ပေါက်တောမှာ လေကြောင်းတိုက်ခိုက်လို့ AA တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

ပေါက်တောမှာ လေကြောင်းတိုက်ခိုက်လို့ AA တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်ဆိုတဲ့သတင်းအမှား

 

Dawei Watch၊ AEN ၊ စက်တင်ဘာ ၁၃

စစ်ကောင်စီတပ်ဟာ ခိုင်မာတဲ့သတင်းပေးချက်အရ ပေါက်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) ရဲ့ စစ်ကူလာတဲ့ စစ်သားတွေရှိတဲ့နေရာကို ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် နှစ်ရာကျော်သေဆုံးတယ်လို့ Min Chit Oo အမည်ရှိတဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ဝေပါတယ်။  

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်တဲ့ Min Chit Oo တယ်လီဂရမ်ချန်နယ်ဟာ subscriber လေးသောင်းခွဲကျော် ရှိပြီး အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၆၉,၁၀၀ ကျော်ရှိပါတယ်။ အဲဒီချန်နယ်က ဖြန့်ချိတဲ့သတင်းကို အောက်ဖော်ပြပါ လင့်ခ်မှာ ကြည့်နိုင်ပါတယ်။ 

https://archive.ph/QIVSI

ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ Arakan Express News တို့က အချက်အလက်စစ်ဆေးသူတွေက စစ်ဆေးကြည့်တဲ့အခါမှာ တစ်စိတ်တစ်ပိုင်း မှားယွင်းနေတဲ့ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

ပေါက်တောနဲ့ မောင်တောမှာ ဗုံးကြဲတိုက်ခိုက်ခံရ

စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၈ ရက်မှာ ပေါက်တောမြို့မှာရှိတဲ့ AA ရဲ့ စစ်သုံ့ပန်းထားတဲ့ အကျဉ်းစခန်းကို ဗုံးကြဲခဲ့ပြီး စက်တင်ဘာ(၉)ရက်မှာ မောင်တောမြို့နယ်ရှိ ကျေးရွာတွေကို ဗုံးကြဲခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနက ပေါက်တောမြို့နယ်၊ ရှင်ရွာအတွင်းရှိ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေ ဆေးကုသရေးစင်တာကို ဒီလ ၈ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် လူပေါင်း ၂၀ ခန့် သေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို အောက်ဖော်ပြပါ လင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 https://www.facebook.com/narinjara.info/posts/pfbid0wqWhdhdApLPcxretY969suc45hh4FG6SdsdEW739SGge14jbxV61nR7cYNyg8Qwol

အလားတူ AA ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း ရှင်ရွာကျေးရွာရှိ စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုသ ပေးနေတဲ့ နေရာတစ်နေရာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ ၁၀ ဦးအထိရှိခဲ့တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ပါတယ်။

AA ရဲ့ ထုတ်ပြန်ချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

https://t.me/aainfodesk/1073?single

အလားတူ မောင်တောမြို့နယ်၊ ၄ မိုင်၊ နယ်ခြားစောင့်စခန်းတပ်ခွဲ (၂) မှာ စစ်ပွဲအတွင်းဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေနဲ့ အကျဉ်းသားတွေကို ခေတ္တထိန်းသိမ်းထားတဲ့နေရာ စက်တင်ဘာလ ၉ရက်ညက လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာလည်း ဖမ်းဆီးထိန်းသိမ်းထားသူ ၅၀ ကျော် သေဆုံးသွားတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ AA ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကလည်း “အဲဒီဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်မှာ အကျဉ်းသားတွေနဲ့ စစ်သုံ့ပန်းတွေကို ယာယီထိန်းသိမ်းထားတဲ့နေရာကို ဗုံးသီးတည့်တည့်ထိမှန်ခဲ့တာရှိတယ်။ အဲဒီမှာ အကျဉ်းသား ၅၀ ကျော် ပွဲချင်းပြီးသေဆုံးပြီးတော့ အမြောက်အမြားဒဏ်ရာရရှိခဲ့တာရှိတယ်” လို့ Myanmar Now သတင်းဌာနမှာ ပြောကြားထားတာတွေ့ရပါတယ်။

Myanmar Now ရဲ့ သတင်းဖော်ပြချက်ကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ -https://www.facebook.com/share/p/U3vDTWwgvq1jq64z/?mibextid=qi2Omg

စိစစ်တွေ့ရှိချက်

စစ်ကောင်စီတပ်ဟာ ပေါက်တောနဲ့ မောင်တောမြို့နယ်တွေကို စက်တင်ဘာလ ၈ရက်နဲ့ ၉ရက်နေ့တွေမှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

ပေါက်တောမြို့နယ်က စစ်သုံ့ပန်းတွေနဲ့ အကျဉ်းသားတွေကို ဆေးကုသပေးနေတဲ့နေရာ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ အကျဉ်းသားတွေအပြင် အရပ်သားတချို့၊ အကျဉ်းစခန်း တာဝန်ရှိသူတချို့၊ ကျန်းမာရေးဝန်ထမ်းတချို့ သေဆုံးဒဏ်ရာ ရတာကို ဒေသတွင်းနဲ့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက် AA ရဲ့ ထုတ်ပြန်ချက်တွေ အရ သိရပါတယ်။ 

 ပေါက်တောမြို့နယ်ကို AA က ထိန်းချုပ်ထားပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာ မရှိတဲ့အတွက် စစ်ကူလာတယ်ဆိုတဲ့ ပြောဆိုချက်ဟာ ခိုင်မာမှု မရှိသလို စစ်ကူလာတဲ့ AA စစ်သားတွေ ရှိတဲ့နေရာကို စစ်ကောင်စီက ထိမှန်အောင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် နှစ်ရာကျော် သေဆုံးသွားတယ်ဆိုတာဟာလည်း ခိုင်မာတဲ့အချက်အလက် တစ်စုံတစ်ရာ မတွေ့ရသေးပါ။

 ဒါ့ကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိလာချိန်မှာ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ သေဆုံးမှုအဖြစ် အချိန်ကိုက်ပုံဖော်ခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ 

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watchနဲ့ AEN ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .