အပြစ်မဲ့ ဖမ်းဆီးခံထာရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား
Share:FacebookX

အပြစ်မဲ့ ဖမ်းဆီးခံထာရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုတဲ့ ဗီဒီယိုဖိုင်အမှား

 

သျှမ်းသံတော်ဆင့်၊ The Red Flag ၂၀၂၄ စက်တင်ဘာလ ၄ ရက်

ကိုးကန့်တပ်ဖွဲ့ MNDAA အပြစ်မဲ့ ဖမ်းဆီးခံထားရသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို သေနတ်နဲ့ ရက်စက်စွာ ပစ်သတ်နေတယ်ဆိုပြီး ရုပ်သံဖိုင်တစ်ခုနှင့်အတူ သတင်းတစ်ပုဒ်ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Mawshan Myay Media ကနေ သြဂုတ် ၃ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး 

“ဒေသတွင်း အကြမ်းဖက်မှုတွေ လုပ်ခဲ့လို့ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခြင်းခံရသော ကိုးကန့်တပ်ဖွဲ့ MNDAA ကအပြစ်မဲ့ ဖမ်းဆီးခံထားရသူများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို သေနတ်ဖြင့် ရက်စက်စွာ ပစ်သတ်နေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေ” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၃,၅၀၀ ကျော်ရှိပါတယ်။  

မူရင်းလင့်ခ် – https://archive.ph/ytFyT#selection-271.0-271.96 

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့နေရာက ရုပ်သံဖိုင်ကိုအသုံးပြုပြီ လိုအပ်သလို ချိတ်ဆက်ရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖြန့်ချိထားတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့က ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ် ဖြစ်ပါတယ်။ 

အဲ့ဒီဗီဒီယိုဟာ ဇွန်လ ၂၂ ရက်နေ့ကတည်းက လှုမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့လာခဲ့တာပါ။ 

ဗီဒီယိုဖိုင်ဟာ ၂ မိနစ် ၄၆ စက္ကန့်ကြာမြင့်ပြီး CNA တံဆိပ်တပ်ထားတဲ့ CC ရဲဘော် ၃ ယောက်က ဒဏ်ရာအသီးသီးရထားပြီး စောင်ခြုံနေတဲ့ စစ်ကောင်စီတပ်သား ၃ ဦးကို တစ်ယောက်ပြီးတစ်ယောက် ပစ်သတ်သွားတာကို Zalen သတင်းဌာနက ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ သတင်းလင့်ခ် – https://shorturl.at/EBHzp

 အဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးမယ်လို့ ချင်းပြည်ကောင်စီက ၂၀၂၄ ဇွန်လ ၂၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ထုပ်ပြန်ချက် အပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

ထုတ်ပြန်ချက်- https://archive.is/8YDc7 

လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော RFA သတင်းဌာနမှာလည်း “စစ်သုံ့ပန်းဥပဒေချိုးဖောက်သူတွေကို စိစစ်အရေးယူမယ်လို့ ချင်းပြည်ကောင်စီထုတ်ပြန်” ဆိုပြီး ၂၀၂၄ ဇွန်လ ၂၇ ရက်နေ့မှာ ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/E0Xzl

သုံးသပ်ချက်

ချင်းပြည်နယ် တွန်းဇံမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၃ ဦးကို ချင်းပြည်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့တင်တွေက ပစ်သတ်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့နေရာ ရုပ်သံ၊ အကြောင်းအရာကို အသုံးပြီး “ အပြစ်မဲ့ ဖမ်းဆီးခံထားရသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို ကိုးကန့်တပ်ဖွဲ့ MNDAA ပစ်သတ်ခဲ့တယ်” ဆိုပြီး ဝါဒဖြန့်ချိနေခြင်း ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်အတွင်းကလည်း အဲ့ဒီရုပ်သံဖိုင်ကို အသုံးပြုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်က “ ကျောက်မဲမြို့ စစ်ဘေးရှောင် ၃ ဦး ပလောင်စကားမတတ်လို့ TNLA ပစ်သတ်” ဆိုကာ သတင်းအမှား ဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စိစစ်ခဲ့ပြီး သတင်းအမှားဖြစ်ကြောင်း ဖော်ပြထားပါတယ်။

စစ်ဆေးတွေ့ရှိချက် – https://burmese.shannews.org/archives/42471

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .