ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင်နေ တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင်နေ တယ်ဆိုတဲ့ သတင်းအမှား

Fact Check၊ AEN/ Delta News Agency 

ဘင်္ဂလားဒေ့ရှ်က အလိုရှိတဲ့ နိုင်ငံမြေပုံအသစ်ဆိုတဲ့ မြေပုံထဲမှာ မြန်မာနိုင်ငံထဲက ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်ပါ ပါဝင်နေတယ်ဆိုသောသတင်းတခု လှုမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။

ဒီသတင်းကို မြန်မာနိုင်ငံမှာ စစ်ကောင်စီအားပေးထောက်ခံ လောဘီချန်နယ်တခုဖြစ်တဲ့  Ko Thet  ချန်နယ်ကနေ ဩဂုတ်လ ၁၉ရက်က စတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ လေးသောင်းခြောက်ထောင်ကျော်အထိပျံ့နှံ့နေတာပါ။

 

 အဲ့ဒီပျံ့နှံ့လာတဲ့သတင်းထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယာယီအစိုးရအဖွဲ့  ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင်နေတယ်ဆို ပြီး ရေးသားထားပြီး လူမျိုးရေးအမုန်းတရားတခုအနေနဲ့ ဆက်လက်ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။

◾ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အလိုရှိနေတဲ့ နိုင်ငံပိုင်နက်မြေပုံအသစ်မှာ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင် နေတယ်ဆိုတဲ့ သတင်းအမှားစိစစ်ချက်

ဖော်ပြပါသတင်းအချက်အလက်ကို Delta News Agency နဲ့ AEN သတင်းဌာနတို့က စစ်ဆေးကြည့်ရာမှာတော့ 

သတင်းစတင်ပျံ့နှံ့လာမှုဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ထောင်ထားတဲ့ BDMilitary/BDOSINT  (Defence and Intelligence Observation) လူမှုကွန်ယက်ပေ့ချ်မှ တင်ထားတဲ့ မြေပုံအသစ်တစ်ခုကနေစတင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။

အဲဒီပေ့ချ်ကနေ သြဂုတ်လ ၁၀ရက်နေ့မှာ “ DGFI operational area map.”  ဆိုတဲ့ခေါင်းစဥ်နဲ့ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါး ပါဝင်နေတဲ့ပုံကို အသုံးပြုပြီး စတင်ဖြန့်ချိခဲ့တာပါ။

ပေ့ချ်ပါအချက်အလက်တွေကို AEN နဲ့ Delta News Agency တို့က တိုက်ဆိုင်စစ်ဆေးကြည့်ရာမှာတော့ အဲဒီပေ့ချ်ဟာ ယုံကြည်စိတ်ချရမှုမရှိတဲ့ အပြောင်အပျက် မီဒီယာတခုဖြစ်တာကိုတွေ့ရပါတယ်။

MFCN အနေနဲ့ ဘင်္ဂလာဒေ့ရှ် ဒေသခံတဦးကို ဆက်သွယ်မေးမြန်းရာမှာ “ငါတို့ ဒီစာမျက်နှာကို စစ်ကြည့်ပြီးပြီ။ ဒီပေ့ခ်ျကတင်တဲ့ သတင်းတွေက ယုံကြည်စိတ်ချရတယ်လို့ မထင်ပါဘူး။ ပြီးတော့ ဒီသတင်းကလည်း နောက်ပြောင်တဲ့အနေနဲ့ တင်ထားတာလို့ပဲ ထင်နေကြတာပါ။” လို့ဆိုပါတယ်။

အဲ့ဒီ ပျံ့နှံ့နေတဲ့ပို့စ်ကို tauriel_ig   ဆိုတဲ့ အင်စတာဂရမ်အကောင့်တခုကနေ “The Bangladesh they want, what do you have to say about this” ဆိုတဲ့ စာသားကိုအသုံးပြုပြီး မျှဝေထားတာကို Ko Thet ချန်နယ်က စခရင်ရှော့ရိုက်ယူကာ သုံးသပ်စာရေးသားပြီး လူမျိုးရေး ဝါဒ အမုန်းတရားတခုအနေနဲ့ပြန်လည်မျှဝေထားတာပါ။ 

Tauriel_ig ပို့စ်လင့် – https://ghostarchive.org/iarchive/instagram/tauriel_ig/3432453289525545852 

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်မှာစစ်ရေးနိမ့် နေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ကတက်လာတဲ့ သတင်းအမှားကို အခွင့်ကောင်းယူပြီး ဝါဒဖြန့်ဖို့ အသုံးချခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ နိုင်ငံအတွင်းက ထွက်ပြေးခဲ့ပြီးတဲ့နောက် အစိုးရသစ်ဖွဲ့စည်းလိုက်တဲ့ သတင်းကတော့ မှန်ကန်မှုရှိပေမယ့် အစိုးရသစ်ရဲ့ ထုတ်ပြန်တဲ့မြေပုံအသစ်ဆိုတာကို ခိုင်လုံတဲ့သတင်းဌာနတွေက ဖော်ပြထားခြင်းမရှိပါဘူး။

အမှန်တကယ်သာ မြေပုံအသစ်ထွက်ရှိမယ်ဆိုပါက ဘင်္ဂလားဒေ့ရှ်အစိုးရပိုင်တရားဝင် သတင်းဌာနတွေနဲ့ အစိုးရပိုင် ဝက်ဆိုက်တွေမှာ တင်ထားမှာဖြစ်ပါတယ်။ 

အခုချိန်မှာတော့ ဒေသတွင်းမီဒီယာတွေကလည်း ဖော်ပြထားခြင်း မရှိသလို နိုင်ငံတကာသတင်းဌာနကြီးတွေမှာလည်း ဖော်ပြထားတာမျိုး မရှိတာကို စိစစ်ပြီးဖြစ်တာကြောင့် ဒီသတင်းဟာ သတင်းအမှားသာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

◾သုံးသပ်ချက်

လက်ရှိအချိန်မှာ ပျံ့နှံ့ခဲ့တဲ့မြေပုံအသစ်ဆိုသည်မှာလည်း BDMilitary/BDOSINT  (Defence and Intellige nce Observation) ပေ့ချ်တစ်ခုတည်းကသာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အဲဒီပို့စ်ရဲ့ အောက်မှာလည်း ကောမန့်ရေးသားသူအများစု နောက်ပြောင်ပြောဆိုနေခြင်းသာရှိတာကို တွေ့ရတဲ့ အတွက်  မည်သို့မျှယုံကြည်လို့မရနိုင်တဲ့ သာမန်ပေ့ချ်တစ်ခုသာဖြစ်တာကိုလည်း စီစစ်တွေ့ရှိထားပါတယ်။

အဆိုပါပို့စ်ကို အသုံးပြုပြီး မည့်သည့် အကြောင်းအရာမှ သက်ဆိုင်ခြင်းမရှိဘဲ  စစ်ကောင်စီဝါဒဖြန့်သူတွေက အချိန်ကိုက်လိုသလို အသုံးချ ဝါဒဖြန့်မှုကြောင့်သာဖြစ်ကြောင်းလည်း တွေ့ရှိရပါတယ်။

 ထိရှလွယ်တဲ့ ရခိုင်ပြည်သူလူထုနဲ့ ဘင်္ဂလား ဒေ့ရှ်နိုင်ငံကို တစ်ဖက်လှည့်နဲ့ ရန်တိုက်ပေးမှုသာဖြစ်တာကိုလည်း တွေ့ရှိရပါတယ်။ 

အမုန်းတရားတွေနဲ့ ပဋိပက္ခမီး ပိုမိုကြီးမားစေဖို့အတွက် စစ်ကောင်စီဟာ ရသမျှသော အချက်အလက်အမှားတွေနဲ့ ဝါဒဖြန့်နေတာကိုလည်း ပိုမိုသတိထားနိုင်ဖို့ မီးမောင်းထိုးပြနေတာဖြစ်ကြောင်း စိစစ်တင်ပြပေးလိုက်ရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ (dnafactcheck@gmail.com)ကနေဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်းဖိတ်ခေါ် အပ်ပါတယ်။ 

Arakan Express News Fact Check အဖွဲ့သို့ ဆက်သွယ်ရန် လင့်- https://rb.gy/32c199 

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .