လွိုင်လင်လေးမြို့မှာ KNDF အယောက် (၄၀)ကျော်အား လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

လွိုင်လင်လေးမြို့မှာ KNDF အယောက် (၄၀)ကျော်အား လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိတယ်ဆိုတဲ့သတင်းအမှား

ကန္တာရဝတီတိုင်း ( မ် ) / The Red Flag ( FactCheck News )

ရှမ်း-ကရင်နီနယ်စပ် လွိုင်လင်လေးမြို့နယ်အတွင်းတိုက်ပွဲမှာ KNDF အယောက် (၄၀)ကျော်အား လက်နက်ခဲယမ်းများနဲ့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ စက်တင်ဘာလ ၁၀ ရက်နေ့ကစပြီး ဝါဒဖြန့်ချိ နေပါတယ်။

Subscribers ၃သောင်းကျော်ရှိတဲ့ နေပြည်တော် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ ကယားလွိုင်လင်လေးမြို့တိုက်ပွဲမှာ ကရင်နီအကြမ်းဖက်များလူစုကွဲဆုတ်ခွာထွက်ပြေးရာ…
ပအိုဝ်းရွာကုန်းဆွတ်အရှေ့ဖက် တောင်ကြားလမ်းမှကားများ ချိန်းပတ်ပြီး ဆုတ်ပြေးလာသော ကရင်နီအကြမ်းဖက်(၄၀)ကျော်အား လက်နက်ခဲယမ်းများဖြင့် အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ ဒဏ်ရာရထားသူများပါတယ်။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေရေးသားထားပါတယ်။

နေပြည်တော် ချန်နယ်ရဲ့ ရေးသားဖော်ပြမှုကို စက်တင်ဘာလ ၁၇ ရက်နေ့အထိ ကြည့်ရှုသူ ၁သောင်း၁ထောင်ကျော်ရှိပြီး Like and react ပေးသူ ၂၀၀ ကျော်နဲ့ နဲ့ ကောမက်ရေးသားသူ ၈ ဦးရှိပါတယ်။ ထပ်ဆင့်မျှဝေသူနဲ့ အကြောင်းအရားအမှားတွေကို ဖြန့်ဝေမှုကလည်း များပြားနေပါတယ်။

နေပြည်တော် ဝါဒဖြန့်တယ်လီဂရမ်မူရင်းလင့်ခ် – https://archive.ph/7QIfO#selection-231.0-231.74

အလားတူ အဆိုပါ နေပြည်တော် ချန်နယ်ကနေ စက်တင်ဘာလ ၁၆ ရက်နေ့မှာလည်း KNDF အဖွဲ့တို့က လွိုင်လင်လေးတိုက်ပွဲမှာ တပ်မတော်သားများ ၊ PNO များ သေဆုံးဟု ဖော်ပြနိုင်ကြပြီး လမ်းဘေးမှာ သေဆုံးတဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ KNDF (၅၀၀) ကျော်ရဲ့ အလောင်းပြန်ကောက်ခြင်း ၊ နာရေးပြုလုပ်ခြင်းမရှိဘူးလို့ ထပ်မံ ဖြန့်ချိရေးသားထားပါတယ်။

အဲ့ဒီအကြောင်းကို ကြည့်ရှုသူ ၁၉၆၃၁ ဦးရှိပြီး ထပ်ဆင့်မျှဝေသူလည်း ရှိနေပါတယ်။
မူရင်းလင့်ခ် – http://archive.today/5kA9E

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ဝေနေတဲ့ လွိုင်လင်လေးမြို့မှာ KNDF အယောက် (၄၀)ကျော်အား လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိတယ်ဆိုတဲ့အကြောင်းအရာဟာ သတင်းအမှားဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

သတင်းစစ်ဆေးတွေ့ရှိချက်

စက်တင်ဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ လေးရက်ဆက်တိုက် တော်လှန်ရေးတပ်ဖွဲ့ဖက်ကနေ ကရင်နီ – ရှမ်းတောင် နယ်စပ်ရှိ စစ်ကောင်စီတပ်များ တပ်စွဲစခန်းချထားတဲ့ လွိင်လင်လေးမြိုတွင်းရှိ ကာကင်းစခန်းများ ၊ ကျောင်းကုန်း ၊ ကုန်းဆွတ် ၊ အောင်ပလ ၊ ကယန်းလေးတာဝါတိုင်ကုန်း စသည့်နေရာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ လွိုင်ကော်ဒေသပြည်သူ့ ကာကွယ်ရေးတပ် (Loikaw Local PDF) ၊ လွိုင်ကော်ပြည်သူ့ ကာကွယ်ရေးတပ်( Loikaw PDF) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ ရှမ်းတောင် အခြေစိုက်တပ်ဖွဲ့ စတဲ့တပ်ရင်းတွေ ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၀) ကျော်သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၃ ဦးဖမ်းမိသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဖက်က ဓါတ်ပုံနှင့်အတူ ထုတ်ပြန်ထားတာရှိပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

Loikaw Local PDF သတင်းထုတ်ပြန်ချက်လင့်ခ် – https://www.facebook.com/share/p/o87y3VhhwYXP61Pc/

KNDF သတင်းထုတ်ပြန်ချက်လင့်ခ် – https://www.facebook.com/share/p/zonqbqUF8G6t32BL/

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်ကို လွတ်လပ်သောသတင်းမီဒီယာတွေကနေ ကိုးကားရေးသားထားတာလည်း ရှိပါတယ်။ တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိတဲ့ သုံ့ပန်း ၃ ဦးဟာ စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းမှုကို ခံရပြီး ရှေ့တန်းပို့ဆောင်ခံရတဲ့သူတွေဖြစ်တယ်လို့ မဇ္ဈိမ သတင်းဌာနက ရေးသားထားပါတယ်။ ညောင်ရွှေ နဲ့ ဧရာဝတီတိုင်းက အတင်းအဓမ္မစစ်သားစုဆောင်းခံထားရသူများဖြစ်ကြောင်း Loikaw Local PDF က ပြောဆိုချက်ကို မဇ္ဈိမသတင်းဌာနက ရေးသားထားပါတယ်။

“တချို့လည်း မဲပေါက်ပြီး စစ်တပ်ထဲ မဝင်ချင်ဘဲ ဝင်ရတယ်။ ရှေ့တန်းရောက်တော့လည်း သူတို့ကို ရှေ့ကင်းပွိုင့်တွေမှာပဲထားတယ်။ နောက်ကိုပေးမလာဘူး။ နောက်မှာ အင်အားဘယ်လောက်ရှိတယ်ဆိုတာကို သူတို့မသိရတဲ့ ပုံစံမျိုးပေါ့။ ကင်းယူမယ်ဆို ကင်းတဲထဲကနေ မထွက်ရတာမျိုး ပြန်ကြားရတယ် သူတို့ကနေ” လို့ မဇ္ဈိမ သတင်းဌာနက ရေးသားထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ရှု့နိုင်ပါတယ်။

မဇ္ဈိမ သတင်းဌာနလင့်ခ် – https://www.facebook.com/share/p/yj9SYxeeTDiBjJzR/

အဆိုပါ အကြောင်းအရာနှင့် ပတ်သက်ပြီး လွတ်လပ်သော သတင်းမီဒီယာတွေက တင်ဆက်ထားတဲ့ သတင်းများကို ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဌာနဆက်စပ်လင့်ခ်များ

ကန္တာရဝတီတိုင်း ( မ် ) – https://www.facebook.com/share/p/V7cBMMHgA19yxtZK/
People’s Spring – https://www.facebook.com/share/p/14Tzqb4PQQ4qovgQ/
ဧရာဝတီ – https://www.facebook.com/share/p/Fx9tPg2ZS6VZmDuD/

စစ်ကောင်စီဝါဒဖြန့်တာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “စစ်ကောင်စီဖက်ကတော့ လွိုင်လင်လေးတိုက်ပွဲမှာ ၃၀ ကျော်ကျဆုံးတယ်ဆိုတာမှန်တယ်ပေါ့နော။ စစ်ကောင်စီဖက်ကတော့ ကျဆုံးတာကို နည်းသမျှနည်းအောင် ပြန်ပြီးတန်ပြန်ဝါဒဖြန့်တာပဲဖြစ်ပါတယ်။ စစ်ကောင်စီဖက်က ၃၀ ကျော်သေဆုံးတာကို ကျနော်တို့ဘယ်လိုအတည်ပြုလို့ရလဲဆိုတော့ ကျနော်တို့သိမ်းဆည်းရမိတဲ့လက်နက်က ၂၄လက်ရှိပါတယ်။ ပြီးတော့မှ စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆည်းထားနိုင်တယ်ပေါ့။ ဆိုတော့ စစ်ကောင်စီဖက်က လွိုင်လင်လေးတိုက်ပွဲမှာ ၃၀ ကျော် ကျဆုံးတာကတော့ မှန်ပါတယ်။စစ်ကောင်စီဖက်ကတော့ သူတို့ကျဆုံးမှုတွေကို ဖုံးကွယ်ဖို့အတွက် သူတို့ရဲ့တယ်လီဂရမ်ချန်နယ်တွေကနေ ပြန်ပြီးဝါဒဖြန့်တာပဲဖြစ်တယ်။” လို့ တုန့်ပြန်ပြောဆိုထားပါတယ်။

သုံးသပ်ချက်

လွတ်လပ်သောသတင်းမီဒီယာ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရ လွိုင်လင်လေးမြို့နယ်အတွင်း တိုက်ပွဲမှာ KNDF အယောက် (၄၀) သေဆုံးတာမဟုတ်ဘဲ စစ်ကောင်စီတပ်သားတွေသာ သေဆုံးတယ်ဆိုတာ တွေ့ရှိရပြီး စစ်ကောင်စီရဲ့ဝါဒဖြန့်ချန်နယ်တွေမှာ ဖော်ပြဖြန့်ချိနေတာဟာ သတင်းအမှားသာဖြစ်ပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေပေမယ့် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာတော့ သေဆုံးသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့ များဖြစ်သော PDF နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေသာဖြစ်ကြောင်း မကြာခဏ ဝါဒဖြန့်ချိနေလျက်ရှိပါတယ်။ ဒီလိုအကြောင်းအရာတွေနှင့် ပတ်သက်ပြီး သတင်းအမှားတွေကို အချက်အလက်စစ်ဆေးတဲ့အဖွဲ့ဝင်တွေ စစ်ဆေးထားတာတွေကို အောက်ဖော်ပြပါလင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

https://shorturl.at/xhJ8r / https://shorturl.at/CYxrs / https://shorturl.at/LYEd0

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

#FactCheck #MFCN #KTimes #Karenni #လွိုင်လင်လေး # KNDF #သေဆုံး

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .