စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ သတင်းဌာနတွေမှာ ရေးသားမှုဟာ လုပ်ကြံရေးသားထားတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်
Share:FacebookX

စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ သတင်းဌာနတွေမှာ ရေးသားမှုဟာ လုပ်ကြံရေးသားထားတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်

Fedral FM ၊ Kantarawaddy Times

စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ ပြည်သူများက ကြောက်ရွံ့ထွက်ပြေးပြီး PDF ထဲ ဝင်ရောက်ဖို့ရည်ရွယ်ချက်နဲ့ သတင်းဌာနတွေမှာ လုပ်ကြံရေးသားပြီးသတင်းမှားများ ဖော်ပြတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ဖြန့်ချိနေပါတယ်။

စီစစ်တွေ့ရှိထားတဲ့ သတင်းအမှားအကြောင်းရာကို Subscribers ၆သောင်းနီးပါးရှိတဲ့ ခခဟန် (Ka Ka Han) တယ်လီဂရမ်ချယ်နယ်က ဩဂုတ် ၂၁ ရက်နေ့က ဖြန့်ချိနေတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ကြည့်ရှုသူ ၁ သောင်း ကျော်ရှိနေတာကို တွေ့ရှိရပါတယ်။

“ ပြည်သူများ အထိတ်တလန့်ဖြစ်စေဖို့ လုပ်ကြံရေးသားထားတဲ့ ဟာသတစ်ပုဒ်သာဖြစ်ပါတယ်။ အမှား အမှန် ပိုင်ခြားနိုင်မှုအားနည်းတဲ့ ပြည်သူတေါ ကြောက်လန့်တကြားနဲ့ ထွက်ပြေးလာရင် လူသစ်စုချင်လို့ လုပ်ကြံသတင်းတွေရေးသားနေတာဖြစ်ပါတယ်။ PDf တွေ သေတာမနည်းတော့ဘူးဆိုတော့ လူသစ်က လိုချင်ပြန်ပြီထင်တယ်။”လို့ (မူရင်းရေးသားမှုအတိုင်း) အကြောင်းအရာကို ဖြန့်ဝေထားပါတယ်။ ဒီမှာကြည့်ရှုပါ။

Ka Ka Han တယ်လီဂရမ်လင့်ခ် –  https://t.me/KaKaHan777999/26014

အချက်လက် စီစစ်ခြင်း

ဒီသတင်းကို အချက်လက်စီစစ်ကြည့်လိုက်တဲ့ အခါမှာတော့ ဧရာဝတီ သတင်းဌာန၊ မန္တလေး ပရက်ဖရီး၊ DVB နဲ့ မြန်မာနောင်းတို့လို လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီဝါဒဖြန့်သလို  အတင်းအကျပ်စစ်သားစုဆောင်းတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့ကသာ ညပိုင်း စစ်ကားတွေနဲ့ လာရောက်ပြီး အတင်းအဓမ္မ လူဆွဲခေါ်တယ်ဆိုတဲ့အကြောင်းကိုသာ ရေးသားဖော်ပြထားကြပါတယ်။

“ညပိုင်းကြီး စစ်ကားတွေနဲ့ လာပြီး နာမည်အတိအကျနဲ့ အိမ်တွေကို ဝင်ခေါ်တာ တယောက်က ပြင်စာဘက် ရောက်နေတယ်လို့ ပြောတာကို တအိမ်လုံး မွှေနှောက်ရှာဖွေပြီး မတွေ့တော့ ရှိတဲ့သူ ခေါ်မယ်လုပ်ကြတယ်၊ သူ့ကို ရမှဖြစ် မယ်ဆိုပြီး အတင်းဖုန်းဆက် ခေါ်ခိုင်းတာ၊ ပြင်စာကနေ ညတွင်းချင်း ဆင်းလာလို့ မရဘူးဆိုတော့ မနက်စောစောသွား ခေါ်ပြီး အခုပို့ပေးလိုက်ရတယ်” လို့ ဧရာဝတီသတင်းဌာနက ဖော်ပြထားတဲ့ သတင်းမှာ ဒေသခံတွေရဲ့ပြောစကား ဖြစ်ပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာတွေက ဖော်ပြချက်တွေဟာ  မြေပြင်အချက်လက်တွေအပြင် တစ်ကယ် ကြုံတွေနေရသူတွေနဲ့ မိသာစုဝင်တွေရဲ့စကားသံများ ထည့်သွင်းဖော်ထားတာကို တွေ့ရပါတယ်။

The Irrawaddy က ဖော်ပြထားသည့် သတင်းလင့်ခ် –

https://www.facebook.com/theirrawaddyburmese/posts/pfbid02D1jbj6A3eWmhG1KZeCC31f7x62NGEvjRpX2DjwLGnc9dQW3P4Ly3meSsGZ5XiLQ4l

ဒါ့အပြင် ဩဂုတ်လ(၁၅)ရက်ကပြီး ကျောက်ဆည်နယ် ပွတ်တိုင်၊ အနောက်ငယ်တိုး၊ ညောင်ပင်ဇောက်၊ ကြောင်ပန်းကုန်း၊ ရွာတော်၊ ဒွေးလှ၊ ရှားပင်၊ ကျီးအိပ် စတဲ့ ကျေးရွာတွေက လူငယ်(၁၅၀)ကျော် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး လူ(၂၀၀) မပြည့်သေးတာကြောင့် ဩဂုတ်လ(၁၉)ရက် ညပိုင်းမှာလည်း စစ်အုပ်စုက ကျောက်ဆည်မြို့ပေါ် ရပ်ကွက်တွေထဲ အထိ စီးနင်းဝင်ရောက် ပေါ်တာဆွဲနေတယ်လို့ ကျောက်ဆည်မြို့ခံတစ်ဦးပြောထားတာတွေ ကိုလဲ Mandalay Free Press – MFP သတင်းဌာနမှာ ဖော်ပြထားပါသေးတယ်။

Mandalay Free Press – MFP က ဖော်ပြထားသည့် သတင်းလင့်ခ် –https://www.facebook.com/mandalayfreepress/posts/pfbid02MdvAyJqqae35Gan7zpidEGsdY4pnfa2wD5NmQpi9813hUr3wsPfJQFve5GoBVXaMl

ဧည့်စာရင်းဝင်စစ်ပြီး ခေါ်ဆောင်သွားတာ၊ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းရမယ့် သူတွေကို အကြောင်းကြားခေါ်ဆောင်သွားတာ ၊ ပေါ်တာဆွဲ ဖမ်းဆီးသူတွေထဲ စစ်အုပ်စုခန့် ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုနဲ့ ဆွေမျိုးနီးစပ်သူတွေ၊ ငွေပေး ရွေးထုတ်နိုင်သူတွေတော့ ပြန်လည် လွတ်မြောက်ကြတယ်ဆိုတာတွေကိုလည်း သတင်းဌာနတွေမှာ ရေးသားဖော်ပြထာကြပါတယ်။

စစ်ကောင်စီက အတင်းအဓမ္မ စစ်သားစုဆောင်းမှုမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီပြည် လွိုင်ကော်မြို့မှာ စစ်မှုထမ်းမည့်သူ မရှိတာကြောင့် စစ်မှုထမ်းဟောင်းတွေကို  အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရပခတိုင်းမှူး)ကိုယ်တိုင် စည်းရုံးနေရတယ်လို့ မဲခေါင်သတင်းဌာနက ဩဂုတ်လ ၂၂ ရက်နေ့မှာ ရေးသားထားပါတယ်။ လွိုင်ကော်မြို့တော်ခန်းမမှာ အငြိမ်းစား စစ်မှုထမ်းဟောင်းတွေကို ခေါ်ယူကာ ဆန်၊ ဆီ၊ ကြက်ဥတွေ ထောက်ပံ့ခဲ့ပြီး ပြည်သူ့စစ်မှုထမ်းမှာ ပါဝင်ကြဖို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မဲခေါင်ရေးသားထားသော သတင်းလင့်ခ် – https://www.facebook.com/story.php?story_fbid=530294332690349&id=100071293598697&rdid=ySiAHsU1tSNzW2Oi

နောက်ထပ် တွေ့ရှိချက်ကတော့ စစ်တပ်ကိုထောက်ခံတဲ့ အုပ်စုတွေဖြစ်တဲ့၊ ပေါက်ကိုယ်တော် ခေါ် သင်္ကန်းဝတ် ပျူခေါင်းဆောင် အရိယာဝံသက စစ်ကောင်စီက ပေါ်တာဆွဲနေတာ ဟုတ်မှန်ကြောင်း၊ စစ်မှုမထမ်းဘဲ နေခွင့်ရဖို့ လစဉ်ကြေး ပေးထားသူတွေပါ ပေါ်တာဆွဲခံရတယ်ဆိုတာကို ပြောကြားထားပါတယ်။ ဒီလို ပြောဆိုတယ်ဆိုတာကိုလဲ လွတ်လပ်တဲ့သတင်းမီဒီယာတွေမှာပါ ဖော်ပြရေးသားထားတာတွေ့ရပါသေးတယ်။

Mandalay Free Press – MFP က ထပ်ဆင့်မျှဝေထားတဲ့ သတင်းလင့်ခ် –https://www.facebook.com/watch/?v=426811550506654

“ ပေါ်တာဆွဲ စစ်မှုထမ်းခိုင်းသည့်စနစ် ကျင့်သုံးနေပြီဟု သင်္ကန်းဝတ်ပျူခေါင်းဆောင် ပေါက်ကိုယ်တော် ထုတ်ပြော” ဆိုတဲ့ ဩဂုတ် ၂၂ ရက်နေ့က Myanmar Now ရေးသားထားတဲ့ သတင်းလင့် –

https://www.facebook.com/story.php?story_fbid=895119099317503&id=100064582638283&rdid=VIDuP98d0d7VDLRl

သုံးသပ်ချက်

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တခုဖြစ်တဲ့ ခခဟန် တယ်လီဂရမ်က ပြောသလို စစ်တပ်က အတင်းအကျပ် စစ်သားစုဆောင်းတာမရှိဘဲ စစ်မှုမထမ်းပဲ PDF ထဲဝင်လာအောင် မီဒီယာတွေက ရေးသားတာဖြစ်တယ် လို့ ပြောဆိုရေးသားထားတာဟာ သတင်းမှားဖြစ်ပါတယ်။

လွတ်လပ်သောသတင်းမီဒီယာတွေမှာ သတင်းဖော်ပြချက်တွေမှာ ဒေသခံတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး စစ်ကောင်စီက စစ်သားသစ်စုဆောင်းဖို့ အတင်းအဓမ္မ ပေါ်တာဆွဲခေါ်တာ ၊ လမ်းသွားပြည်သူတွေကို ဖမ်းဆီးငွေညစ်တာ ၊ ငွေညစ်ပြီး ငွေပေးနိုင်ပါ ပြန်လွှတ်ပေးပေမယ့် မပေးနိုင်ပါ ဖမ်းဆီးတာ စတဲ့ အကြောင်းအရာတွေကိုသာ ရေးသားထားတာကို လေ့လာတွေ့ရှိရပါတယ်။

တစ်နိုင်ငံလုံး တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာကျယ်ပြန့်လာတာနဲ့အမျှ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ရခိုင်ပြည်နယ် ၊ အလယ်ပိုင်းနေရာတချို့မှာ တိုင်ရင်းသားလက်နက်ကိုင် ၊ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားအကျဆုံးများပြီး တပ်စခန်းတွေကို လက်လွှတ်လိုက်ထားရတာဖြစ်ပါတယ်။ တပ်သားသစ်စုဆောင်းဖို့ စစ်မှုထမ်းဥပဒေကို အတင်းအဓမ္မ အသက်သွင်းနေတဲ့ စစ်ကောင်စီကတော့ ရတဲ့နည်းနဲ့ တပ်သားသစ်တွေကို စုဆောင်းနေပြီး ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေမှာ ပြည်သူတွေအမြင်လွဲမှားအောင် နည်းအမျိုးမျိုးနဲ့ ဝါဒဖြန့် လုပ်ကြံရေးသားနေတာ ဖြစ်ပါတယ်။

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN)ရဲ့ အဖွဲ့ဝင်တွေ၊ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေနဲ့ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web Link – https://myanmarfactcheckingnetwork.org/

Fb  Link – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .