ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ကျောက်မဲမြို့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်သား သေဆုံးမှုများတယ်ဆိုတဲ့ သတင်းအမှား

 

30 August 2024 (SHAN News+Kantarawaddy Times)

သျှမ်းပြည် ကျောက်မဲမြို့ရှိ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ရဲ့ တပ်သားတွေ သေဆုံးမှုများတယ်ဆိုပြီး သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

Subscrribers (66,000) ကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Snow Queen ချန်နယ်ကနေ သြဂုတ် ၂၈ ရက်နေ့မှာ ဖြန့်ချိခဲ့တာဖြစ်ပြီး “ ကျောက်မဲကို တပ်ကလေယာဉ်နဲ့ နေ့တိုင်းနီးပါး ဗုံးကြဲတိုက်ခိုက်နေတယ်။ …ပလောင်တွေစုနေတဲ့ စာသင်ကျောင်းကို လေယာဉ်နဲ့ ဗုံးသုံးလုံးချပြီး တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အထိအခိုက်အကျအဆုံးက ပလောင်သတင်းတွေအရ အကျအဆုံးများပုံရတယ်”လို့  (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၉,၀၀၀ ကျော်ရှိပြီး ထပ်ဆင့်မျှဝေသူလည်း ရှိပါတယ်။ 

Snow Queen ချန်နယ်မူရင်းလင့်ခ် – https://archive.ph/lBsgs

အလားတူ ဩဂုတ်လ ၂၉ ရက်နေ့မှာလည်း Subscribers တစ်သိန်းကျော်ရှိတဲ့ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်ကနေ “ အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ကျောက်မဲက ပြည်သူတွေက အကြမ်းဖက် TNLA အခြေပြုနေတဲ့ နေရာ အတိအကျကို သတင်းပေးလို့ ဩဂုတ် ၂၈ ရက် ညသန်းခေါင်းယံချိန် လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ ပလောင်စစ်ဒေသမှူး တာထန်းကျော်အုပ်စုက ၅ ကောင်လောက် ဒန်းစီးပြီး DB ကား ၅စီးတိုက်တင်သွားတယ်” လို့ (မူရင်းအတိုင်း) ထပ်မံ ဝါဒဖြန့်ထားပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် Ko Thet ချန်နယ်လင့် – https://t.me/kothetjournalist9000/70791 

Myanmar Fact-checking Network အဖွဲ့ဝင်  အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးရေးထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ်လ ၂၇ ရက်နေ့က ကျောက်မဲမြို့ ရပ်ကွက် (၉) တိလင်ရပ်ရှိ အထက-(၂) စာသင်ကျောင်းကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုများတယ်ဆိုတဲ့ အကြောင်းအရာကို လွတ်လပ်သောသတင်းဌာန အပြင် ဒေသခံတွေ သက်ဆိုင်ရာ TNLA တပ်ကနေ တစ်စုံတစ်ရာ ထုတ်ပြန်ရေးသားတာ  အခုထိမတွေ့ရှိရသေးပါဘူး။

သျှမ်းပြည်အတွင်း အခြေစိုက်သတင်းဌာနဲ့ လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ (၁) ဦးသေဆုံး၊ (၂) ဦး ဒဏ်ရာရှိတယ်ဆိုပြီး ဖော်ပြထားကြပါတယ်။

သျှမ်းသံတော်ဆင့်က ဖော်ပြထားသော သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/Zvlys

သျှမ်းမြောက်ဒေသတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းက “ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ် စာသင်ကျောင်းကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ စာသင်ကျောင်းနဲ့ နေအိမ် ၅ လုံးထက်မနည်း ပျက်စီး” ဆိုပြီး ဖော်ပြထားပါတယ်။

ရွှေဖီမြေသတင်းဌာနရဲ့ သတင်းလင့်ခ် – https://shorturl.at/HeVon

ဒေသအခြေစိုက်သတင်းဌာနတွေမှာ ဖော်ပြထားတဲ့ သတင်းအပြင် သတင်းဌာနကြီးတွေမှာလည်း ရေးသားတင်ဆက်ထားတဲ့ သတင်းလင့်ခ်တွေကို ဒီမှာ ဖတ်ရှုပါ။

ဧရာဝတီသတင်းလင့်ခ် – https://www.youtube.com/watch?v=D5q-U_8Bt24 

သုံးသပ်ချက်

ကျောက်မဲမြို့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်စဉ်ဟာ မှန်ကန်ပါတယ်။

လေကြောင်းဗုံးကြဲမှုဖြစ်စဉ်အတွင်း TNLA တပ်သားတွေ သေဆုံးမှုတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ မကြာခဏ သတင်း ဖြန့်ချိမှုဟာ မှားယွင်းနေပါတယ်။

သတင်းအမှားဖြန့်ချိသူတွေက မတူညီတဲ့အကြောင်းအရာနဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး လိုသလို ချိတ်ဆက်ရေးသားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၇ ရက်နေ့က သီပေါမြို့ကို လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်မှာလည်း TNLA တပ်သားတွေ သေဆုံးတယ်ဆိုပြီး သတင်းအမှားဖြန့်ချိခဲ့ဖူးပါတယ်။ အဲ့ဒီသတင်းအမှားကို သျှမ်းသံတော်ဆင့်က စီစစ်ခဲ့ပါတယ်။

စစ်ဆေးတွေ့ရှိချက် – https://shorturl.at/vLBCx

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .