ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် စာသင်ကျောင်းတွေမှာ  AAက လက်နက်ကြီးတွေ နေရာချထားတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် စာသင်ကျောင်းတွေမှာ  AAက လက်နက်ကြီးတွေ နေရာချထားတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်ဆိုတဲ့ သတင်းအမှား

Fact Check၊ AEN

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်က စာသင်ကျောင်းတွေမှာ  AAက လက်နက်ကြီးတွေ နေရာချထားတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်ဆိုပြီး DOROR WADDY MEDIA အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဩဂုတ် ၂၀ ရက်နေ့ကစပြီး ရေးသား ဖြန့်ချိနေပါတယ်။

အဲဒီဖော်ပြချက်ကို Arakan Express News သတင်းဌာနတို့က ဩဂုတ်လ ၂၄ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

DOROR WADDY MEDIA တယ်လီဂရမ်ချန်ဟာ subscriber 3,900 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ 22,100 ကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် https://t.me/dwmnews/2041

◾ သတင်းအမှားစိစစ်ချက်

ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဖော်ပြထားတဲ့သတင်းတွေမှာတော့ DOROR WADDY MEDIA  တယ်လီဂရမ်ချန်နယ်ကနေ ဖြန့်ချိနေတဲ့ အကြောင်းအရာကို မတွေ့ရှိရပါ။

ရခိုင်ဒေသတွင်း သတင်းဌာနတွေနဲ့ လွတ်လပ်တဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ရခိုင်ပြည်မှာ AA နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုတာက မှန်ကန်ပါတယ်။ သို့သော် AAက ရသေ့တောင်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ လက်နက်တွေ နေရာချထားတဲ့ အကြောင်းအရာကို ယခုတိုင်မတွေ့ရှိရသေးပါ။

ပြည်တွင်းသတင်းဌာနတွေ မှာလည်း ရသေ့တောင်မြို့ကျရှုံးပြီးတဲ့နောက် ဘူးသီးတောင်ကို AA ကထိုးစစ်ဆင်နေ တဲ့အကြောင်းအရာတွေကိုသာ ဖော်ပြထားတာတွေ့ရပါတယ်။ 

ရသေ့တောင်မြို့ကျရှုံးပြီးတဲ့နောက် ဘူးသီးတောင်မှာ AA ထိုးစစ်ကို ခုခံဖို့ စစ်ကောင်စီဟာ ARSA အဖွဲ့ကို ချဉ်းကပ်ခဲ့တယ်လို့ ဗိုလ်မှူးလှိုင်ဝင်းထွန်းက နိုင်ငံခြားသတင်းဌာန THE DIPLOMAT နဲ့ အင်တာဗျူးမှာ ဝန်ခံ ထားကြောင်း Development Media Group က ဖော်ပြထားပါတယ်။

Deveiopment Media Group ရဲ့ သတင်းဖော်ပြထားတဲ့ Link

https://www.facebook.com/share/p/FHR3Q7knHYxE1sDJ/?mibextid=oFDknk

ရသေ့တောင်မြို့ဟာ ကျရှုံးပြီးဖြစ်တဲ့အတွက် AAအနေနဲ့ နောက်ထပ်ဘူးသီးတောင်မြို့ကို ထိုးစစ်ဆင်နေတာကြောင့် AAအနေနဲ့ ရသေ့တောင်က စာသင်ကျောင်းတွေမှာ AAရဲ့ လက်နက်ကြီးတွေချထားတယ်ဆိုတာ မဖြစ်နိုင်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါ့အပြင်လက်ရှိအချိန်မှာလည်း ရသေ့တောင်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုတဲ့အတွက် မကြာခဏလေကြောင်းကနေ ဗုံးလာကြဲနေတယ်လို့ ပြည်တွင်းက ယုံကြည်ရတဲ့သတင်းမီဒီယာဌာနတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

“ရသေ့တောင်မြို့အဝင်က အလှူလုပ်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေးကြိမ်တိုင်ဗုံးလာကြဲ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ နိရဉ္စရာ သတင်းဌာနကနေဖော်ပြခဲ့ပါတယ်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့အဝင်က အလှူလုပ်နေတဲ့ ဗျိုင်းကျွန်း ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေးကြိမ်တိုင် ဗုံးလာကြဲခဲ့တယ်လို့ သတင်းထဲမှာဖော်ပြထားပါတယ်။

“ဆရာတော်တွေကို ဆွမ်းကျွေးလို့ ကားတွေစုပုံရပ်နေတာကို AA လို့ ထင်ပြီးပစ်ခဲ့တာပါ။ မောင်တောကိုသွားတဲ့ ဂျက်လေယာဉ် ထင်ပါတယ်။ ပြန်လှည့်လာပြီး ပစ်ခတ်ခဲ့တာပါ။” လို့ ဘုန်းကြီးကျောင်းအနီးမှာ မျက်မြင်ကိုယ်တွေ့ကြုံခဲ့သူ တွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး နိရဉ္စရာ ကလည်း သတင်းဖော်ပြထားပါတယ်။

စစ်လေယာဉ်ပျံသန်းသွားတာကိုမြင်လို့ လူတွေက တိမ်းရှောင်သွားကြစဉ် ပြန်လှည့်ပြီး လာပစ်ခတ်တာဖြစ်တဲ့ အတွက် လူအထိအခိုက်မရှိခဲ့ပေမယ့် အဆိုပါဘုန်းတော်ကြီးကျောင်းမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ရသလို ကားလမ်းပေါ်မှာရပ်ထားတဲ့ ကားနှစ်စီးပျက်စီးသွားခဲ့ပြီး အနီးရှိ နွား ၃ ကောင်လည်း ဗုံးစထိမှန် သေဆုံးသွားခဲ့တယ်လို့ သတင်းမှာဖော်ပြထားပြီး ဓာတ်ပုံတွေနဲ့တကွ တင်ဆက်ထားပါတယ်။

နိရဉ္စရာရဲ့ သတင်းဖော်ပြချက် Link..

https://www.facebook.com/share/p/mh2BK6ZkMq43Gory/?mibextid=oFDknk

◾သတင်းစိစစ်ချက်

– DOROR WADDY MEDIA အမည်ရှိ တယ်လီ ဂရမ်ချန် နယ်ကနေ ဖော်ပြထားတဲ့ “ရခိုင်ပြည်၊ ရသေ့တောင် မြို့နယ် စာသင်ကျောင်းတွေမှာ  AAက လက်နက်ကြီးတွေ နေရာချထားတာကြောင့် ဒေသခံတွေ ထိတ်လန့်နေရတယ်” ဆိုတဲ့သတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

အဆိုပါတယ်လီဂရမ်ချန်နယ်မှ ဖော်ပြထားတဲ့သတင်းမှာလည်း မည်သည့်စာသင်ကျောင်းဆိုတာမျိုး တပ်မထားပဲ ဓာတ်ပုံလည်းဖော်ပြထားခြင်းမရှိပါ။

အဲဒီသတင်းမှား ဖြန့်ချိတဲ့ တယ်လီဂရမ်ချန်နယ်က AAအဖွဲ့ဟာ ရခိုင်ပြည်နယ်တိုက်ပွဲတလျောက်မှာ သေဆုံးသူနဲ့  ဒဏ်ရာရသူများပြားကာ အင်အားလျော့နည်းလာတယ်လို့ဆိုပါတယ်။ တိုက်ပွဲချိန်ကြာမြင့်လာတာနဲ့ အမျှ ဘုန်းကြီးကျောင်းလို ဘာသာရေးအဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဒေသခံအများစုနေထိုင်တဲ့ ကျေး ရွာတွေကို အကာအကွယ်ယူပြီး တိုက်ပွဲကို စတင်ဖန်တီးမှု ပိုမိုများလာတယ်လို့လည်း ရေးသားဖော်ပြထားတာပါ။

အမှန်တကယ်မှာတော့ မြေပြင်မှာစစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ဘုန်းကြီးကျောင်းပါမချန် ဝေဟင်ကနေလေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာကိုလည်း ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပြီးဖြစ်တာကြောင့် ဒီသတင်းဟာ သတင်းမှားဖြစ်နိုင်ကြောင်း စိစစ်တင်ပြလိုက်ရပါတယ်။

◾သုံးသပ်ချက်

လက်ရှိအချိန်မှာတော့ အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်တလျှောက်မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေတာ ဖြစ်ပြီး AAသိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့ကလည်း ငါးမြို့သာကျန်ရှိတော့ကြောင်း ပြည်တွင်းပြည်ပသတင်းမီဒီ ယာဌာနတွေက ဖော်ပြထားပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေပိတ်ထားရပြီး စာသင်ကျောင်းအများစုမှာလည်း စစ်ကောင်စီဘက်က တပ်စွဲနေထိုင်မှုတွေသာရှိခဲ့တာကို ယုံကြည်ရတဲ့ သတင်းဖော်ပြချက်တွေ အရသိရှိ ထားပါတယ်။

AAအနေနဲ့ တစ်နေရာတည်းကို ခြေကုပ်ယူထားတာမဟုတ်ပဲ တစ်မြို့ကိုသိမ်းပြီးတာနဲ့ နောက်တစ်မြို့ကို ထပ်မံထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာဖြစ်တဲ့အတွက် စာသင်ကျောင်းတွေမှာ ခြေကုပ်ယူပြီးလက်နက်ကြီးတွေ ချထားနိုင်ဖွယ်မရှိတာကိုလည်း မြင်တွေ့နိုင်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီကတော့ ကျိန္တလီနဲ့ဂွမြို့ကြားရှိ ကျောက်ပါးစပ်၊ ကုလားပြင်၊ ကိုင်းခုံ၊ ဆပ်သွား၊ ကြွေချိုင်၊ တိုင်ကျိုး၊ မော်ရွှေချိုင်နဲ့ ကမ်းသာယာ စတဲ့နေရာတွေမှာ တပ်ဖြန့်ထားပြီး အေအေရဲ့ထိုးစစ်ကို ခုခံရန်ဖို့ ပြင်ဆင်ထားတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီဟာ ခံစစ်အနေနဲ့ပြင်ဆင်ထားရကြောင်း ဒေသတွင်းယုံကြည်ရတဲ့ မီဒီယာတွေရဲ့ဖော်ပြမှုတွေက နေစိစစ်တွေ့ရှိရတဲ့အတွက် ထိုးစစ်အသာရနေတဲ့ အာရက္ခတပ်တော်အနေနဲ့ စာသင်ကျောင်းတွေမှာလက် နက်ကြီးတွေချထားတယ်ဆိုတာ မဟုတ်မှန်ပဲ သတင်းမှားသာဖြစ်ကြောင်း စိစစ်ပေးလိုက်ရပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း MFCN နဲ့ MFCN အဖွဲ့ဝင်ဖြစ်တဲ့ AEN တို့လို မီဒီယာတွေရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .