ကျိန္တလီမြို့တိုက်ပွဲမှာ AA ဘက်က အကျအဆုံးများပြားနေပြီး အသက်မပြည့်သေးတဲ့ ကလေးစစ်သားအလောင်းတွေ ပါတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ကျိန္တလီမြို့တိုက်ပွဲမှာ AA ဘက်က အကျအဆုံးများပြားနေပြီး အသက်မပြည့်သေးတဲ့ ကလေးစစ်သားအလောင်းတွေ ပါတယ်ဆိုတဲ့ သတင်းအမှား

Fact Check၊ AEN/ MPA

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တိုက်ပွဲမှာ AAဘက်က အကျအဆုံးများပြားနေပြီး စစ် ကောင်စီ
တပ်က ရရှိတဲ့ အလောင်း တွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သားအလောင်းတွေ ပါရှိတယ်ဆိုပြီး Ko Thet အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၂၁ ရက်နေ့ကစပြီး ဓာတ်ပုံတွေနဲ့ ဖြန့်ချိနေပါတယ်။

အဲဒီဖော်ပြချက်ကို Myanmar Pressphoto Agency နဲ့ Arakan Express News သတင်းဌာနတို့က ဩဂုတ်လ ၂၁ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

Ko Thet တယ်လီဂရမ်ချန်ဟာ subscriber 133,200 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ 113,800 ကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် https://archive.ph/s2lwu

◾ သတင်းအမှားစိစစ်ချက်

ဖော်ပြပါသတင်းအချက်အလက်ကို Myanmar Pressphoto Agency နဲ့ Arakan Express News သတင်းဌာနတို့က ဩဂုတ်လ ၂၃ မှာ စစ်ဆေးကြည့်ရာမှာတော့

ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြထားတဲ့သတင်းတွေမှာတော့ Ko Thet တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို မတွေ့ရှိရပါ။

ရခိုင်ပြည်၊ ကျိန္တလီမြို့ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီဘက်မှ လေကြောင်းက နေအကြိမ်ကြိမ်လာရောက်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေသေဆုံးနေရကြောင်း ဒွါရာဝတီသင်း ဌာနကို တိုက်ပွဲအတွင်းမှထွက်ပြေးလွတ်မြောက်လာသူတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

ဒါ့အပြင်တိုက်ပွဲတွေအတွင်းမှာ ထိခိုက်သေဆုံး၊ ဒဏ်ရာရခဲ့တဲ့သူတွေကို အာရက္ခတပ်တော် AA မှ ကူညီကယ် ဆယ်နေတယ်လို့ တိုက်ပွဲအတွင်းမှ လွတ်မြောက်ခဲ့သူတွေက ပြောကြားထားပါတယ်။ စစ်ကောင်စီဘက်မှ AA က ကူညီကယ်ဆယ်နေပုံတွေကို လိုသလိုယူသုံးပြီး AAတပ်သားတွေ အထိခိုက်များသေဆုံးကြောင်း ဝါဒဖြန့် နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဒွာရဝတီသတင်းဌာနရဲ့ သတင်းဖော်ပြချက်လင့်ခ် https://shorturl.at/93R7b

အဲ့ဒီလို ထိန်းချုပ်ထားတာကြောင့် စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်နေ ပြီး အရပ်သားပြည်သူတွေ သေဆုံးမှုများရှိနေတာကိုလည်း သတင်းဖော်ပြမှုများအရ သိရပါတယ်။

ဒါကြောင့် ကျန္တလီတိုက်ပွဲမှာ စစ်တပ်က အားသာနေပြီး ၊AAဘက်က များစွာကျဆုံးဆုတ်ခွာနေရကာ ကလေးစစ်သည်အလောင်းတွေ စစ်တပ်က ရရှိတယ်လို့ ဖြန့်ချိမှုဟာ သတင်းအမှားသာဖြစ်တယ်လို့ စီစစ်တွေ့ရှိရပါတယ်။

လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော်ဘက်က ထိုးစစ်ဆင်နေမှုဟာလည်း ကျိန္တလီကို ကျော်လွန်လာပြီး တိုက်ပွဲတွေလည်း ဆက်တိုက်ဖြစ်နေတဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း နိရဉ္စရာသတင်းဌာနရဲ့ ဖော်ပြချက်အရသိရပါတယ်။

AA အနေနဲ့ အထိအခိုက် အကျဆုံးများပြားတယ်ဆိုပါက ထိုးစစ်ဆက်လက်ဆင်နိုင်မည်မဟုတ်ခြင်းကြောင့် သတင်းမှားဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

နိရဉ္စရာရဲ့ သတင်းဖော်ပြချက် https://shorturl.at/RnqY6

လက်ရှိအချိန်မှာတော့ စစ်ကောင်စီအနေနဲ့ ကျိန္တလီမြို့ကို လေကြောင်းအပြင် ရေကြောင်းနှင့် ဂွအခြေစိုက် တပ်ရင်းများမှ လက်နက်ကြီးပစ်ကူများဖြင့် နေ့စဉ်တိုက်ခိုက်နေလို့ နေအိမ်အဆောက်အအုံ၊ ဈေးအပါအဝင် ဘာသာရေးအဆောက်အုံ ပျက်စီးမှုများရှိနေကြောင်း Development Media Group မှ သတင်းဖော်ပြထား တာတွေ့ရပါတယ်။

Development Media Group ရဲ့ သတင်းဖော်ပြချက် လင့်ခ် https://shorturl.at/jIbQm

◾သတင်းစိစစ်ချက်

– Ko Thet တယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားတဲ့ “ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တိုက်ပွဲမှာ AA ဘက်က အကျအဆုံးများပြားနေပြီး စစ်တပ်ကရရှိတဲ့ အလောင်းတွေမှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သား အလောင်းတွေ ပါရှိတယ်” ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

Ko Thet တယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားတဲ့ AAတပ်သားတွေသေဆုံးနေတယ်ဆိုတဲ့ပုံတွေမှာ ဘယ်အဖွဲ့က ယူနီဖောင်းဝတ်ထားသူတွေမှန်း ခွဲခြားမရနိုင်တဲ့ပုံတွေဖြစ်နေပါတယ်။ ဒေသတွင်းယုံကြည်ရတဲ့ သတင်းတွေမှာ ဖော်ပြထားတဲ့ သတင်းအချက်အလက်တွေမှာလည်း AA စစ်သားတွေအများအပြားသေဆုံးခဲ့တဲ့ သတင်းမပါဝင်ပဲ AA ဘက်မှသာ စစ်ရေးအသာစီးနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတဲ့သတင်းတွေကို တွေ့နေရပါတယ်။

စစ်ကောင်စီအနေနဲ့ စစ်သားတွေ၊ ဒေသခံတွေသေဆုံးမှုကို မကြာခဏဆိုသလို ပုံမှားရိုက်ပြီး လိုသလိုအသုံးချ ဝါဒဖြန့်မှုတွေကို လုပ်ဆောင်လေ့ရှိပါတယ်။ တိုက်ပွဲတိုင်းမှာအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ပုံရိပ်အမှန်ကို ဖုံးကွယ်လိုတာကြောင့် ဒီလိုမကြာခဏလုပ်ဆောင်လေ့ရှိတာကိုလည်း စိစစ်တွေ့ရှိရပါတယ်။

◾သုံးသပ်ချက်

လက်ရှိအချိန်မှာ စစ်ကောင်စီကတော့ ကျိန္တလီနဲ့ဂွမြို့ကြားရှိ ကျောက်ပါးစပ်၊ ကုလားပြင်၊ ကိုင်းခုံ၊ ဆပ်သွား၊ ကြွေချိုင်၊ တိုင်ကျိုး၊ မော်ရွှေချိုင်နဲ့ ကမ်းသာယာ စတဲ့နေရာတွေမှာ တပ်ဖြန့်ထားပြီး အေအေရဲ့ထိုးစစ်ကို ခုခံရန်ဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ခံစစ်အနေနဲ့ပြင်ဆင်ထားရကြောင်း ဒေသတွင်းယုံကြည်ရတဲ့ မီဒီယာတွေရဲ့ဖော်ပြမှုတွေက နေစိစစ်တွေ့ရှိရတဲ့အတွက် ထိုးစစ်အသာရနေတဲ့ အာရက္ခတပ်တော်မှ သေဆုံးမှုများပြားနေတယ်ဆိုတဲ့ သတင်းတွေဟာ ဝါဒဖြန့်သတင်းအမှားသာဖြစ်ပါတယ်။

ယခုလိုအမှန်မဟုတ်တဲ့ သတင်းအချက်အလက်တွေ ပျံ့နှံံလာခြင်းဟာ စစ်ကောင်စီရဲ့အချိန်ကိုက်လိုသလို အသုံးချ ဝါဒဖြန့်မှုကြောင့်သာဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။ ထိရှလွယ်တဲ့ ရခိုင်ပြည်သူလူထုနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တစ်ဖက်လှည့်နဲ့ ရန်တိုက်ပေးမှုသာဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ အမုန်းတရားတွေနဲ့ ပဋိပက္ခမီး ပိုမိုကြီးမားစေဖို့အတွက် စစ်ကောင်စီဟာ ရသမျှသော အချက်အလက်အတုတွေနဲ့ ဝါဒဖြန့်နေတာကိုလည်း ပိုမိုသတိထားနိုင်ဖို့ မီးမောင်းထိုးပြနေတာဖြစ်ကြောင်း စိစစ်တင်ပြပေးလိုက်ရပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ Myanmar Pressphoto Agency နဲ့ AEN တို့လို မီဒီယာတွေရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .