သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ သတင်းအမှားဖြန့်
Share:FacebookX

သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်လို့ သတင်းအမှားဖြန့်

 

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၂၈ ရက်

သျှမ်းပြည် သီပေါမြို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး ဖြန့်ချိနေပါတယ်။

စစ်ကောင်စီကို ထောက်ခံရေးသားလေ့ရှိတဲ့ View of Sue တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “သတင်းအရ TNLA တွေ ခိုအောင်းနေထိုင်သော စာသင်ကျောင်းကို ဗုံးကြဲရှင်းလင်း” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၀,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/rNsC6

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးမှုပြုလုပ်တဲ့အခါ လုပ်ကြံဖန်တီးရေးသားထားတဲ့ ဝါဒဖြန့်သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

၂၀၂၄ သြဂုတ် ၂၇ ရက်နေ့က သီပေါမြို့ပေါ် ရပ်ကွက်များကို စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာနဲ့ Y-12 ထောက်ပို့ လေယာဉ်နှစ်စီးနဲ့ လေကြောင်းကနေ အပြန်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့ဖြစ်စဉ် မှန်ကန်ပါတယ်။

ဒါပေမဲ့ ဗုံးကြဲမှုဖြစ်စဉ်အတွင်း TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်ဆိုပြီး သတင်းဌာနမှာ ဖော်ပြထားခြင်းမရှိပါ။

ဒေသအတွင်း သတင်းဌာနနဲ့ လွတ်လပ်ပြီး ယုံကြည့်စိတ်ချရသော သတင်းဌာနတွေမှာ အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံကို ကိုးကားပြီး ဖော်ပြထားကြပါတယ်။

သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသော သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ 

သတင်းလင့်ခ် – https://shorturl.at/WV3GQ

အလားတူ သျှမ်းမြောက်ဒေသအတွင်း သတင်းဌာနဖြစ်တဲ့ ရွှေဖီမြေသတင်းက “ သီပေါမြို့ပေါ်ရှိ စာသင်ကျောင်း ၂ ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲခံလို့ အမျိုးသား ၂ ဦးသေဆုံး” ဆိုပြီး ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/HbZuc

ပြည်သူတွေအိပ်မောကျနေစဉ် နံနက်အစောပိုင်းမှာ Y-12 လေယာဉ်နဲ့ ဗုံးအလုံး ၅၀ ကျော် တိုက်ခိုက်ခဲ့တဲ့အပြင် ဂျက်ဖိုက်တာနဲ့လည်း ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၂ ဦးသေ၊ ၂ ဦး ဒဏ်ရာရကြောင်း  ဧရာဝတီ (မြန်မာပိုင်း) သတင်း သြဂုတ် ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။

သတင်းလင့်ခ် – https://shorturl.at/XfYOP

သုံးသပ်ချက်

သတင်းအမှားဖြန်ချိသူတွေက မတူညီတဲ့နေရာ၊ အကြောင်းအရာ ဓာတ်ပုံတွေကိုအသုံးပြုပြီး “ သီပေါမြို့ကို ဗုံးကြဲတိုက်ခိုက်ရာ TNLA တပ်ဖွဲ့ဝင်တွေ သေဆုံးတယ်” ဆိုပြီး သတင်းအမှားဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေက အရပ်သားပြည်သူများရှိရာနေရာများကို စစ်ကောင်စီ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအပြီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေ တိုင်းရင်းသားလက်နက်ကိုင်တွေ တပ်စွဲထားတဲ့ နေရာလို့လည်း လိမ်လည်ပြီး ဝါဒဖြန့်ချိကြပါတယ်။

 ဒီလိုဝါဒဖြန့်ချိမှုကို Myanmar Fact-checking Network က စစ်ဆေးရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။  

သတင်းလင့်ခ် – https://shorturl.at/lCddB 

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .