လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး သတင်းအမှား
Share:FacebookX

လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး သတင်းအမှား

 

သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၁၁ ရက်

စစ်ကောင်စီတပ်၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် လားရှိုးမြို့တွင် MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် လက်အောက်ငယ်သား ၄၀ ကျော်သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် နေပြည်တော်ချန်နယ်ကနေ စက်တင်ဘာလ ၉ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “လားရှိုးကို ယနေ့လေကြောင်းတိုက်ခိုက်မှု MNDAA တပ်ဖွဲ့မှ ခေါင်းဆောင်သုံးဦးနှင့် ငယ်သား ၄၀ ကျော်သေဆုံးသည်ဟု အသံဖိုင်ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေခဲ့ပါတယ်။ 

မူရင်းလင့်ခ် – https://archive.ph/ZANpa

အဲ့ဒီသတင်းအမှားကို ကြည့်ရှုသူပေါင်း ၇,၄၀၀ ကျော်ရှိပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ ချဲ့ကားရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း ဖော်ပြထားကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း) သတင်းဌာနက “MNDAA သိမ်းထားတဲ့ လားရှိုးမြိုကို စစ်ကောင်စီက စက်တင်ဘာလ ၉ ရက် မနက် ၁၀ နာရီဝန်းကျင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁ ဦးသေဆုံးပြီး ၁၃ ဦးထက်မနည်းဒဏ်ရာခဲ့တယ်” လို့ စက်တင်ဘာလ ၉ ရက်နေ့က ဖော်ပြထားပါတယ်။သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

လင့်ခ် – https://archive.ph/mxw9c

အလားတူ MNDAA ရဲ့ သတင်းထုတ်ပြန်ချက်မှာလည်း လားရှိုးလေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၁၂ ဦး ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက် – https://archive.ph/HMriR

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက လားရှိုးမြို့ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သလို MNDAA ရဲ့တပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://archive.ph/bHtDn

ဒါပေမဲ့ MNDAA ရဲ့ တပ်ဖွဲ့ဝင် ဘယ်နှစ်ဦးထိခိုက်သေဆုံးတာကိုတော့ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။

သုံးသပ်ချက်

ဒါကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချန်နယ်တွေက “လားရှိုး လေကြောင်းတိုက်ခိုက်မှုအတွင်း MNDAA တပ်ဖွဲ့မှ ခေါင်းဆောင် ၃ ဦးနှင့် တပ်သား ၄၀ ကျော်သေဆုံး” ဆိုပြီး ချဲ့ကားရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ် လေကြောင်းဖြင့် အရပ်သားပြည်သူကို တိုက်ခိုက်မှုပြီးတိုင်းမှာ တော်လှန်ရေးတပ်ဖွဲတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ခိုအောင်းတဲ့နေရာဆိုပြီး လိမ်လည်ဝါဒဖြန့်ချိမှုများကိုလည်းပြုလုပ်လာခဲ့ပါ တယ်။ 

လင့်ခ် – https://shorturl.at/9zOl4 

စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအပြီး လိမ်လည်ဖော်ပြထားတဲ့ ဝါဒဖြန့်ချိထားတဲ့ သတင်းအမှား အကြောင်းအရာကို Myammar Fact-checking Network က စိစစ်ထားတာတွေကိုလည်း အောက်ဖော်ပြပါ လင့်ခ်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

လင့်ခ် – https://shorturl.at/Z9Qeq

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

 

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .