Justice Soldier PDF ခေါင်းဆောင် DKBA ထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

Justice Soldier PDF ခေါင်းဆောင် DKBA ထံ အလင်းဝင်တယ်ဆိုတဲ့ သတင်းအမှား

Justice Soldier PDF ခေါင်းဆောင် ကိုဇွဲ က ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ထံ အလင်းဝင်လိုက်ပြီ ဖြစ်တယ်လို့ People Media telegram channel က ဩဂုတ်လ ၂၄ ရက်မှာ ဖော်ပြပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကာယကံရှင် ကိုဇွဲကိုယ်တိုင် live လွှင့်ရှင်းပြထားတာနဲ့ ကျားဖြူစစ်ကြောင်းကို မေးမြန်းစုံစမ်းချက်တွေအရ people media တယ်လီဂရမ်ချန်နယ်ရဲ့ဖော်ပြချက်ဟာ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ် ။

People Media ရဲ့ တယ်လီဂရမ်ချန်နယ်ဟာ subscriber တစ်သိန်းခြောက်သောင်းကျော်ရှိပြီး အထက်ပါ ဖော်ပြချက် ကိုတော့ ရုပ်သံအနေနဲ့ ဖော်ပြချက်မှာ ကြည့်ရှုသူ ရှစ်သောင်းခြောက်ထောင်ကျော်၊ ရေးသားဖော်ပြချက်မှာ ငါးသောင်းကျော်က မြင်တွေ့ထားပါတယ်။

အောက်ဖော်ပြပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။

Text link – https://archive.ph/2024.08.27-110323/https://t.me/peoplemedianews/61936
Video link – https://archive.ph/2024.08.27-120431/https://t.me/peoplemedianews/61939

◾ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ ကိုဇွဲ နုတ်ထွက်

ရဲဘော်မန်းဇွဲ (ကိုဇွဲ) ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ကွပ်ကဲမှု အောက်မှာရှိတဲ့ ကျားဖြူစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

အဲဒီလို ထမ်းဆောင်နေရာကနေ ဩဂုတ်လထဲမှာ စစ်ကြောင်းမှူးတာဝန်ကနေ နုတ်ထွက်ခဲ့ပါတယ်။

စစ်ကြောင်းမှူးတာဝန်ကနေ ၎င်းကိုယ်တိုင် နုတ်ထွက်ခွင့် တောင်းဆိုတယ်ဆိုတဲ့ စာနဲ့ ဩဂုတ်လ ၂၁ ရက်စွဲနဲ့ တောင်ပိုင်းစစ်ဒေသ စစ်ရေးချုပ်ကိုယ်တိုင် လက်မှတ်ထိုးပြီး နုတ်ထွက်ခွင့်ပြုလိုက်တဲ့ စာတို့ကို ကိုဇွဲရဲ့ လူမှုကွန်ရက်စာမျက်မှာ ဖော်ပြအသိပေးခဲ့တာပါ။

အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ ကိုဇွဲရဲ့ post link – https://www.facebook.com/share/p/TxUhSK8wRRgabPnn/?mibextid=qi2Omg

◾Justice Solider PDF အဖြစ်ပြန်ရပ်တည်

ကိုဇွဲ ဦးဆောင်တဲ့ Justice Soldier PDF အဖွဲ့ဟာ အရင်ကတည်းက သီးသန့်ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ကွပ်ကဲမှုအောက်ကို ဝင်ခဲ့ပါတယ်။

အခု ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ ကိုဇွဲနဲ့ သူ့ရဲဘော်တွေ နုတ်ထွက်လာပြီးနောက်မှာတော့ အရင်အတိုင်း Justice Soldier PDF တပ်ဖွဲ့ အဖြစ်ပဲ ပြန်လည်ရပ်တည်နေတာလို့ ကိုဇွဲက Justice Soldier PDF Facebook page ကနေ ဩဂုတ်လ ၂၅ ရက်ညက live လွှင့်ရာမှာ ပြောကြားခဲ့ပါတယ်။

live လွှင့်ထားတာကို အောက်ဖော်ပြပါလင့်ရဲ့ ၂၄မိနစ် ၃၀ စက္ကန့်ကနေ ၂၆ မိနစ်အထိမှာ ကြည့်နိုင်ပါတယ်။ Justice Soldier PDF live link – https://www.facebook.com/share/v/N27DNaNFYAostZfm/?mibextid=xfxF2i

YouTube မှာ ဖော်ပြတဲ့ ကိုဇွဲရှင်းလင်းထားတဲ့ ရုပ်သံမှတ်တမ်းကိုလည်း အောက်ဖော်ပြပါလင့်မှာ ကြည့်နိုင်ပါတယ်။ Justice Soldier YouTube link – https://youtu.be/Egf-7DkMWFE?feature=shared

ကိုဇွဲ DKBA ထံ အလင်းဝင်တယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ကိုဇွဲတာဝန်ထမ်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်း စစ်ဒေသ၊ အမှတ် ၃ စစ်ဒေသခွဲ ကွပ်ကဲမှု အောက်မှာရှိတဲ့ ကျားဖြူစစ်ကြောင်းကို Dawei Watch က ဆက်သွယ် မေးမြန်း ကြည့်ရာမှာလည်း စစ်ကောင်စီရဲ့ဝါဒဖြန့်မှုသာ ဖြစ်တယ်လို့ ပြန်လည်ဖြေကြားပါတယ်။

◾သုံးသပ်ချက်

ကိုဇွဲဟာ ကျားဖြူစစ်ကြောင်းကနေ နုတ်ထွက်ခဲ့တာ မှန်ကန်ပါတယ်။ ဒါပေမဲ့ DKBA အဖွဲ့ထံမှာ လက်နက်နဲ့ အလင်းဝင်လိုက်တယ်ဆိုတာက မှားယွင်းနေပါတယ်။

ကိုဇွဲဟာ အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကနေ နုတ်ထွက်ချိန်မှာ စစ်ကောင်စီအာဘော်ရေးသားနေတဲ့ မီဒီယာက အချိန်ကိုက် ပုံမှားရိုက် သတင်းအမှားဖြန့်ချိခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .