စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား
Share:FacebookX

စစ်ကောင်စီ မီးရှို့ဖျက်စီးခဲ့သည့် ဆိုင်းတောင်(ဆိပ်မူ)ရွာကို KIAက ဒရုန်းဗုံးကြဲတိုက်ခိုက် ဟုဆိုသည့် သတင်းအမှား

By Wadi / MPA – The Red Flag

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် လုံခြုံရေးဆောင်ရွက်နေသော စစ်ကောင်စီများ ကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း မီးလောင်မှုဖြစ်ပွားဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၁၃ ရက်တွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၄ ၊ စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်တွင် “ KIA မှ Drop Bomb များ အသုံးပြုပြီး ဖားကန့် ဆိပ်မူရွာမှာ လုံခြုံရေးဆောင်ရွက်နေသည့် နေရာများအား ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာအတွင်း မီးလောင်မှုများ ဖြစ်ပွားလျက်ရှိပါတယ်”ဟု ( မူရင်းရေးသား ချကအတိုင်း” မီးလောင်မှုဖြစ်ပွားနေသော လူနေအိမ်ခြေများ၏ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။ အဆိုပါ အကြောင်းအရာကို ၂၀၂၄ ၊စက်တင်ဘာ ၁၇ ရက် ညနေ ၅ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၁၈,၂၀၀ ကျော်၊ Reaction ပြုလုပ်သူ ၅၀၀ ကျော် ရှိသည်။

မူရင်းသတင်းရေးသားထားသောလင့်ခ် >>> https://archive.ph/4bk3Q

အဆိုပါအကြောင်းအရာကို “ကိုနှင်းမောင်၊ Snow Queen၊ Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

တယ်လီဂရမ်တွင် ပျံ့နှံ့နေသောသတင်းအမှားလင့်ခ်များ >>>
ကိုနှင်းမောင် – https://archive.ph/eipLi
Snow Queen – https://archive.ph/7ztl3
Kyaw Swar – https://archive.ph/aHsn8

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေရာ “VOA ၊ Kachin News Group ၊ မြစ်ကြီးနားသတင်းဂျာနယ်” တို့၌ ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီ နေသည်။

လွတ်လပ်သော သတင်းမီဒီယာများတွင် တိုက်ပွဲများပြင်းထန်နေသည့် ကချင်ပြည်နယ် ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာကို စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့သဖြင့် ဆိုင်းတောင်(ဆိပ်မူ) ရွာရှိ လူနေအိမ်များ ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ကြောင်းဖော်ပြထား သည်။

ဆိုင်းတောင်(ဆိပ်မူ)ကျေးရွာအုပ်စုရှိ ဆိုင်းတောင်ရဲစခန်းကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး ဂျက်လေယာဉ် နှစ်စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ဆိုင်းတောင်ကျေးရွာ ရပ်ကွက် ၄ နှင့် အနီးတဝိုက်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား ပြည်သူများ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း၊ စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း Lucky Man Hotel ထဲ တွင်ရှိသော KIA နှင့် PDF တပ်များကို စစ်ကောင်စီက စစ်ကြောင်း သုံးခုဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ယခုကဲ့သို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုင်းတောင်(ဆိပ်မူ) ရွာ မီးလောင်မှုဖြစ်နေသော ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

သတင်းအပြည့်အစုံဖတ်ရန်
VOA – https://shorturl.at/xN824
Kachin News Group – https://shorturl.at/tWB3R
မြစ်ကြီးနားသတင်းဂျာနယ် – https://shorturl.at/iJPXx

အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ဆိုင်းတောင်ရွာ မီးလောင်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေ ရာ “Myanmar Now ၊ RFA ” တို့၌ သတင်းရေးထားသည်။

အဆိုပါ သတင်းမီဒီယာများတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ဆိုင်းတောင်(ဆိပ်မူ)ရွာတွင် စစ်ကောင်စီ နှင့် KIA, KPDF တို့ သီတင်းတစ်ပတ်ကြာ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက နေအိမ်များကို မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ စက်တင်ဘာ ၇ ရက် ဆိုင်းတောင်ရွာ ရပ်ကွက် ၄ ရှိ Lucky Men ဟိုတယ် ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းခဲ့ရာ KIA,KPDF များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာ ၁၂ ရက်တွင် ဆိုင်းတောင်(ဆိပ်မူ)ရွာရှိ ရဲစခန်းကုန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီက ဆိုင်းတောင်(ဆိပ်မူ) ရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး လူသေဆုံးမှုများ ရှိခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် Lucky Men ဟိုတယ်မှ ထွက်ခွာလာသည့် စစ်ကောင်စီ တပ်သားများက ရပ်ကွက် ၄ ရှိ နေအိမ်များကို ဆက်လက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၁၀၀ ခန့် မီး လောင်ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။

သတင်းအပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://shorturl.at/FLRVd
RFA – https://shorturl.at/0VL8B

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ Google Earth Pro တွင် ဆိုင်းတောင်(ဆိပ်မူ)ရွာကို ရှာဖွေရာ လတ္တီ ကျုနှင့် လောင်ဂျီကျု ကိုဩဒိနိတ်များ ရရှိခဲ့သည်။ ရရှိလာသော ကိုဩဒိနိတ်ဖြင့် မီးလောင်မှုများကို စစ်ဆေးအတည်ပြုနိုင်သည့် NASA ၏ Fire Information for Resource Management System (FIRMS )၌ ရှာဖွေကြည့်ရာ စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်များတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြသထားသည့် အနီရောင်အမှတ်အသား တွေ့ရှိရသည်။

စစ်ဆေးတွေ့ရှိထားသော သက်သေပြချက် >>>
Google Map – https://earth.google.com/web/search/25%c2%b033%e2%80%b254%e2%80%b3N+96%c2%b018%e2%80%b204%e2%80%b3E/@25.56517598,96.30031588,257.41442539a,1428.22100939d,35y,284.65516263h,0t,0r/data=CmcaORIzGXA9CtejkDlAIZu9fWdFE1hAKh8yNcKwMzPigLI1NOKAs04gOTbCsDE44oCyMDTigLNFGAIgASImCiQJRyJbNnGTOUARklTB2m6KOUAZEWXhMnwUWEAhTlJ1N-URWEBCAggBOgMKATA
FIRMShttps://firms.modaps.eosdis.nasa.gov/map/#d:2024-09-13;@96.28,25.57,14.00z

သုံးသပ်ချက်

လွတ်လပ်သောသတင်းမီဒီယာများတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ ဆိုင်းတောင်(ဆိပ်မူ) ရွာကို စစ် ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်းတောင် (ဆိပ်မူ) ရွာ ရပ်ကွက် ၄ တွင် နေအိမ်များမီးလောင်ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးခဲ့ကြောင်း၊ ဆက်လက်ပြီး စစ်ကောင်စီတပ်သားများက ရပ်ကွက် ၄ ရှိ နေအိမ်များကို ဆက်လက်မီးရှို့ခဲ့သဖြင့် နေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။

NASA ၏ FIRMS တွင်လည်း မီးလောင်မှုဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။
မီးလောင်မှု မှန်ကန်ကြောင်းတွေ့ရပြီး မီးလောင်မှုများကို KIA က ပြုလုပ်ခဲ့သည်ဟု သတင်းမီဒီယာများက ဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ဆိပ်မူကျေးရွာကို KIA က ဒရော့ဗုံးချတိုက်ခိုက်မှုကြောင့် ရွာရှိ နေအိမ်များ မီးလောင်ပျက်စီး” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီအထိ စစ်ဆေးတွေ့ရှိထားသော အချက်အလက်များဖြစ်ပါသည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .