မြင်းခြံမြို့ ပြည်သူ့စစ်တွေက PDF တွေဆက်ကြေးကောက်တဲ့ နန်းမြင့်တောင်တိုးဂိတ်ကို တိုက်ခိုက်ခဲ့တဲ့ သတင်းအမှား
Share:FacebookX

မြင်းခြံမြို့ ပြည်သူ့စစ်တွေက PDF တွေဆက်ကြေးကောက်တဲ့ နန်းမြင့်တောင်တိုးဂိတ်ကို တိုက်ခိုက်ခဲ့တဲ့ သတင်းအမှား

 

MFCN,TRF,FFM

 

သတင်းအမှားအကြောင်းအရာကိုတော့ ဩဂုတ်လ (၁၅) ရက်နေ့က မှိုင်းဝေ တယ်လီဂရမ်ချန်နယ်ကနေ ထုတ်ပြန်နေတဲ့ သတင်းအမှားအကြောင်းအရာပါ။ မြင်းခြံ ပြည်သူ့စစ်တွေက PDFများ မူးယစ်၊ ဆက်ကြေးကောက်နေတဲ့ နန်းမြင့်တောင်တိုးဂိတ်အား လျပ်တပြက်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့ ဖြန့်ချိနေတာပါ။

သတင်းပါအကြောင်းအရာဟာ မြင်းခြံမြို့ မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကို  တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲသတင်းတွေနဲ့ ကွဲလွဲအောင် ဝါဒဖြန့်ချိနေတာဖြစ်ပါတယ်။ ဒီသတင်းကို ကြည့်ရှုသူ ၂သောင်းကျော်ရှိတာကို တွေ့ရပါတယ်။

ဒါကြောင့် နန်းမြင့် တောင် စစ်ဆေးရေးဂိတ်ကို မြင်းခြံပြည်သူ့စစ်တွေလျပ်တပြက် ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်ကြောင်း Myanmar Fact-checking Network အဖွဲ့ဝင် ဖြစ်တဲ့ FFM ကစီစစ်တွေ့ရှိထားပါတယ်။

 

သတင်းအမှားအကြောင်းအရာကိုဒီလင့်ခ်တွေမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ https://t.me/hminewai/57677

https://t.me/shweba000/12503

https://www.mmnationalpost.com/2024/08/blog-post_370.html

 

စစ်ဆေးတွေ့ရှိချက်များ

 

ဒီသတင်းကို အချက်လက် စီစစ်ကြည့်တဲ့ အခါမှာတော့ မြင်းခြံ-တောင်သာ ကားလမ်းပေါ်က နန်းမြင့်တောင် စစ်ဆေးရေးဂိတ်မှာ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေး တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းကို အလွယ်တကူ ရယူပြီး မီးရှို့ရှင်းလင်းခဲ့တဲ့ အကြာင်းကို Mandalay press free(MPF) သတင်းဌာနမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆက်ပြီး  ၂၀၂၄  ဩဂုတ်လ ၁၄ ရက်မှာ အဲဒီ မြင်းခြံ-တောင်သာလမ်းပိုင်းပေါ်က နန်းမြင့်တောင်အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာတော့မရှိဘူးဆိုတာကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူပြောထားတာကိုလဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

 

 

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/mandalayfreepress/posts/pfbid02odZR7Fqm1Etf5hU2791Fj8XJVCQGjHtrw1nHxBXu7ycuf3ZpJTtNXRWiLRnCtCjel

 

ဒါအပြင် မြင်ခြံ မြို့တိုက်ပွဲအခြေအနေ များကို လွတ်လပ်တဲ့သတင်းမီဒီယာဖြစ်တဲ့ RFAက ရေးသားဖော်ပြထားတွေကိုလဲတွေ့ရပါတယ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ တိမ်းရှောင်သွားတာကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောစကားများနဲ့ဖော်ပြထားပါတယ်။ တစ်ဆက်တည်းမှာပဲ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့ကစလို့ မြင်းခြံ၊ တောင်သာနဲ့ နွားထိုးကြီးမြို့နယ်တွေကို “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး” လို့ အမည်ပေးပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာပါလို့လဲ ဆိုပါတယ်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီးနောက် ဆီမီးခုံမြို့က စစ်အုပ်စု ရဲတွေ ထွက်ပြေးလာပြီး အလင်းဝင်လာတာ၊ ကြောက်ရွံ့ပြီး ထွက်ပြေးတာ၊ လက်နက်ချ အလင်းဝင်တာတွေကြောင့် စစ်အုပ်စုက ဆီမီးခုံ ရဲစခန်းမှူး အသစ် ခန့်အပ်တာတွေ လုပ်နေတယ်လို့ ​​​​​​မြင်းခြံ လူထုလှုပ်ရှားမှု ကော်မတီကရဲ့ ပြောဆိုချက်ကိုဖော်ပြထားပါသေးတယ်။

 

သတင်းအပြည်အစုံကိုအောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/rfaburmese/posts/pfbid0yEeAGHeJ3pfDj1Kt7LpL3BSr2btaLAjECL9XBfjjgffna1ugPwR5KyPDR4ZnrA34l

https://www.facebook.com/share/p/pqYkNjPdU9FfiTLu/

 

ဆီမီးခုံရဲစခန်းနဲ့ ဆီမီးခုံဆိပ်ကမ်းမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုဟာ စစ်အာဏာသိမ်းပြီးချိန်ကနေ ယခု ၂၀၂၄ အထိ လက်နက်အားကိုးနဲ့ ဒေသတွင်း ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာ၊ ပြည်သူကို ဖမ်းဆီး ငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ အဲ့ဒီ စစ်အုပ်စုဟာ မြင်းခြံနယ် သာမက စစ်ကိုင်းတိုင်း မြောင်နယ်နဲ့ မကွေးတိုင်း ရေစကြိုနယ် ကျေးရွာတွေက ခိုးယူ လုယက်လာတဲ့ ပြည်သူပိုင် ပစ္စည်းတွေကို ဆီမီးခုံမြို့ပေါ် သယ်ယူလာပြီးမှ စစ်အုပ်စုနဲ့ ပျူတွေကြား ခိုးရာပါ ပစ္စည်းတွေ ခွဲဝေရယူကြတာလို့ ဒေသခံတွေက ပြောတာကို Mandalay Press Free(MPF) က ၂၀၂၄ ဩဂုတ်လ ၁၇ ရက်နေ့က သတင်းဖော်ပြထားတာလဲ တွေ့ရပါတယ်။​​​​

မြင်းခြံမြို့ကို ကာကွယ်နေတယ်ဆိုတဲ့ ပျူစောထီးခေါင်းဆောင် အမျိုးသမီးရဲ့ အကြောင်းကို အချိန်ကိုက်ဖြန့်ချိနေတဲ့ အပြင် ၎င်းအမျိုးသမီး ရဲ့ဓါတ်ပုံတွေကို အသုံးပြု ပြီးဝါဒဖြန့် သတင်းမှားဖော်ပြတာကိုလဲ တွေ့ရှိရပါတယ်။ ၎င်းအမျိုးသမီးရဲ့ အကြောင်းကို လွတ်လပ်တဲ့ သတင်းမီဒီယာဖြစ်တဲ့ ဧရာဝတီ ရဲ့ ဖော်ပြချက်မှာတော့ မြင်းခြံမြို့မှာ ​ဒေါ်သီတာယုမွန်ရဲ့ ပျူ​စောထီးတပ်​တွေဟာ တန်ခိုးအထွားဆုံးဖြစ်ပြီး သူဟာ ​ဒေသခံ​တွေ​ကြောက်ရွံ့ရတဲ့ အာဏာရှင်တဦး လို့ဆိုပါတယ်။

 

သတင်းအပြည့်စုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/PUAvTxPv1CvHX46e/

https://burma.irrawaddy.com/video/2024/08/12/388703.html

 

သုံးသပ်ချက်

ဩဂုတ်လ ၁၄ ရက်မှာ အဲဒီ မြင်းခြံ-တောင်သာလမ်းပိုင်းပေါ်က နန်းမြင့်တောင်အနီးဝန်းကျင်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာတော့မရှိဘဲ တိုက်ပွဲဖြစ်ပွားသယောင်နဲ့  မြင်းခြံမြို့ ပျူစောထီးအဖွဲ့ ကတိုက်ထုတ်လို့ PDF တွေထွက်ပြေးရသယောင်ရေးသားထားတဲ့ သတင်းအမှားဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားတဲ့ မူရင်းဖော်ပြချက်တွေကို ကွဲလွဲအောင် နည်းမျိုးစုံနဲ့ ဝါဒဖြန့်ပြီး ဖြန့်ချိနေတာဖြစ်ပါတယ်။

 

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN)ရဲ့ အဖွဲ့ဝင်တွေ၊ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေနဲ့ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

Web Link – https://myanmarfactcheckingnetwork.org/

 

Fb  Link – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .