ကယားPDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့ ဆိုသည့်သတင်းအမှား
Share:FacebookX

ကယားPDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းပြီး မီးရှို့ ဆိုသည့်သတင်းအမှား

17 September 2024 ၊ MPA / KTimes (Factcheck News )

ကယား PDF တွေက စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေက တန်ဖိုးရှိပစ္စည်းတွေကို ဖောက်ထွင်းခိုးယူပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းအမှားများ စက်တင်ဘာ ၁၀ရက်နေ့က တယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

Subscriber ၃၀,၀၀၀ ကျော်ရှိတဲ့ နေပြည်တော် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၁၀ ရက် ညနေ ၄နာရီကျော်မှာ ” ပထမအဆင့်မြိုတွင်းဘဏ်တွေကိုဓါးပြတိုက်လုယက်ကြဖိုပါ။ဒုတိယအဆင့်မှငါ့မရရေချိုးပြန်တဲ့PDFနဲ့EAOsအကြမ်းဖက်၊ကယားပဒက်တွေသူတိုကြောင့်စစ်ရှောင်သွားကြတဲ့ပြည်သူလူထုတွေရဲ့နေအိမ်တွေကတန်ဖိုးကြီးပစ္စည်းတွေကိုစိမ်ပြေနပြေဖောက်ထွင်းခိုးယူပြီးနေအိမ်တွေကိုမီးရှိဖျက်ဆီးတာပဲလုပ်သွားကြတာတဲ့ ” (မူရင်းရေးသားချက်အတိုင်း) ရေးသားဖော်ပြထားကြပါတယ်။

နေပြည်တော်တယ်လီဂရမ်ချန်နယ်ကရေးသားချက်ကို စက်တင်ဘာ ၁၄ရက်အထိ ကြည့်ရှုသူ ၂၆၀၀၀ ကျော်ရှိလာပြီး like and react လုပ်သူ ၁၂၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်တွေကလည်း မျှဝေခဲ့ကြပါတယ်။

သတင်းအမှားလင့်ခ်များ
နေပြည်တော် – https://archive.ph/V8AxS
Truth Media – https://archive.ph/KSDvS
Snow Queen- https://shorturl.at/J8bP8

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင်ပျံ့နေသည့် သတင်းအကြောင်းအရာနဲ့ပတ်သက်ပြီး ” Google ” မှာ “ကယားပြည်နယ် PDF “ဆိုတဲ့ စာသားနဲ့ ရိုက်ရှာကြည့်ရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသလို၊ People Spring /Shan News တို့ကရေးသားဖော်ပြထားကြပါတယ်။

KNDF ရဲ့ထုတ်ပြန်ချက်မှာ ” တိုက်ပွဲများအတွင်းတွင်သာမက တိုက်ပွဲငြိမ်သက်ချိန်များတွင်ပါ စစ်ကောင်စီတပ်ဖွဲ့များမှာ ၎င်းတို့ရောက်ရှိသည့် နေရာများအနီးရှိ ပြည်သူလူထု၏ နေအိမ်များအား အကြောင်းအရင်းမဲ့စွာ လိုက်လံမီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်လုပ်ဆောင်လျှက်ရှိပါသည်။ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များအား အကြောင်းအရင်းမဲ့စွာ ဖျက်ဆီးလုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့တော်လှန်ရေးတပ်များမှ တန်ပြန်တိုက်ခိုက် ချေမှုန်းလျှက်ရှိ” လို့ ဇူလိုင် ၂၇ ရက်ကရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ကျေးရွာအတွင်းစစ်ကြောင်းထိုးရာမှာလည်း ဒေသခံတွေရဲ့နေအိမ်ကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ စက်တင်ဘာလ ၃ ရက်နေ့မှာ KNDF က ထုတ်ပြန်ထားတာရှိပါတယ်။

မူရင်သတင်းလင့်ခ် – https://shorturl.at/H9No0

လွိုင်ကော်ဒေသခံတစ်ဦးကလည်း “ရပ်ကွက်ထဲဝင်လို့မရတော့တာ ဇူလိုလကတည်းက ပစ္စည်းပြန်သယ်မယ်ပြောတာလည်းမရဘူး။ လမ်းမကြီးလေးတစ်လျှောက်ဆို အကပ်ကိုမခံဘူး။ အိမ်မီးလောင်လို့ ပြန်ငြိမ်းချင်တာတောင် သေနတ်နဲ့လိုက်ပစ်ခံရတဲ့သူရှိတယ်။” လို့ မီးရှို့ဖျက်ဆီးခံရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပြောပါတယ်။

People Spring သတင်းမီဒီယာ မှာ “စစ်ကောင်စီတပ်သည် မင်္ဂလာ(ပိုးစာခြံ) ၊ ဈေးပိုင်း၊ ဒေါဥခူ ၊ ပန်ကန်း၊ မိုင်းလုံးရပ်ကွက်များ၌ တိုက်ပွဲအတွင်း မထိခိုက်သေးသည့်နေအိမ်များကို မီးရှို့နေကြောင်း သိရသည်။
“သုံးလေးရက်လောက်ပဲရှိဦးမယ်။အိမ် ၁၃ လုံးလောက်ပါသွားတယ်။အရင်က အကောင်းအတိုင်း ဘာမှ ပျက်စီးတာမရှိဘူး။ကရင်နီပူးပေါင်းတပ်တွေ အကာအကွယ် မရအောင်လို့ ပြန်သိရတယ်”ဟု အမည်မဖော်လိုသည့် လွိုင်ကော်မြို့ခံ က ပြောသည်။”လို့ ဇူလိုင် ၂၄ရက်က ရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://shorturl.at/e1x0A

Ayeyarwaddy Times သတင်းမီဒီယာ မှာ ” စစ်ကောင်စီသည့် ဇွန်လ ပထမပတ်မှ စတင်ကာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်အတွင်းသို့ အင်အား ဖြည့်ဝင်ရောက်လာခဲ့ကာ မိုင်းလုံး၊ ရွာတန်းရှည် စသည့် ရပ်ကွက်များအတွင်းရှိ အရပ်သား နေအိမ်များကိုလည်း ဖောက်ထွင်းဝင်ရောက်ခြင်းများ ပြုလုပ်ခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းများကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။” လို့ ဇူလိုင် ၂၉ ရက်ကရေးသားဖော်ပြထားပါတယ်။

မူရင်းသတင်းလင့်ခ် – https://shorturl.at/QAbPZ

သုံးသပ်ချက်

ကရင်နီပြည်နယ်မှာ PDF နဲ့ EAOတွေ​ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့ပေမယ့် မြေပြင်မှာ ပြည်သူနေအိမ်တွေကို မီးရှို့တာက စစ်ကောင်စီတပ်တွေသာဖြစ်တယ်လို့ လွတ်လပ်ပြီး သတင်းအချက်လက်တွေကိုအဆင့်ဆင့်အတည်ပြု​​ဖော်ပြနေတဲ့ သတင်းမီဒီယာတွေ မှာတွေ့ရပါတယ်။

ကရင်နီပြည်နယ်မှာ PDF တွေက ပြည်သူတွေနေအိမ်တွေကိုဖောက်ထွင်းခိုးယူပြီး နေအိမ်တွေကိုမီးရှို့တယ်ဆိုတဲ့ အကြောင်းအရာက သတင်းအမှားအကြောင်းအရာဖြစ်တာ ကိုတွေ့ရ​ပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီယာတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

#FactCheck #MFCN #KTimes #MPA #Kayah(Karenni)

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .