ရွှေခေါင်းလောင်းဆရာတော် MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်း၊ ထောက်ပံ့မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရ ဟုဆိုသည့် သတင်းအမှား
Share:FacebookX

ရွှေခေါင်းလောင်းဆရာတော် MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်း၊ ထောက်ပံ့မှုဖြင့် အမှုဖွင့် ဖမ်းဆီးခံရ ဟုဆိုသည့် သတင်းအမှား

By Haythar /MPA

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွှေခေါင်းလောင်းဆရာတော်ကို MNDAA နှင့် TNLA အတွက် လူသစ်စုဆောင်းပေးနေသဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ၊ ၆၆-ဃ ၊ ၅၀-ညတို့ဖြင့် အမှုဖွင့်ဟု ဆိုသည့် သတင်းအမှားများ စက်တင်ဘာ ၆ရက် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

Subscriber ၆၉,၀၀၀ ကျော်ရှိသည့် U Kyaw Soe Oo တယ်လီဂရမ်ချန်နယ်က “ရွှေခေါင်းလောင်းဆိုသူ က MNDAA TNLA အတွက်ပါ လူသစ်စုပေးနေသလို ထောက်ပံ့ပေးသူလည်း ဖြစ်တယ်။လက်ရှိ တာချီ လိတ်မှာ ၅၀၅-က ၊ ၆၆-ဃ၊၅၀-ည တို့နဲ့ အမှုဖွင့်ထားကြောင်းပါ”ဟု( မူရင်းရေးသားချက်အတိုင်း) စက်တင် ဘာ ၆ရက် မွန်းလွှဲပိုင်းက ရေးသားဖော်ပြထားသည်။

U Kyaw Soe Oo တယ်လီဂရမ်ချန်နယ်၏ ရေးသားဖော်ပြမှုကို ၂၀၂၄ စက်တင်ဘာ ၁၀ရက် မွန်းတည့် ၁၂နာရီအထိ ကြည့်ရှုသူ ၃၅၀၀၀ ကျော်ရှိပြီး like and react ပေးသူ ၉၃၀ ကျော်နှင့် မှတ်ချက်ရေးသားသူ ၅၅ဦး ရှိသည်။

သတင်းအမှားလင့်ခ်များ

U Kyaw Soe Oo – https://archive.ph/tdrPk
ဆင်ဖြူရှင် – https://archive.ph/hC8W
Tun Tun Aung – https://archive.ph/E0T4e

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသည့် ရွှေခေါင်းလောင်းဆရာတော် ဖမ်းဆီးခံရသည့်သတင်း အကြောင်း အရာနှင့်ပတ်သက်ပြီး Google တွင် “ရွှေခေါင်းလောင်းဆရာတော်” ဆိုသည့် စာသားဖြင့် ရှာဖွေ​ကြည့်ရာ Shwe Phee Myay , Shan News နှင့် Mizzima သတင်းမီဒီယာ တို့၌ ရေးသားဖော်ပြထားသည်။

ရွှေဖီမြေသတင်းမီဒီယာတွင် “သူဖမ်းခံရတဲ့ကြောင်းကို အစုံမသိရရင်တောင် ဒီဘက်မှာတော့ ဒီလိုထွက် တယ်။ သူက ဗုဒ္ဓဘာသာမကဘဲ တခြားဘာသာတွေလည်း သူဝေဖန်ပြောဆိုခဲ့တယ်။ သူဖမ်းခံရတဲ့နေ့မှာ လည်း သူခေါ်မွေးထားတဲ့ ကလေးတွေအတွက် အလှူခံတာ ဗန်းပြပြီး ​မြို့ထဲမှာ ဘာတွေ ပြောခဲ့လဲတော့ ကောင်းကောင်းမသိခဲ့ဘူး”ဟုစက်တင်ဘာ ၃ရက်ကရေးသားဖော်ပြထားသည်။ မူရင်းသတင်းလင့်ခ်https://shorturl.at/Xhnag

Shan News သတင်းမီဒီယာ တွင် “မနေ့က တံတား(၁)အဝိုင်းဘက်မှာ ကားပေါ်ကနေ ဖမ်းခေါ်လိုက်တယ်။ စစ်ဆေးမေးမြန်းစရာတွေ ရှိတယ်ဆိုပြီး ခေါ်သွားတယ်။ သူက Tiktok နဲ့ လူမှုကွန်ရက်ပေါ်မှာ လူသိများ တယ်။ သူပြောလိုက်တဲ့ ဘာသာရေးတွေက အခြားဘာသာရေးတွေနဲ့ ယှဉ်ပြောတာတွေ၊ ရမ်းကားပြောတာ တွေကြောင့် ဖမ်းတာ’’ဟု စက်တင်ဘာ ၃ရက်ကရေးသား ဖော်ပြထားသည်။ မူရင်းသတင်းလင့်ခ် https://shorturl.at/zVWcA
Mizzima သတင်းမီဒီယာတွင် “စိုင်းအေးသည် ခရစ်ယာန်ဘာသာရေးတရားများ ဟောရင်း ဘာသာရေး ဆိုင်ရာလှုံ့ဆော်မှုများပြုလုပ်နေသည်ဟုဆိုကာဖမ်းဆီးခြင်းဟုသိရပြီး ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် ပြန်လွတ်သည့်ဖြစ်စဉ် အသေးစိတ်ကို မသိရှိရသေးပေ” ဟု စက်တင်ဘာ ၄ရက်ကရေးသားဖော်ပြထား သည်။
မူရင်းသတင်းလင့်ခ် https://shorturl.at/ReITg

သုံးသပ်ချက်

ရွှေခေါင်းလောင်းဆရာတော်ကို တာချီလိတ်မြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့မှုဖြစ်စဉ် မှန်ကန်သော် လည်း ဖမ်းဆီးခံရခြင်းသည် ဘာသာရေးဆိုင်ရာလှုံ့ဆော်မှုများပြုလုပ်ဟု ဆိုသည့်အကြောင်းပြချက်ဖြစ် ကြောင်း သတင်းအချက်လက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသည့်သတင်းမီဒီယာများ၌ ဖော်ပြထားကြသည်။

ရွှေခေါင်းလောင်းဆရာတော်နှင့် နီးစပ်သူ ဒေသခံတစ်ဦးကို MPA Fact Check Team က ဆက်သွယ်မေး မြန်းရာ “ခေါ်ယူစစ်ဆေးတာပဲ ရှိတယ်လို့ ပြောတယ်။ ပြန်လွတ်ပေးလိုက်တယ်”ဟု စက်တင်ဘာ ၉ရက် ညနေ ပိုင်းက ဖြေဆိုထားသည်။

ထို့ကြောင့် တယ်လီဂရမ်ချန်နယ်များ၌​​ ရေးသားဖော်ပြ​နေသည့် ရွှေခေါင်းလောင်းဆရာတော်က MNDAA နှင့် TNLA တို့အတွက် လူသစ်စု​​​​​​ဆောင်းပေးနေသည့်အတွက် ၅၀၅-က ၊ ၆၆-ဃ၊၅၀-ည တို နဲ့ အမှုဖွင့် ဖမ်းဆီးထားဆိုသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှု့သင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .