ရေဘေးသင့်မိဘများအား ကယ်ဆယ်နေသော လူငယ်တစ်ဦးကို PDF သတ်ဖြတ်ဟု စစ်ကောင်စီဝါဒ ဖြန့်သူများ သတင်းအမှားဖြန့်
Share:FacebookX

ရေဘေးသင့်မိဘများအား ကယ်ဆယ်နေသော လူငယ်တစ်ဦးကို PDF သတ်ဖြတ်ဟု စစ်ကောင်စီဝါဒ ဖြန့်သူများ သတင်းအမှားဖြန့်

By Wadi / MPA- The Red Flag

ပဲခူးတိုင်း ရေတာရှည်တွင် ရေဘေးသင့်နေသော မိဘများကို လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ် တစ်ဦးကို PDF များ ဖမ်းဆီးသတ်ဖြတ်ဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၆ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“ဘညွန့်” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၆ ရက် ညနေ ၅ နာရီ ၄၆ မိနစ်တွင် “ရေတာရှည်မြိုနယ် ရေဘေးဒုက္ခရောက်နေတဲ့ မိဘတွေကိုလာကယ်တဲ့ ဒေသခံလူငယ်ကို pdfတွေက ဖမ်းဆီးသတ်လိုက်ပါ တယ်”ဟု (မူရင်းရေးသားချက်အတိုင်း) PDF တပ်ဖွဲ့ဝင်များနှင့် လူငယ်တစ်ဦး ပါဝင်သော ဓာတ်ပုံနှင့်အတူ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၃နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၂၀,၀၀၀ ကျော်၊ Reaction ပေးသူ ၄၀၀ ကျော် ရှိသည်။

မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/O6XzO

အဆိုပါအကြောင်းအရာကို “Ko Thet ၊ BAK24News ၊ SittNweOo(မနောမြေ)” တယ်လီဂရမ်ချန်နယ် များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေ သည်။

တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/FaihT
BAK24News – https://archive.ph/m2XsP
SittNweOo(မနောမြေ) – https://archive.ph/xB3no

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေရာ Freedom Media ၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။

၂၀၂၄ စက်တင်ဘာ ၁၄ ရက် Freedom Media တွင် “ ပဲခူးတွင် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို PDF ရဲဘော်များပြုလုပ်”ဟူ၍ ရေဘေးကာကွယ်ရေးအတွက် ကြည့်ရှုစစ်ဆေးနေသော PDF ရဲဘော်များ၏ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/lWfiT

အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ရေတာရှည်ရေဘေး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေရာ “Than Lwin Times, Tachileik News Agency, People’s Spring” တို့၌ သတင်းရေးထားသည်။

လွတ်လပ်သောသတင်းမီဒီယာများတွင် စက်တင်ဘာ ၁၃ ရက်တွင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရေဘေး သင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေ‌ရင်း PDF တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ ကျဆုံးခဲ့သော PDF တပ်ဖွဲ့ဝင်သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း ဗျူဟာအမှတ် ၁၇ ကွပ်ကဲမျုအောက်ရှိ တပ်ရင်း ၉၀၁၌ တာဝန်ထမ်း ဆောင်နေသော ရဲဘော် Eagle ဆိုသူဖြစ်ကြောင်း၊ ရဲဘော် Eagle သည် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် အတွင်း ရေစီးထဲမျောပါသေဆုံးသွားခြင်းဖြစ်ကြောင်း ရေးသားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>
Than Lwin Times – https://shorturl.at/IckSd
Tachileik News Agency – https://shorturl.at/zGt64
People’s Spring – https://shorturl.at/24UN3

၂၀၂၄ ၊ စက်တင်ဘာ ၁၄ ရက် ၊ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်တွင် “ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသည့် ပြည်သူများကို ကူညီကယ်ဆယ် ရင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင် PDF တပ်မတော်သား(၁)ဦး အသက်စွန့်လွှတ် ပေးလှူခဲ့ရ ပါသည်” ဟု သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://shorturl.at/o466Y

သုံးသပ်ချက်

လွတ်လပ်သောသတင်းမီဒီယာများတွင် ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်နေရင်း PDF ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း ရေးသားထားသည်။ PDF များက ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ဒေသခံလူငယ်တစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ဟူ၍ ဖော်ပြ ထားခြင်း မတွေ့ရပေ။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ရေတာရှည်မြို့နယ်တွင် ရေဘေး ကယ် ဆယ်ရေးလုပ်ဆောင်နေရင်း ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရေဘေးကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နေသော PDF များ၏ဓာတ်ပုံကို အသုံးပြုကာ “ ရေဘေးသင့်မိဘများကို လာရောက်ကယ်ဆယ်သည့် ဒေသခံလူငယ်ကို PDF များက ဖမ်းဆီးသတ်ဖြတ်” ဆိုသော အကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။

အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၃နာရီအထိ စစ်ဆေးတွေ့ရှိထားသော အချက်အလက်များ ဖြစ်သည်။

အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .