စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွင် ရန်သူ့ဘက်တော်သားအဖြစ် တံဆိပ်ကပ်ခံနေရသော အရပ်သားပြည်သူများ
Share:FacebookX

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွင် ရန်သူ့ဘက်တော်သားအဖြစ် တံဆိပ်ကပ်ခံနေရသော အရပ်သားပြည်သူများ

Aug 26 2024 by Haythar / MPA

“လားရှိုးမှာ ရှော့တိုက်ဒုံးတစ်လုံးကျရင် လောက်ကိုင်ကို ပေါင် ၁၀၀၀ နှစ်လုံး ချလိုက် လေယာဥ်နဲ့ ၊ ဒလန်ဆိုပြီး PDF က ရွာထဲဝင်ပြီး သတ်ရင် ထောင်ထဲမှာ အမိန့်ကျပြီးသား နှစ်ယောက်ကိုသတ်လိုက် လွယ်လွယ်လေးရယ် “ ဆိုပြီး ဘူးလက်လှဆွေရဲ့ တစ်တော့ခ် အကောင့်မှာ ၂၀၂၄ ဇူလိုင် ၁၄ ရက်က ပြောဆိုထားပါတယ်။

ဒါဟာ အကြမ်းဖက်မှုနှင့် စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ကျူးလွန်အောင် သွေးထိုးလှုံ့ဆော်လိုက်နေတာ ဖြစ်ပါတယ်။ လက်နက်ကိုယ်စီကိုင်ထားတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲမှာ ကြား ထဲက အပြစ်မဲ့သူတွေကို အကြောက်တရားနဲ့ ရှင်သန်လိုစိတ်၊ သေကြေပျက်စီးစေလိုတဲ့ သဘောနဲ့ ပြောလိုက် တာမျိုး ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တပ်နဲ့ ပူးပေါင်းတပ်တွေ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းဖော်ဆောင်လာပြီး နောက်ပိုင်း စစ်ကောင်စီတပ်က ပြည်သူတွေနေထိုင်ရာ ကျေးရွာ၊ ရပ်ကွက်၊ မြို့တွေအပေါ်လေယာဥ်နဲ့ဗုံးကြဲတိုက် ခိုက်မှုတွေ ဆက်တိုက်ဆိုသလို​ လုပ်ဆောင်လာခဲ့​​ပါတယ်။

၁၀၂၇ ဒုတိယစစ်ဆင်ရေးမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲ၊ လားရှိုးမြို့၊ စဥ့်ကူး၊ ကွတ်ခိုင်၊ မတ္တရာ မြို့ တွေမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ လောက်ကိုင်မြို့၊ သိန္နီမြို့က အရပ်သားပြည်သူတွေ ရှိတဲ့ နေရာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့ပါတယ်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ စစ်တပ်လေယာဥ်နဲ့ဗုံးကြဲချတဲ့နေရာတွေက အရပ်သားပြည်သူ တွေမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDFအဖွဲ့တွေပဲ ရှိတဲ့နေရာတွေလို့ ရေးသားဖော်ပြနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီ ထောက်ခံတဲ့ ဆိုရှယ်မီဒီယာ အသုံးပြုသူများက တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာ ဒေသ၊ ဌာနချုပ်တို့ကို မီးလောင်တိုက်သွင်းရန် လေကြောင်းက တဆင့် ဗုံးကြဲ တိုက်ခိုက်ရန် မကြာခဏလှုံ့ဆော် တာတွေကို MPAရဲ့ လေ့လာစောင့်ကြည့်မှုများအရ သိရပါတယ်။

ဗုံးကြဲရန် ပြောဆိုတဲ့အစုအဖွဲ့မှာ စစ်ကောင်စီ ထောက်ခံပြီး ဝါဒဖြန့်ချိတဲ့တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့မှိုင်းဝေ၊ ကိုသက်၊ ဘညွန့်၊ ဟန်ငြိမ်းဦး၊ ကျော်စွာ၊ Snow Queen ၊ ကိုနှင်းမောင်၊ မင်းဒင်တို့ ဖြစ်ပါတယ်။

စစ်တပ် ထောက်ခံသူများ ယုံကြည်လာဖို့ လူလုံးထွက်ပြပြီး ဝါဒမှိုင်းသွတ်သွင်းနေသူတွေကတော့ နောင်တော် လေး၊ သဇင်ဦး၊ ကျော်စိုးဦး၊ အောင်မိုးကျော်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမတ်ဟောင်း ဘူးလက်လှဆွေတို့ ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထိန်းချုပ်ထားတဲ့ဖေ့ဘွတ်ခ်အကောင့်တွေနဲ့ စစ်တပ်အားပေး ဝါဒဖြန့်ချိသူတွေကို ဖေ့ဘွတ်ခ်က ဖယ်ရှားခဲ့ပါတယ်။ ဒါကြောင့် အစားထိုးအနေနဲ့ တယ်လီဂရမ်မှာ ခြေကုပ် ယူပြီး ဆန့်ကျင်ဘက် အင်အားစုများကို သတင်းတုသတင်းမှားများ၊ အသက်အန္တရာယ်နဲ့ ပုဂ္ဂလိက လုံခြုံရေးခြိမ်း ခြောက်မှုများ၊ ဖမ်းဆီးရန်လှုံ့ဆော်မှုများ၊ လေကြောင်းတိုက်ခိုက်မှုအကြောင်းအရာတွေနဲ့ တိုက်ခိုက်နေကြပါ တယ်။

တယ်လီဂရမ်ကချမှတ်ထားတဲ့ မူဝါဒ၊ နိုင်ငံတကာ စံချိန်စံညွှန်း၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနဲ့ အလုံး စုံသွေဖီနေသော်လည်း တယ်လီဂရမ်က ဖိဖိစီးစီး အရေးယူဆောင်ရွက်ခြင်းမျိုးမရှိသေးဘူး”လို့ စစ်ကောင်စီ တပ်နှင့် ဝါဒဖြန့်ချိသူတွေကို ဆိုရှယ်မီဒီယာတွင် လေ့လာစောင့်ကြည့်၍ အစီရင်ခံစာများ ထုတ်ပြန်ပေးလေ့ ရှိ သော The Red Flagက ဖော်ပြထားပါတယ်။

◼ စစ်ကောင်စီတပ်ဝါဒဖြန့်ချန်နယ်များက အရပ်သားပြည်သူတွေရှိတဲ့ နေရာများကို ဗုံးကျဲရန် လှုံ့ဆော်မှုများ

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ဆိုရှယ်မီဒီယာကို လက်နက်တစ်ခုသဖွယ် အသုံးပြုနေတဲ့ စစ်ကောင်စီ ထောက်ခံသူတွေက လေကြောင်းက ဗုံးကြဲရန် လှုံ့ဆော်အခါတော်ပေးခြင်း၊ တကယ်ကြဲမကြဲစောင့်ကြည့်ခြင်း၊ ဗုံးကြဲခြင်းကိုကောင်းချီးဩဘာပေးခြင်းနှင့်ဗုံးကြဲသည့်နေရာတွင် ပြည်သူမနေထိုင်ဘဲ သောင်းကျန်သူသာကျန်ရှိ သည် ဟု ဝါဒဖြန့်ချိမှုများ ဆက် တိုက် လုပ်ဆောင်လာတယ်လို့ The Red Flagက ထုတ်ပြန်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့နှင့် မဟာမိတ်အဖွဲ့တွေ မြို့ သိမ်းတိုက်ပွဲ ဖော်ဆောင်ခဲ့တဲ့မြို့တွေကို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက လေကြောင်းကနေဗုံးကြဲဖို့ ဆက်တိုက်လှုံ့ ဆော်နေကြတာကို MPA သတင်းအချက်အလက်စစ်ဆေးရေးအဖွဲ့က လေ့လာစောင့်ကြည့်မှုများ အရ တွေ့ရှိရပါတယ်။

“နရီမိုး”ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က သြဂုတ် ၇ရက်မှာ လူမျိုးရေးကို ပစ်မှတ်ထားပြီး ပလောင်တိုင်းရင်းသား တွေ နေထိုင်တဲ့ နမ့်ဆန်နဲ့ မန်တုံမြို့တွေရဲ့ အဓိကနေရာတွေကိုဗုံးကြဲဖို့ စာရေးသားပြီး လှုံ့ဆော်ထားပါတယ်။ မူရင်းလင့်ခ် ကို https://archive.ph/H7359 မှာကြည့်နိုင်ပါတယ်။

“နရီမိုး”တယ်လီဂရမ်ချန်နယ်ကနေ ပလောင်တိုင်းရင်းသားတွေနေတဲ့ နမ့်ဆန်နဲ့မန်တုံကို သြဂုတ် ၇ရက်မှာ ဗုံးကြဲ ဖို့ လှုံ့ဆော်ပြီးနောက် စစ်တပ်က သြဂုတ် ၁၂ရက် ညပိုင်းမှာ ဗုံးခြောက်လုံး လေယာဥ်နဲ့ကြဲချခဲ့တာကြောင့်ပြည်သူ အမျိုးသားနှစ်ဦးထိခိုက်သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတွေနဲ့ TNLAဘက်က ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။ သတင်းအပြည့်စုံလင့်ခ် https://shorturl.at/xk2Ks မှာကြည့်နိုင်ပါတယ်။

“BAK24 News” တယ်လီဂရမ်ချန်နယ်ကလည်း မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတဲ့ မြို့တွေကို “ချက်ချင်း ဖြစ်ရင် ချက်ချင်းဗုံးကြဲပါ” လို့ သြဂုတ် ၃ ရက်က ရေးတင်ထားပါတယ်။ မူရင်းလင့်ခ်ကို https://archive.ph/Rsugc မှာ ကြည့်နိုင်ပါတယ်။

“Michael Saw” တယ်လီဂရမ်ချန်နယ်က နောင်ချိုမြို့နယ် တောင်ခမ်းရွာအနီးက ယာပြင်၊နောင်တော၊ မဲပုတ်​ရွာ တွေကို Google mapမှာ နေရာဝိုင်းပြပြီး သြဂုတ် ၁၀ရက်မှာ ပြည်သူတွေမရှိတော့ကြောင်းနဲ့ စိစိညက်ညက်ချေ လိုက်ပါလို့ဆော်ထားပါတယ်။ မူရင်းလင့်ခ်ကို https://archive.ph/rnBq0 မှာ ကြည့်နိုင်ပါတယ်။

မိုးကုတ်မြို့ကို TNLA နဲ့ မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်တွေ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေချိန်မှာ ဒယ်အိုးပုံစံ မြို့ ကို ခရုပတ်ပုံစံနဲ့ ဗုံးကျဲပြီး အကုန်ပြာချဖို့ “ဆင်ဖြူရှင်” ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က စာရေးသားလှုံ့ဆော်ခဲ့ပါ တယ်။ မူရင်းလင့်ခ်ကို https://archive.ph/JTXXt မှာ ကြည့်နိုင်ပါတယ်။

“Thazin Oo” ဆိုတဲ့တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၃ရက်​မှာ နေရာသုံးခုကို ပေါင် ၁၀၀၀ ဗုံးနဲ့ ကြဲချဖို့တောင်း ဆိုထားပြီး “ရွာတွေမှာ ပြည်သူတွေမရှိတော့ဘူး၊သူပုန်နဲ့သူပုန်အားပေးတွေပဲရှိတော့တယ် “လို့ ရေးသား ထားပါ တယ်။ မူရင်းလင့်ခ်ကို https://archive.ph/AZ6Zw မှာကြည့်နိုင်ပါတယ်.

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဖို့ စစ်တပ်ထောက်ခံသူတွေ ဝါဒဖြန့်ချိမှုအများဆုံးလုပ်တဲ့နေရာက တယ်လီ ဂရမ်ချန်နယ်တွေ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဗုံးကြဲရန် လှုံ့ဆော်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တဲ့ဖြစ်စဥ်တွေရှိသလို ဗုံးကြဲပေးခဲ့တဲ့အတွက်လည်း ဂုဏ်ယူသလို ရေးသားဖြန့်ဝေတာတွေရှိပါတယ်။
မိုးကုတ်မြို့ကို ဗုံးကြဲပေးဖို့ စစ်တပ်ဝါဒဖြန့်ချန်နယ်တွေမှာ လှုံ့ဆော်ပြီးနောက် “Sittnweoo” (မနောမြေ) တယ်လီ ဂရမ်ချန်နယ်က မိုးကုတ်ကိုလေယာဥ်တက်သွားကြောင်းနဲ့ ပြည်သူမရှိတာကြောင့် ပြာချလို့ရတယ်ဆိုပြီး ရေး ထားပါတယ်။

အမှန်တကယ်တော့ မိုးကုတ်မြို့ကို TNLA တပ်နဲ့ မိုးကုတ် ဗျူဟာပူးပေါင်းတပ်တွေ သိမ်းပိုက်နေချိန်မှာ ပြည်သူတွေအားလုံး မြို့တွင်းထဲမှာပိတ်မိခဲ့ကြပြီး စစ်ရှောင်လို့မရတဲ့အခြေအနေကို ကြုံတွေ့ခဲ့ရတာလို့ သတင်း မီဒီယာတွေမှာ ဖော်ပြခဲ့ကြပါတယ်။

အလားတူ မိုးကုတ်မြို့ကို TNLA နဲ့ပူးပေါင်းတပ်က ၂၀၂၄ ဇူလိုင် ၂၄ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြပါ တယ်။ TNLA နဲ့ပူးပေါင်းတပ်တွေကို ပြည်သူတွေက သပြေပန်းနဲ့ ကြိုဆိုနေကြ ဓာတ်ပုံတွေကို အသုံးပြုပြီး စစ်​ကောင်စီတပ်ထောက်ခံသူတယ်လီဂရမ်ချန်နယ်တွေက လေကြောင်းတိုက်ခိုက်ဖို့ လှုံ့ဆော်တဲ့စာသားတွေ ရေးသား ဖော်ပြလာကြပါတယ်။

“Kyaw Swar” တယ်လီဂရမ်ချန်နယ်က “မိုးကုတ်နီပိ​တ်အားပေးမြို့နော် မြေကြီးကျန်ရင်ရပြီ၊ လူမကျန်နဲ့ အဆောက်အဦး မကျန်နဲ့ ရတယ်၊ အခုမိုးကုတ်ကို တိုက်နေတာ ပလောင်ကုန်းက ပလောင်တွေပဲပြာချလို့ရတယ်” လို့ ဇွန် ၂၉ရက်မှာ ရေးသားဖော်ပြထားပါတယ်။ မူရင်းလင့်ခ်ကို https://t.me/kyawswar49111/12218 မှာ ကြည့်နိုင်ပါတယ်။

အရပ်သားနေရာများပေါ်ဗုံးကြဲရန် လှုပ်ဆော်မှုများနဲ့ပတ်သက်ပြီး “စစ်တပ်က မြေပြင်သူတို့ရဲ့ ခုခံတိုက်ခိုက်နိုင် စွမ်းတွေက ဘယ်လိုမှသူတို့အားရစရာမရှိဘူး။ ဒီတော်လှန်ရေးတပ်ဖွဲ့တွေကိုသူတို့မခုခံနိုင်ဘူးဆိုတဲ့ အခြေအနေ ကို တွေ့ရတယ်၊။ နောက်ဆုံးအနေနဲ့ သူတို့မှာတကယ်တမ်းလက်တွေ့မှာ ချေမှုန်းဖို့၊အမြစ်ဖြတ်ဖို့ ဘယ်လောက် ပဲ​ ပြောနေနေ လက်တွေ့မှာရင်ဆိုင်နေတဲ့ စစ်တပ်ကရှုံးပွဲအလီလီနဲ့ရင်ဆိုင်နေရတာမျိုးတွေ့ရတယ်။ ဆိုတော့ သူတို့ရဲ့အားသာချက်တစ်ခုအနေနဲ့ လေကြောင်းတိုက်ခိုက်ဖို့တောင်းဆိုနေကြတယ်။ ဗုံးကြဲပါတို့ပြာချပါတို့၊အမြစ် ဖြတ်ပါတို့ လေကြောင်းတိုက်စစ်အားဖြင့် လုပ်ပေးပါလို့ တောင်းဆိုနေတယ်လို့နားလည်ပါတယ်” လို့ Nyan Lynn Thit Analytica (နိုင်ငံရေး နှင့်သုတေသနအကြံပေး) ကိုမိုးထက်နေ က MPAကို ပြောပါတယ်။

◼ စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူများနေရာများပေါ် ဗုံးကြဲခဲ့မှုများ

စစ်ကောင်စီတပ်ထောက်ခံသူ ဝါဒဖြန့်ချန်နယ်တွေမှာအရပ်သားပြည်သူတွေနေရာကို လေကြောင်းတိုက်ခိုက်ဖို့ တောင်းဆိုပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းနဲ့တကယ် ဗုံးကြဲချမှုဖြစ်စဥ်​​တွေ ရှိပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ မြို့သိမ်းတိုက်ပွဲဖြစ်နေချိန်မှာ“လားရှိုးမှာ ရှော့တိုက်ဒုံးတစ်လုံးကျရင် လောက်ကိုင်ကို ပေါင် ၂၀၀ တစ်လုံးချလိုက် လေယာဥ်နဲ့ ဆိုပြီး ဘူးလက်လှဆွေရဲ့ တစ်တော့အကောင့်ကနေ ဇူလိုင် ၁၄ ရက်က ဖော်ပြပြီးနောက် စစ်ကောင်စီတပ်က MNDAA ဘက်က ထိန်းချုပ်ရရှိပြီးသားဖြစ်တဲ့ လောက် ကိုင်မြို့ကို ​ဇူလိုင် ၁၄ရက်ကစပြီး လေးရက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ် ။

လောက်ကိုင်မြို့ အရပ်သားပြည်သူ့ဆေးရုံ ဗုံးကြဲခံရမှုကို Google မှာ “လောက်ကိုင်” ဆိုတဲ့ စာသားနဲ့ ရှာဖွေ ကြည့်ရာ RFA /Shan News / People Spring သတင်းမီဒီယ မီဒီယာတွေမှာ ဖော်ပြထားတာ တွေ့ရပါ တယ်။
၂၀၂၄ ဩဂုတ် ၂ ရက် RFA သတင်းမီဒီယာမှာ လားရှိုးမြို့က အရှေ့မြောက်တိုင်း စစ်ဌာချုပ် စစ်တိုင်းရုံးကို ကိုး ကန့်တပ် (MNDAA) က ထိုးစစ်ဆင်နေချိန်မှာပဲ လောက်ကိုင်မြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုအတွင်း တုံချိန်ဒေသက ပြည်သူ့ဆေးရုံ အဆောက်အအုံတချို့လည်း မီးလောင်ပျက် စီးပြီး ဆေးရုံတတ်ရောက်ကုသနေတဲ့ လူနာတချို့ ထိခိုက်သေဆုံးခဲ့ပါတယ်” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

RFA သတင်းအပြည့်အစုံ ဖတ်ရှု့ရန် – https://shorturl.at/NOd4c

၂၀၂၄ ဩဂုတ် ၂ ရက် People Spring သတင်းမီဒီယာမှာ “လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ ဆေးရုံကို စစ် ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။”လေကြောင်းကနေ ‌ဗုံးကြဲတာ။ မြို့လည်ခေါင် ဆေးရုံကို ကြဲ တာပါ။ သေတာ ဆယ်ဦးကျော်တယ်လို့ ကိုးကန့်ရဲဘက်ကနေသိရတယ်”ဟု လောက်ကိုင်မြို့ခံ တစ်ဦးက ပြော သည်” လို့ရေးသားဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် လင့်ခ် – https://shorturl.at/IwrkE

Shan News သတင်းမီဒီယာမှာယနေ့ (၂၀၂၄ ဩဂုတ်လ ၂ ရက်) နံနက် ၁ နာရီခန့်တွင်‌ လောက်ကိုင်မြို့ တုံချိန် ရပ်ကွက်ရှိ မျှော်စင်နှင့် ပြည့်သူ့ဆေးရုံအနီးသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆေးရုံရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးများ အပါအဝင် အရပ်သား (၁၀) ဦးကျော် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်လို့ရေးသားဖော်ပြထားပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရှုရန် လင့်ခ် – https://shorturl.at/uGDXQ

လောက်ကိုင်မြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရ​သေဆုံးသူတွေက အရပ်သား ပြည်သူ များသာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေလှုပ်ရှားတဲ့နယ်မြေတစ်ခုဖြစ်တဲ့ သိန္နီမြို့မစျေးနားကိုလည်း ၂၀၂၄ ဇူလိုင်၁၈ရက်မှာစစ်ကောင်စီတပ်ကဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားပြည်သူတွေထိခိုက်ခဲ့ပါတယ်။
၁၀၂၇စစ်ဆင်ရေးမှာ တစ်မြို့ပြီးတစ်မြို့အသိမ်းခံနေရတဲ့စစ်ကောင်စီတပ်ဟာ မြို့သိမ်းတိုက်ပွဲဖော် ဆောင်ခံနေရ တဲ့ မြို့တွေကိုလေကြောင်းနဲ့ချက်ချင်းဗုံးကြဲတဲ့အပြင်တိုက်ပွဲငြိမ်နေတဲ့မြို့တွေကိုလည်း လေကြောင်းကနေ စတင် ဗုံးကြဲ တိုက်ခိုက်လာပါတယ်။

KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကိုလည်း စစ်ကောင်စီတပ်က ၂၀၂၄ သြဂုတ် ၇ရက် နဲ့ ၈ရက်​မှာY12လေယာဥ် တွေနဲ့ ဗုံးကြဲခဲ့ပါတယ်။

“ရင်ဆိုင်တိုက်ပွဲတွေအတွင်းမှာသူတို့ဘက်ကအသာစီးရအောင် ခုခံနိုင်မှုပိုအားကောင်းအောင်လေကြောင်းတိုက် ခိုက်တာမျိုးလုပ်တာရှိတယ်၊တဖက်မှာလည်းစစ်ပွဲဖြစ်မနေဘဲနဲ့လေကြောင်းတိုက်ခိုက်တာမျိုးရှိတယ်၊ ဗုံးကြဲ တိုက်ခိုက်မှုတိုင်းကိုတောတော်လှန်ရေးတပ်ဖွဲ့တွေခိုအောင်းရာနေရာကို သူတို့ဗုံးကြဲချေမှုန်းတယ်လို့ သူတို့ဘက် က သတင်းထုတ်ပြန်​လေ့ရှိတယ်၊ လက်တွေ့မှာတော့ သူကတော်လှန်ရေးအဖွဲ့တွေတင်မဟုတ်ဘဲ နီးစပ်တဲ့ ထောက်ခံအားပေးတဲ့ သာမန်ပြည်သူတွေကို ခြိမ်းခြောက်တဲ့သဘောနဲ့ ရွာတွေမနေရဲအောင် မြို့တွေမှာ မနေရဲ အောင်အရပ်သားတွေကိုရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်နေတာကိုတွေ့ရပါတယ်”လို့ကိုမိုးထက်နေက ပြောပါ တယ်။

◼ စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် အရပ်သားမဲ့ဧရိယာဟု လိမ်လည်ဖော်ပြမှုများ

စစ်တပ်ထောက်ခံသူများက တိုင်းရင်းသားလက်နက်​ကိုင်တော်လှန်ရေးအဖွဲ့တွေ မြို့သိမ်းတိုက်ပွဲဖော်ဆောင် နေ ​တဲ့ ​မြို့ရှိ အရပ်သားတွေကို သတ်ဖြတ်ရန်၊ ဖမ်းဆီးရန် ၊ လေကြောင်းမှတိုက်ခိုက်ရန် လှုံ့ဆော်နေတဲ့အပြင် လူ မျိုးရေး မုန်းတီးမှုများနဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကိုလည်း ဖုံးကွယ်ပေးနေပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရှိတဲ့နေရာကို စစ် ကောင်စီတပ်က လေယာဥ်နဲ့ ပစ်ခတ်ခဲ့ဆိုတယ်ဆိုပြီး People Media ဆိုတဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က သြဂုတ် ၅ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

မူရင်းသတင်းလင့်ခ် https://archive.ph/xtJKt

Google မှာ “ကွတ်ခိုင်မြို့”ဆိုတဲ့ စာသား နဲ့ ရှာဖွေကြည့်ရာ “BBC / Myanmar Now/မဲခေါင်သတင်း/ Shwe Phee Myay News Agency တို့မှာ ရေးသားဖော်ပြထားကြပါတယ်။

ကွတ်ခိုင်မြို့ကိုထိန်းချုပ်ထားတဲ့ TNLA တပ်က “ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင်မြိုလယ် လမ်းဆုံတွင် တစ် နေရာ၊ ကွတ်ခိုင်မြိုမစျေးနှင့် မြိုအတွင်းသိုကျရောက်ပေါက်ကွဲခဲ့ပြီး ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၃) ဦးနှင့် မြိုလယ်ရှိ ဒေသခံ(၂)ဦး စုစုပေါင်း(၅)ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်” လို့ ရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံလင့်ခ်များ
PSLF/TNLA https://shorturl.at/Whmz4
BBC https://shorturl.at/MPDL4
Myanmar Now https://shorturl.at/2Pfu3
Mekong news https://shorturl.at/annux
Shwe Phee Myay News Agency https://shorturl.at/C51k8

သတင်းမီဒီယာတွေမှာတော့ ၂၀၂၄ သြဂုတ် ၅ ရက် မွန်းလွဲပိုင်းမှာ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့ရှိ ရပ် ကွက်ဈေး၊ လူ နေရပ်ကွက်တွေပေါ်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူတွေ ထိ ခိုက်ဒဏ်ရာရ သေဆုံး ရတယ်လို့ ဖော်ပြထားကြပါတယ်။

ကွတ်ခိုင်မြို့ကို စစ်ကောင်စီတပ်က သြဂုတ် ၅ရက် ညနေ ၃နာရီ ၃၀မိနစ်မှာလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာ မှန်ကန်ပေမယ့် လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရှိတဲ့ နေရာမဟုတ်ဘဲ မြို့လယ် လမ်းဆုံ တစ်နေရာ၊ ကွတ်ခိုင်မြိုမစျေးနဲ့ မြို့ထဲ ကျရောက်ပေါက်ကွဲခဲ့တာလို့ သတင်း အချက်လက်တွေကို အဆင့်ဆင့်စိစစ်ရေးသားနေတဲ့ သတင်းမီဒီယာတွေမှာဖော်ပြထားကြပါ တယ်။

နိုင်ငံရေးနှင့်သုတေသနအကြံပေး Nyan Lynn Thit Analyticaကိုမိုးထက်နေက “အရပ်သားသေဆုံးမှုတွေ ရှိ တယ်၊ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်၊ ဒါပေမယ့်သူက အမြဲတမ်းဒါတွေသည်အရပ်သားကိုပစ်မှတ်ထား တိုက် ခိုက်တာ မဟုတ်ဘူး၊ သူတို့က တော်လှန်ရေးတပ်ဖွဲ့တွေ ခိုအောင်းနေတဲ့ နေရာတွေကို ချေမှုန်းရှင်းလင်းတာလို့ အမြဲတမ်း သူတို့ပြောလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိကို အရပ်သားပြည်သူတွေကို ကြောက်လန့် အောင်၊ မနေရဲအောင် တော်လှန်ရေးတပ်ဖွဲ့တွေကို မထောက်ခံအောင်ဆိုတဲ့ အချက်တွေနဲ့ ရည်ရွယ်ချက်ရှိရှိတိုက် ခိုက်နေတာလို့ နားလည်ပါတယ်” ဆိုပြီးပြောပါတယ်။

◼ ဗုံးကြဲခံရတဲ့ သေဆုံးသူ ပြည်သူများကို ရန်သူ့ဘက်တော်သားအဖြစ် တံဆိပ်ကပ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်တုံချိန်မြို့ကို စစ်ကောင်စီတပ်က ၂၀၂၄ ဇူလိုင်၂၃ရက် နံနက်အ စောပိုင်းမှာ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ MNDAAတပ်ဖွဲ့ဝင် အများပြားသေဆုံးခဲ့တယ်ဆိုပြီး စစ်တပ် ထောက်ခံ တယ်လီဂရမ်ချန်နယ်အချို့မှာ ရေးသားလာကြပါတယ်။

Google မှာ “လောက်ကိုင်မြို့” ဆိုတဲ့ စာသားနဲ့ ရှာဖွေကြည့်ရာ Shan News နှင့် Shwe Phee Myay news agency တို့မှာ သတင်းဖော်ပြထားပါတယ်။ လေယာဥ်နဲ့ဗုံးကျဲခံရမှုကြောင့် သေဆုံးသူ နှစ်ဦးနဲ့ဒဏ်ရာရသူ သုံးဦး သာရှိခဲ့ပြီး အရပ်သားပြည်သူ​​ တွေသာဖြစ်တယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ၂၀၂၃ ဧပြီ ၁၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်က MI 35 နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈၀ နီးပါးသေဆုံးခဲ့ရပြီး သေဆုံးသူတွေက ပြည်သူတွေမဟုတ်ဘဲ PDF တွေလို့ စစ်ကောင်စီတပ်ဘက်ကထုတ်ပြန်ခဲ့ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရှု့ရန် လင့်ခ် – https://shorturl.at/soTsU

စစ်တပ် အာဏာသိမ်းချိန်ကစပြီး ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော် အတွင်း စစ်ကောင်စီတပ် လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိနေကြောင်း RFA က စာရင်းပြုစု ဖော်ပြထားပါ တယ်။

မြေပြင်မှာ စစ်ရေးအရ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်က လေကြောင်းကို အဓိကအားထားပြီး ခုခံနေချိန်မှာ စစ်တပ် ထောက်ခံသူတွေက နောက်ကွယ်ကနေ “လွတ်လပ်စွာဗုံးကြဲ” နိုင်ဖို့ လှုံ့ဆော်ပေးနေကြပါတယ်။ အရပ် သား ထိခိုက်သေဆုံးမှုတွေကိုလည်း တိုင်းရင်းသားလက်နက်ကိုင်သေဆုံးမှုတွေဆိုပြီး လိမ်လည်ဝါဒဖြန့်နေကြပါ တယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ရှမ်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်ခံရမှုနှစ်ဆမြင့်တက်လာပါတယ်။ ရှမ်းမြောက် က မြို့နယ် (၂၅)မြို့နယ် အကြိမ်ရေ(၁၅၀၀) ကျော်လေကြောင်းတိုက်ခိုက်ခံထားရပြီး နိုင်ငံအနှံ့ လေကြောင်း တိုက်ခိုက်ခံရမှုအားလုံးရဲ့ ၂၈ရာခိုင်နှုန်းရှိတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က သြဂုတ်၅ရ​က်မှာထုတ်ပြန်ထားပါတယ်။

မူရင်းလင့်ခ် https://shorturl.at/GkAdg

စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက်သေဆုံးနေရပေမယ့်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ဖို့ ဖြန့်ဝေနေကြဆဲပါပဲ။
လေယာဥ်နဲ့ဗုံးကြဲခံရလို့ အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်တွေမှာ စစ်တပ်က ကျူးလွန်သူဖြစ်သလို နောက်ကွယ်ကသွေးထိုးလှုံ့ဆော်ပေးနေတာကတော့ စစ်တပ်ထောက်ခံသူ တွေ ဖြစ်ပါ တယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က ပြည်သူတွေအပေါ် လေကြောင်းက ဗုံးကြဲချမှုနဲ့ ဒီလို ဗုံးကြဲအောင် လှုံ့ဆော်အခါ တော်ပေးနေတဲ့ ဝါဒဖြန့်ချိနေသူတွေရဲ့ လုပ်ရက်တွေကို အရေးယူနိုင်တာမျိုး မရှိသေးပါဘူး။

တစ်မြေထဲနေ တစ်ရေထဲသောက်နေကြတဲ့ လက်နက်မဲ့၊ အပြစ်မဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ဗုံးကြဲ တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ပါပဲ။ ။

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .