ဖယ်ခုံမြို့က စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူတွေဟာ ဖယ်ခုံ ၊ လအိ KNDF ဖြစ်တယ်ဆိုတဲ့သတင်းအမှား
Share:FacebookX

ဖယ်ခုံမြို့က စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူတွေဟာ ဖယ်ခုံ ၊ လအိ KNDF ဖြစ်တယ်ဆိုတဲ့သတင်းအမှား

ကန္တာရဝတီတိုင်း ( မ် ) / The Red Flag

စက်တင်ဘာလ ၅ ရက်နေ့ ည ၉ နာရီကျော်အချိန်မှာ ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်း၊ လအိတိုက်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ KNDF သာဖြစ်တယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ စက်တင်ဘာလ ၆ ရက်နေ့ကစပြီး ဝါဒဖြန့်ချိနေပါတယ်။

Subscribers ၂သောင်း၅ထောင်ရှိတဲ့ Truth Media ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ဖယ်ခုံ၊ လအိKNDF ၊ စက်တင်ဘာ၅ရက်ည၁၀နာရီကစပြီး ဖျားသခင်ကောက်ညှင်းကျွေးလို ဒီမနက်တွေ့ကြရတာ။”လို့ ( မူရင်းရေးသားချက်အတိုင်း ) ဖြန့်ဝေနေတာပါ။

Truth Media ရဲ့ ရေးသားဖော်ပြမှုကို စက်တင်ဘာလ ၁၀ ရက်နေ့အထိ ကြည့်ရှုသူ ၃၀၄၅၈ ရှိပြီး Like and react ပေးသူ ၂၀၀ ဝန်းကျင် နဲ့ မှတ်သားရေးသားသူ ၆ ဦးရှိပါတယ်။ ထပ်ဆင့်မျှဝေသူနဲ့ အကြောင်းအရားအမှားတွေကို ဖြန့်ဝေမှုကလည်း များပြားနေပါတယ်။

Truth Media ဝါဒဖြန့်တယ်လီဂရမ်မူရင်းလင့်ခ် – https://t.me/Snowqueen1111233/29985

ဒါ့အပြင် အဲ့ဒီ ဝါဒဖြန့် Truth Media ကနေပဲ အကြောင်းအရားအမှားတွေကို ဖြန့်ဝေမှုပြုလုပ်လျက်ရှိနေတာပါ။
“ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြိုနယ်မှာစစ်သွေးကြွအကြမ်းဖက်သမားတွေချည်းခိုအောင်းနေတဲ့လအိနေရာကို တပ်မတော်ကဗုံးကြဲလိုက်တော့ ချက်ချင်းကြီးစစ်ရှောင်စခန်းဆိုပြီး ဖြစ်သွားပါလေရော။” လို့ ( မူရင်းရေးသားချက်အတိုင်း) စက်တင်ဘာလလ ၇ ရက်နေ့မှာ ထပ်မံ ဖြန့်ချိရေးသားထားပါတယ်။ ကြည့်ရှုသူ ၇၂၁၈ ဦး နဲ့ မျှဝေသူ ၁၁ ဦး ရှိခဲ့ပါတယ်။

အလားတူ Khon Sai Oo ဝါဒဖြန့်ချန်နယ်ကနေ “ဒီမော့ဆိုးအနောက်ခြမ်း၊ဖယ်ခုံ၊လအိဖက်မှာ ကသန်းကယန်းတွေ ဖက်ဒရယ်ဒီမိုကရေစီ စောင့်မျှော်နေကြတာ အများကြီးရှိနေသေးသားဘဲ။ တော်တော်ကိုဗျင်းရကြဦးမယ်။”လို့ (မူရင်းရေးသားချက်အတိုင်း ) စစ်ရှောင်ပြည်သူတွေ ဈာပနအခမ်းအနားဓာတ်ပုံ နဲ့ ဖြန့်ဝေနေတာလည်း ရှိပါတယ်။

လင့်ခ် – https://archive.ph/o/XTGmc/https://t.me/wi969/12439
ဆက်စပ်လင့်ခ်များ – https://t.me/Snowqueen1111233/29988?single

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Kantarawaddy Times Team ကနေ သတင်းအချက်လက်ကို စိစစ်ကြည့်တဲ့အခါမှာ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူတွေဟာ စစ်ဘေးရှောင်ပြည်သူတွေသာဖြစ်ပြီး KNDF သေဆုံးတယ်ဆိုတဲ့ ဖြန့်ဝေမှုတွေဟာ သတင်းမှားဖြစ်တယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။

သတင်းစိစစ်ချက်

တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားတဲ့ အကြောင်းအရာနဲ့ ဓာတ်ပုံတွေဟာ KNDF သေဆုံးတာမဟုတ်ဘဲနဲ့ အသက် ၂ နှစ်အရွယ်ကလေးငယ်အပါအဝင် ကျောင်းနေအရွယ်ကလေး ၇ ဦး ၊ အသက် ၄၀ ကျော်အရွယ်အမျိုးသမီးနှစ်ဦးတို့ရဲ့ ဈာပနဓါတ်ပုံ ဖြစ်တယ်ဆိုတာကို လေ့လာတွေ့ရှိရပါတယ်။

အဆိုပါသတင်းကို၊ VOA ၊ Myanmar Now ၊ BBC စတဲ့ သတင်းဌာနကြီးတွေမှာ ရေးသားထားတာရှိသလို ဒေသတွင်းမီဒီယာတွေမှာလည်း ရေးသားဖော်ပြထားတာရှိပါတယ်။

လွတ်လပ်သောသတင်းမီဒီယာတွေမှာ သတင်းဖော်ပြချက်လင့်ခ်များ –

Myanmar Now သတင်းမီဒီယာမှာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ကို မနေ့ညပိုင်းက စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀ သေဆုံးခဲ့ရပါတယ်။ သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်အများအပြား ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူဦးရေဟာလည်း ဒါဇင်နဲ့ချီ ရှိနေကြောင်း သိရပါတယ်လို့ စက်တင်ဘာ ၆ ရက်နေ့မှာတင်ဆက်ထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.youtube.com/watch?v=ruPfolA_Al4

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး၊ Myanmar Now သတင်းမီဒီယာမှာ “ကိုယ်တွေ့ကြုံခဲ့သူပြောပြတဲ့ ဘန်ကောက်စစ်ရှောင်စခန်း ကမ္ဘာပျက်တဲ့ည” ဆိုတဲ့ ဗီဒီယိုသတင်းကို စက်တင်ဘာလ ၁၀ ရက်နေ့မှာ တင်ဆက်ထားတာရှိပါတယ်။

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ https://www.youtube.com/watch?v=m2J6DZpCiwc

VOA သတင်းမီဒီယာမှာ “စစ်တပ်ဗုံးကြဲလို့ ဖယ်ခုံစစ်ဘေးရှောင် ၁၀ ယောက်ထက်မနည်းသေဆုံး” ဆိုတဲ့ သတင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
မူရင်းသတင်းလင့်ခ်- https://burmese.voanews.com/a/7773653.html

BBC သတင်းမီဒီယာမှာ “ဆုံးရှုံးနယ်မြေတွေမှာ စစ်တပ်က ဗုံးကြဲလို့ သေဆုံးခဲ့ရတဲ့အရပ်သားတွေအကြောင်း မျက်မြင် သက်သေတွေရဲ့ ပြောကြားချက်နဲ့အတူ သတင်းရေးသားထားကြောင်း”လည်း ဖော်ပြထားတာရှိပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://bbc.in/3XiM9aH

ကရင်နီပြည် အခြေစိုက်သတင်းဌာဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) မီဒီယာ မှာ “လေယာဉ်နဲ့လာကြဲသွားတာပေါ့ ပေါင်၅၀၀ဗုံးနဲ့။ နေအိမ်လည်း တော်တော်များများပျက်စီးသွားတယ်။ သေဆုံးတဲ့အလောင်းကတော့ ၈ယောက်တွေ့ပြီ။ ပျောက်နေတာလည်းရှိသေးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း တော်တော်များတယ်။ ဘာလို့ဆို စစ်ရှောင်စခန်းက သိတဲ့အတိုင်း တဲအိမ်တွေက ကပ်လျက်ပဲလေ လူဦးရေလည်းများတော့ ထိခိုက်မှုများတယ်” လို့ စစ်ရှောင်ဒေသခံ ပြောဆိုသံနဲ့ ရေးသားတင်ပြထားတာရှိပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ကန္တာရဝတီတိုင်း(မ်) မူရင်းသတင်းလင့်ခ်- https://www.kantarawaddytimes.org/bysh
ဖက်ဒရယ်FM မူရင်းသတင်းလင့်ခ် – https://www.facebook.com/share/p/r2sKbtcXqSVh8nBj/

သုံးသပ်ချက်

လွတ်လပ်သောသတင်းမီဒီယာ နဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရဟာ ရှမ်း- ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ လအိတိုက်နယ်က ဘန်ကောက်စစ်ဘေးရှောင်စခန်းဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ သေဆုံးသူတွေဟာလည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားသလို KNDF မဟုတ်ဘဲ စစ်ဘေးရှောင်ပြည်သူတွေသာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှာ သေဆုံးသူတွေဟာ အရပ်သားပြည်သူတွေဖြစ်ပေမယ့် သတင်းဖုံးဖိဖို့အတွက် KNDF သာဖြစ်ကြောင်း ၊ လက်နက်ကိုင်တပ်ဖွဲ့တွေရှိနေလို့ တိုက်ခိုက်တာဖြစ်ကြောင်း ဝါဒဖြန့်ချန်နယ်တွေမှာ ဖြန့်ချိနေတာဟာ သတင်းအမှားသာဖြစ်ပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ လေကြောင်းနဲ့တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ အရပ်သားပြည်သူတွေသေဆုံးမှုရှိပေမယ့်လည်း လက်နက်ကိုင်တပ်တွေသာဖြစ်တယ်လို့ မကြာခဏ ဝါဒဖြန့်ချိနေတာပါ။
စစ်ခေါင်ဆောင် မင်းအောင်လှိုင် ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်တွင်း “ဆုံးရှုံးနယ်မြေတွေကို လိုအပ်သလိုတုံ့ပြန်မှာဖြစ်လို့ နေရပ်စွန့်ခွာပြည်သူတွေ သတိပြုဖို့ဆိုပြီး” ပြောဆိုမှုအပြီးမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာ တွေ့ရပါတယ်။

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .