်းအကြောင်းအရာကို ဖော်ပြခဲ့ပါတယ်။

ကန်ချနပူရီ အမျိုးသားဥယျာဉ်ထဲကို လက်နက်ကိုင်ဆောင်ပြီး တရားမဝင် ဝင်ရောက်လာတဲ့ ထူးဆန်းတဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံရှိတဲ့ စာရွက်စာတမ်းအထောက်အထားမဲ့ ကရင်လူမျိုး အဖမ်းခံရဆိုပြီး ရေးသားထားတာကို အောက်ဖော်ပြပါလင့် ဖတ်ရှုနိုင်ပါတယ်။

Myanmar Platform- https://www.facebook.com/share/p/ZWVrJb6FmkfB9UN7/?mibextid=xfxF2i

ကရင်သတင်းဌာနတစ်ခုဖြစ်တဲ့ Karen Information Center KIC ကလည်း ကရင်ရသေ့ဆိုသူနဲ့ နောက်လိုက် ၃၀ဦးတို့ဟာ ဥယျာဉ်ထဲ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှု၊ သစ်တောဖျက်ဆီးမှု၊ အမဲလိုက်တဲ့ တရားမဝင် လက်နက်ကိရိယာ ကိုင်ဆောင်မှုတွေနဲ့ ဖမ်းဆီးခံထားရတယ်လို့ ဖော်ပြပါတယ်။ KIC သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

KIC သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါ လင့်မှာကြည့်နိုင်ပါတယ်။

KIC – https://kicnews.org/2024/09/%E1%80%91%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%85%E1%80%BA%E1%80%90%E1%80%B1%E1%80%AC%E1%80%94%E1%80%9A%E1%80%BA%E1%80%99%E1%80%BC%E1%80%B1%E1%80%A1%E1%80%90%E1%80%BD%E1%80%84/

ထိုင်းသတင်းဌာနတွေဖြစ်တဲ့ The Nation, Kanchanaburi News, The Thaiger တို့က တွေမှာလည်း ဆံရှည်ရသေ့ အဆောင်အယောင် ခေါင်းဆောင်တစ်ဦး နဲ့ သူရဲ့နောက်လိုက်တွေ စုစုပေါင်း ၃ဝ ဦး အမျိုးသားဥယျာဉ်ထဲမှာဖမ်းမိတယ်လို့ ဖော်ပြကြပါတယ်။ ထိုင်းသတင်းဌာနတွေက ဖော်ပြချက်ကို အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

The Nation- https://www.nationthailand.com/news/general/40041445
The Thaiger-https://thethaiger.com/hot-news/crime/cult-in-sri-nakarin-dam-park-arrested-for-travel-document-scam

တနင်္သာရီမြို့နယ်က ကြိမ်ချောင်း၊ သိမ်းခုန်၊ မောတောင်နယ်မှာ ရှိတဲ့ PDF တွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး တနင်္သာရီဒေသမှာ စစ်ရေးလှုပ်ရှားနေတဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ က တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းရာမှာတော့ PDF တွေ ထိုင်းမှာဖမ်းဆီးခံရတဲ့ ဖြစ်စဉ် မရှိဘူးလို့ ဖြေကြားပါတယ်။

“သိမ်းခုန်ကနေ မောတောင်အထိက PDF တွေ အခြေချလှုပ်ရှားတဲ့နေရာ မဟုတ်ဘူး။ KNLA နဲ့ ကော်သူးလေအာမီတို့ရှိတဲ့ ‌နေရာပါ။ စစ်ဆင်ရေးရှိမှ မဟာမိတ်အနေနဲ့ PDF တွေက သွားကြတာပါ။ အခုလည်း အဲဒီဘက်စစ်ဆင်ရေးလည်း မရှိလို့ နယ်မြေကိုလွှတ်ထားတဲ့ တပ်ဖွဲ့ဝင်တွေလည်း မရှိပါဘူး။ မဟာမိတ်အဖွဲ့တွေမှာလည်း အခုလို အဖမ်းခံရတဲ့ ဖြစ်စဉ်မျိုး မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

စိစစ်တွေ့ရှိချက်

ကန်ချနပူရီ အမျိုးသားဥယျာဉ်ထဲမှာ တရားမဝင် အခြေချနေထိုင်လို့ ကရင်လူမျိုး ၃၀ ကျော် ဖမ်းဆီးခံရတယ်ဆိုတာ မှန်ကန်ပါတယ်။ ဒါပေမဲ့သူတို့ဟာ PDF ဖြစ်တယ်ဆိုတဲ့ သက်သေ တစ်စုံတစ်ရာမတွေ့ရပါဘူး။

ဖမ်းဆီးခံရသူရဲ့ သုံးပုံတစ်ပုံက ကလေးငယ်တွေဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှာ ကလေးငယ် အများအပြားကို အခုလို စုထားဖို့ဆိုတာ မဖြစ်နိုင်သလို PDF တွေ ထိုင်းနိုင်ငံဘက်မှာ အခြေချ နေထိုင်ဖို့ဆိုတာဟာလည်း ဖြစ်နိုင်ခြေ နည်းလှပါတယ်။

ဖမ်းဆီးရမိတယ်ဆိုတဲ့ လက်နက်တွေဟာလည်း အမဲလိုက်၊ တောင်ယာခုတ်၊ အိမ်ဆောက်ရာမှာ သုံးတယ်ဆိုတာကို သတင်းတချို့မှာ ဖော်ပြချက်အရ သိရပါတယ်။ ဒါ့အပြင် ဖမ်းဆီးခံရသူတွေဟာ ဘာသာရေးဂိုဏ်းသဖွယ်နဲ့ ထူးဆန်းတဲ့ ယဉ်ကျေးမှု ဓလေ့ရှိတဲ့ လူအုပ်စုတစ်ခုလို့ပဲ ထိုင်းနဲ့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြတာ တွေ့ရပါတယ်။

တနင်္သာရီမြို့နယ်မှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို မေးမြန်းကြည့်ရာမှာလည်း ထိုင်းဘက်မှာ PDF တွေ ဖမ်းဆီးခံရတာ မရှိသလို တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြတဲ့ နေရာဒေသဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ အခြေချနေထိုင်တဲ့ ဒေသမဟုတ်ဘူးလို့ဆိုထားပါတယ်။

ဒါကြောင့် ကန်ချနပူရီ အမျိုးသားဥယျာဉ်ထဲမှာ ဖမ်းဆီးခံရသူတွေဟာ PDF နဲ့ သက်ဆိုင်မှု မရှိတာတွေ့ရပါတယ်။ သေနတ်တွေနဲ့ ဖမ်းမိတဲ့ဆိုတဲ့သတင်းအပေါ် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက အချိန်ကိုက် ပုံမှားရိုက် သတင်းအမှား ဖြန့်ဝေတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

Truth Media ဟာ အရင်ကလည်း အခုလိုမျိုး သတင်းအမှားဖြန့်ဝေဖူးပါတယ်။ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်တဲ့ မြန်မာအလုပ်သမား ၁၇ ဦး ကန်ချနဘူရီမှာ ဖမ်းဆီးခံရတာကို PDF လို့ တံဆိပ်ကပ်ဝါဒဖြန့်ခဲ့တာပါ။ အဲဒီလို ဖြန့်ချိမှုအပေါ် Dawei Watch က အချက်အလက် စိစစ်ဖော်ပြခဲ့တာကို အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။

လင့် – https://www.daweiwatch.com/31/10/2023/66534/

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .