မဲဆောက်က မြန်မာတွေဖွင့်တဲ့ စားသောက်ဆိုင်တွေမှာ အထောက်အထားမဲ့ဖမ်းဆီးခံရသူတွေဟာ PDF များဖြစ်တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

မဲဆောက်က မြန်မာတွေဖွင့်တဲ့ စားသောက်ဆိုင်တွေမှာ အထောက်အထားမဲ့ဖမ်းဆီးခံရသူတွေဟာ PDF များဖြစ်တယ်ဆိုတဲ့ သတင်းအမှား

 စက်တင်ဘာ၊ ၇။

(Fact Check)Delta News Agency/ The Red Flag

မဲဆောက်မြို့က မြန်မာနိုင်ငံသားတွေ ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့လက်ဖက်ရည်ဆိုင်တွေကို ထိုင်းတာဝန်ရှိ သူတွေစစ်ဆေးခဲ့ရာ  အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇ ဦးခန့်ကို ဖမ်းဆီးရမိပြီး မဲဆောက်မြို့မှာ ခိုလှုံနေတဲ့ PDF တွေဖြစ်တာလို့သိရကာ အထောက်အထားမပြသနိုင်တာကြောင့် သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့သတင်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာကို တွေ့ရှိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ MT News ကနေ စက်တင်ဘာလ ၄ ရက်မှာ “မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို ဖမ်းဆီးစဥ် ဖမ်းမိသူများက PDF များဖြစ်နေခြင်းဟုပါ သိရ” လို့ ရေးသားဖြန့်ဝေ ထားတာကို တွေ့ရပါတယ်။

အဲဒီသတင်းကိုပဲ မြန်မာဂုဏ်သတင်းမီဒီယာPAN , BAK24 News, Saw Ba Maungကိုလှရွှေ (သတင်းမှန်)ရွှေနေကြာ စတဲ့ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွေကနေ စက်တင်ဘာလ ၅ ရက်မှာ “မဲဆောက်တွင် တရားမဝင် ခိုလှုံနေသော PDF ၁၇ ဦးထက်မနည်း ထိုင်းရဲဖမ်းဆီးဟုဆို”လို့ ထပ်မံရေးသား ဖြန့်ဝေခဲ့ပြီး အခြားစစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ ko Khant(#kk), Myanmar Update News Kyaw Swarတောင်ပေါ်သား စတဲ့ချန်နယ်အများအပြားတို့ကနေ ထပ်ဆင့်မျှဝေခဲ့တာကို တွေ့ရပါတယ်။

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ စိစစ် တဲ့အခါမှာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာစားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေကို ထိုင်းအလုပ် သမားဌာနကဝင်ရောက်စစ်ဆေးတဲ့အခါမှာ ခွင့်ပြုချက်မရှိပဲလုပ်ငန်းလုပ်ကိုင်သူတွေနဲ့နေထိုင်ခွင့် အထောက် အထားမဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းမိခဲ့တာဖြစ်ပြီး PDF တွေဖမ်းမိတယ်ဆိုတာ သတင်းမှားဖြစ်တယ် ဆိုတာ သိရှိရပါတယ်။

သတင်းစိစစ်ချက်

MFCN ကနေ မဲဆောက်မြို့မှာ နေထိုင်သူတဦးကို ဆက်သွယ်မေးမြန်းခဲ့ရာ “ PDF တွေမဟုတ်ပါဘူး၊ ဆိုင် က ဝန်ထမ်းတချို့ရယ်၊ အဲဒီဆိုင်တွေကို လာတဲ့သူတွေထဲက အထောက်အထားမရှိတဲ့သူတချို့ကို ဖမ်းမိတာ ပါ၊ ဦးကြီးစိုးဆိုင်က ကြာပြီ အာဏာမသိမ်းခင်ထဲက ဖွင့်ထားတာ ၁ နဲ့ ၂ ဆိုပြီး ၂ ဆိုင်ရှိတယ်၊ ဗီလာဆုံမှတ် က နောက်မှ ဖွင့်တဲ့ဆိုင်ပါ၊ အဲဒီဆိုင်တွေမှာ ရွှေ့ပြောင်းလုပ်သားတွေထိုင်လေ့မရှိကြပါဘူး၊ စစ်မှုထမ်းဥပဒေ ကြောင့် တိမ်းရှောင်ရင်းနောက်မှ ရောက်လာတဲ့သူတွေပဲ ထိုင်လေ့ရှိပါတယ်” လို့ ပြောကြားပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံ၊ Tak ခရိုင်လဝကရဲ့ Tak Immigration Facebook Page ကနေ စက်တင်ဘာလ ၄ ရက်မှာ “ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဗျူရိုမှ တာဝန်ရှိသူများနှင့်အတူ တာ့ခ်ခရိုင်အလုပ်အကိုင်ရှာဖွေရေးရုံးမှ တာဝန်ရှိသူများက အသက် ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးနှင့်အခြား ၁၁ ဦးတို့ကို ဖမ်းဆီးခဲ့သည်။ နိုင်ငံတွင်းတရားမ၀င်ဝင်ရောက်ခြင်း စွဲချက် မှာ “နိုင်ငံတော်တွင် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားဖြစ်ခြင်း” ဖြစ်သည်။ တာ့ခရိုင် မဲဆောက်ခရိုင် မဲဆောက်ခရိုင် အာရှလမ်းရှိ U GHI SOE စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်” လို့ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

“ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် Tak Immigration မှ အရာရှိများနှင့် အတူ တာ့ခ်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးမှ အရာရှိများအဖွဲ့သည် အသက် ၄၈ နှစ်အရွယ် မြန်မာနိုင်ငံ သားတစ်ဦးနှင့်အခြား ၆ ဦးကို ဖမ်းဆီးခဲ့သည်။ “ပြည်တွင်းတရားမ၀င် ဝင်ရောက်နေထိုင်ခြင်း”နဲ့“နိုင်ငံ တော်အတွင်း ဝင်ရောက်နေထိုင်တဲ့ နိုင်ငံခြားသားဖြစ်ခြင်း” နဲ့ စွဲဆိုထားပါတယ်။ တာ့ခ်ခရိုင် မဲဆောက်ခရိုင် မဲဆောက်မြို့နယ် သောင်အူဒမ်ဈေးရှေ့တွင် အမည်မဖော်လိုသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် ဖမ်းဆီးရ မိခဲ့ခြင်းဖြစ်သည်”လို့ ရေးထားတာကို ဖတ်ရှုနိုင်ပါတယ်။

သတင်းဌာနတခုဖြစ်တဲ့ Burma VJ  ကနေ “ထိုင်းနိုင်ငံ၊ Tak ခရိုင်၊ မဲဆောက်မြို့မှာ ကြက်ဟာငန်လို့ခေါ်တဲ့ အလုပ်သမားဝန်ကြီးဌာန အပါအဝင် အဖွဲ့ပေါင်းစုံပါတဲ့ ထိုင်းအာဏာပိုင်အဖွဲ့က မြန်မာတွေဖွင့်တဲ့ဆိုင်တွေ အိမ်တွေကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးတာမှာ Villa ဆုံမှတ်နဲ့ ဦးကြီးစိုး ဆိုင်ကဆိုင်ရှင်နဲ့အလုပ်သမား ၁၇ ယောက်ကိုဖမ်းဆီးသွားတယ်”လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတခုဖြစ်တဲ့ DVB က စက်တင်ဘာလ ၆ ရက်မှာ “တာ့ခ်ခရိုင်အလုပ်သမားဌာနနဲ့ ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနတို့ ပူးပေါင်းပြီး  စက်တင်ဘာ ၄ ရက်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မှာ မြန်မာနိုင်ငံသားတွေ ရောင်းချတဲ့ ဗီလာဆုံမှတ် စားသောက်ဆိုင်နဲ့ ဦးကြီးစိုး လက်ဘက်ရည်ဆိုင်တွေထဲ က အထောက်အထားမရှိသူတွေကို ဖမ်းဆီးပြီး ၃ ယောက်ကို ထိုင်းနိုင်ငံဥပဒေအတိုင်း မဲဆောက်မြို့တရား ရုံးတင်ပြီး လုပ်ငန်းမမှန်ကန်မှုနဲ့ တရားမဝင်နေထိုင်မှု  ၂ ခုကို ပြစ်ဒဏ်ပေးခဲ့တယ်လို့ သိရပြီး ကျန်သူတွေကို ထိုင်းလဝကလုပ်ထုံးလုပ်နည်းတွေနဲ့ဆက်လက်ဆောင်ရွက်သွားမယ်လို့ ရေးထားတာကို ဖတ်ရှုနိုင်ပါတယ်။

အလားတူ သတင်းဌာနတွေဖြစ်တဲ့ မော်ကွန်းမဂ္ဂဇင်း ကနေ “မဲဆောက်မြို့၊ ဗီလာဆုံမှတ်နဲ့ ဦးကြီးစိုး ဆိုင် တွေကို အလုပ်သမားဌာနက ဝင်ရောက်စစ်ဆေးခဲ့တာမှာ ဗီလာဆုံမှတ်က ၉ ယောက်၊ ဦးကြီးစိုးက ၈ ယောက်၊ စုစုပေါင်း ၁၇ ဦးခန့် ဖမ်းဆီးခံလိုက်ရတယ်”လို့ ရေးထားပြီး Popular News Journal က “ဦးကြီး စိုးဆိုင်နဲ့ ဗီလာဆုံမှတ်(Villa Point)စားသောက်ဆိုင်တွေကို ဝင်ရောက်စစ်ဆေးရာ နေထိုင်ခွင့်အထောက်အ ထားမပြည့်စုံသူ မြန်မာနိုင်ငံသား ၁၀ ဦးခန့် ဖမ်းဆီးခံရပြီး နိုင်ငံရေးနဲ့ဆက်နွယ်သူအချို့ ဖမ်းဆီးခံရတယ်လို့ သိရပေမဲ့ပေါ်ပြူလာနယူးစ်အနေနဲ့သီးခြားအတည်ပြုလို့ မရပါ”လို့ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

သုံးသပ်ချက်

အဖမ်းခံလိုက်ရသူတွေဟာ လစဉ်ထိုင်းရဲကို တလ ၃၀၀ ဘတ်နဲ့ရဲကတ်လုပ်ကာ နေထိုင်သူတွေပါဝင်ပြီး ထိုင်းရဲနဲ့တောမော(ထိုင်းလ.ဝ.က)တွေက အဓိကဦးဆောင်တာမဟုတ်ဘဲ အလုပ်သမားဌာနဘက်က အလုပ် လုပ်ကိုင်ခွင့်ကိစ္စနဲ့ဖမ်းတာဖြစ်လို့ မဲဆောက်မှာ ခိုလှုံနေတဲ့ PDF တွေဖမ်းမိတယ်ဆိုတာ ဝါဒဖြန့်ရေးသား ထားတဲ့ သတင်းအမှားသာဖြစ်တာကို သိရပါတယ်။

မဲဆောက်မြို့မှာ နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်ခဲ့လို့ စစ်မှုထမ်းဥပဒေပြဌာန်းခဲ့လို့ CDM ပြုလုပ်ခဲ့လို့ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ရောက်ရှိလာသူတွေ အများစုနေထိုင်ကြပြီး တရားဝင်အထောက်အထားနဲ့နေထိုင်ကြ သူတွေရှိသလို ရဲကတ် ပြုလုပ်ပြီး နေထိုင်သူတွေလည်း ရှိပါတယ်။

မဲဆောက်မှာ ထိုင်းရဲတွေကို လစဉ်တဦးကိုနေထိုင်ခွင့် ၃၀၀ ဘတ်ပေးရပြီး ဆိုင်ကယ်မောင်းဖို့အတွက် တဦး ကို ဘတ် ၁,၀၀၀၊ ဆိုင်ကယ်နဲ့ဈေးရောင်းချခွင့်အတွက် ဘတ် ၁,၀၀၀ ၊ ကားမောင်းခွင့်အတွက် ဘတ် ၃,၀၀၀၊ ကားမောင်းကာ လူတင်ပို့ဖို့အတွက် ဘတ် ၅,၀၀၀ ဝန်းကျင်ပေါက်ဈေးရှိပါတယ်။

ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အနေနဲ့ ဇွန် ၅ ရက်က သြဂုတ် ၂၈ ရက်ထိ  ၈၅ ရက်အတွင်း လုပ်ငန်းနေရာပေါင်း ၁၆၇၇၆ နေရာကို အလုပ်သမားဝန်ကြီးဌာနနဲ့  တာဝန်ရှိ သူတွေ ပူးပေါင်းပြီး စစ်ဆေးဖမ်းဆီးခဲ့ရာ တရားမဝင် အလုပ်သမားပေါင်း  ၂၃၂၉၀၆ ဦး ဖမ်းဆီးရမိကာ မြန်မာနိုင်ငံသား  ၁၇၇၈၀၄ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား  ၃၄၆၂၀ ဦး၊ လာအိုနိုင်ငံသား  ၁၃၄၈၂ ဦး၊ ဗီယက် နမ်နိုင်ငံသား ၁၄၅ ဦးနဲ့ အခြားနိုင်ငံသား ၆၈၅၅ ဦးတွေ့ရှိဖမ်းဆီးခဲ့တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာကနေ ဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .