သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကိုသုံးပြီး ကိုးကန့်တပ်ဖွဲ့က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကိုသုံးပြီး ကိုးကန့်တပ်ဖွဲ့က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှု ပြုလုပ်နေတယ်ဆိုတဲ့ သတင်းအမှား

 

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ်၂၇ ရက်

ကိုးကန့်တပ်ဖွဲ့ MNDAA က လိမ်လည်လှည့်ဖျား လူသစ်စုဆောင်းမှုကို ပြုလုပ်နေတယ်ဆိုပြီး သတင်းဌာနတွေရဲ့ တင်ဆက်မှုပုံတွေကို သုံးကာ ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ် ဟန်ငြိမ်းဦးချန်နယ်ကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး “ လူသစ်မစုပါဘူး၊ ဘာညာဆိုပြီး ကတိတွေပေး၊ တစ်ဖက်လှည့်နဲ့ လူသစ်စုနေတာ ဖြစ်ပါတယ်။ ဘယ်လူငယ်ကမှ သူတို့သူပုန်ဘဝ ထဲကိုမဝင်ချင်ကြဘူး” လို့ (မူရင်းအတိုင်း) ရေးသားဖြန့်ဝေထားပါတယ်။

အဲ့ဒီသတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၇,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/M2u51

 Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေနဲ့ အဲ့ဒီအကြောင်းအရာကို စစ်ဆေးကြည့်တဲ့အခါ မတူညီတဲ့နေရာက ဓာတ်ပုံတွေကို အသုံးပြုပြီး လိုသလို ချိတ်ဆက်ရေးသားဖြန့်ချိထားတာကို တွေ့ရပါတယ်။

သတင်း စစ်ဆေးတွေ့ရှိချက်

သတင်းအမှားဖြန့်ချိသူတွေ ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ ကိုးကန့်သတင်းဌာနက “ဗမာရဲဘော် ၁၃ ဦးသည် MNDAA တပ်မတော်တွင် ပါဝင်ရန် ကတိသစ္စာပြုခဲ့သည်” ဆိုပြီး သြဂုတ် ၂၅ ရက်နေ့က ထုတ်ပြန်တဲ့    သတင်းဓာတ်ပုံသာ ဖြစ်ပါတယ်။

မူရင်းလင့်ခ် ဓာတ်ပုံ – https://shorturl.at/6OEFc

ဒေသအတွင်း သတင်းဌာနနှင့် လွတ်လပ်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနတွေမှာလည်း အဲ့ဒီလို ဖော်ပြထားကြပါတယ်။

၂၀၂၄ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှာ People’s Spring သတင်းဌာနက “ဗမာလူမျိုး ၁၃ ဦး MNDAA တပ်သားအဖြစ် ဝင်ရောက်” ဆိုကာ သတင်းမှာဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို အောက်ကလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

သတင်းလင့်ခ် – https://shorturl.at/L9yju

သို့သော် သျှမ်းမြောက်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနမှာ လားရှိုးမြို့နယ်အတွင်းရှိ တအာင်းရွာတွေကို MNDAA ကတပ်သားသစ် စုဆောင်းနေကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် သတင်းလင့်ခ် – https://shorturl.at/KzEWP

MNDAA တပ်သားသစ် စုဆောင်းခြင်းနဲ့ ပတ်သက်ပြီး သိန္နီမြို့ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “တရုတ်လူမျိုးတွေဆိုရင် မလွတ်ဘူး။ အခြားလူမျိုးတော့ အတင်းမကောက်ဘူး။ ဒါပေမဲ့ စိတ်ပါရင်တော့ ဝင်လို့ရတယ်။ တချို့သျှမ်းတပ်ထဲ စာရင်းပါပြီး မလုပ်ချင်တော့ ကိုးကန့်တပ်ထဲ ဝင်သွားတာမျိုးရှိတယ်” လို့ ပြောပါတယ်။

သုံးသပ်ချက်

ဗမာရဲဘော် ၁၃ ဦးဟာ MNDAAတပ်မတော်မှာ တာဝန်ထမ်းဆောင်ဖို့ ကတိသစ္စာပြုခဲ့တာ မှန်ပါတယ်။ 

ကိုးကန့်တပ်ဖွဲ့ MNDAA က လိမ်လည်လှည့်ဖျားပြီး အတင်းအားဓမ္မ လူသစ်စုဆောင်းမှုကို ပြုလုပ်နေတယ်ဆိုပြီး စစ်ကောင်စီဝါဒဖြန့်ချိသူတွေရဲ့ ဖြန်ချိမှုဟာ မှားယွင်းနေပါတယ်။ 

ဗမာလူမျိုးများကို အတင်းအားဓမ္မ ခြိမ်းခြောက် စစ်မှုထမ်းခိုင်းတယ်ဆိုတဲ့ ဖော်ပြချက်က ဒေသတွင်းနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးအချင်းချင်းကြား မုန်းပွားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအမှားဖြစ်ပါတယ်။  

Myanmar Fact-Checking Network စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screenshot ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် https://www.facebook.com/myanmarfactcheckingnetwork

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .