အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ
Share:FacebookX

အရပ်သားမဲ့ဧရိယာဟု လိမ်လည်ပြီး လေကြောင်းရန် အခါတော်ပေးနေသည့် တရားခံများ

နိဒါန်း

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုအရ လအနည်းငယ်မျှ ရပ်တန့်ထားသည့် ရှမ်းမြောက်စစ်ပွဲများသည် ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်တွင် ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ်ပြန်လည်စတင်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့တို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

လက်ရှိ စစ်ဆင်ရေးနယ်မြေများမှာ မိုးမိတ် မြို့၊ မန္တလေး-လားရှိုး လမ်းမကြီးတလျှောက်ရှိ နောင်ချို၊ ကျောက်မဲ၊ လားရှိုးမြို့၊ မန္တလေးတိုင်း အတွင်းရှိ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးမြို့နယ်တို့ဖြစ်သည်။ ဇူလိုင် ၂၃ ရက်နေ့ သတင်းဖော်ပြမှုများအရ နောင်ချိုနှင့် စဉ့်ကူးမြို့တို့ကို တော်လှန်ရေး ပူးပေါင်းတပ်များက အလုံးစုံထိန်းချုပ်ထားပြီး ကျန်ဒေသ များ ဖြစ်သည့် မိုးကုတ်၊ ကျောက်မဲ၊ လားရှိုး၊ မတ္တရာတို့တွင် အလုံးစုံထိန်းချုပ်နိုင်ရေး ထိုးစစ်များ ပြင်းထန်နေသည်။ စစ်ကောင်စီကလည်း ရှုံးမဲမဲပြီး ယင်းဒေသများကို လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ဗုံးကြဲလျက်ရှိနေသည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ စိုးမိုးမှုနှင့် တော်လှန်ရေးအားကောင်းသည့် ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်နှင့် စစ်ကိုင်တိုင်းတို့တွင် စစ်တပ်က လေကြောင်းဗုံးကြဲမှု မကြာခဏ ပြုလုပ်လျက် ရှိနေသည်။

လေကြောင်းရန် လှုံ့ဆော်ရာတွင် လေကြောင်းမှ ဗုံးကြဲရန် လှုံ့ဆော်အခါတော်ပေးခြင်း၊ ယင်းနောက် တကယ်ကြဲမကြဲစောင့်ကြည့်ခြင်း၊  ထိုမျှမက ဗုံးကြဲခြင်းကို ကောင်းချီးဩဘာပေးခြင်းတို့ အားတက် သရော လုပ်ဆောင်သည်။ ဗုံးကြဲမည့် နေရာများသည် အရပ်သားမဲ့ ဧရိယာများအဖြစ် လိမ်လည် သတ်မှတ်ပြီး သူပုန်လက်နက်ကိုင်များသာ ရှိသဖြင့် ထိုသို့ ဗုံးကြဲသင့်ကြောင့် စစ်ရာဇဝတ်မှုကို  ဖုံးကွယ် လိမ်လည် ဖြန့်ချိကြသည်။ အရပ်သားများ ရှိသည့်တိုင် ၎င်းတို့သည် ရန်သူ့ဘက်တော်သား သူပုန်အားပေးများအဖြစ် တံဆိပ်ကပ်လိုက်သည်။ ထိုကြောင့် လွတ်လပ်စွာ ဗုံးကြဲခွင့် ရှိသည်ဟု ဆိုသည်။

ဆက်လက်ဖတ်ရှုရန် − https://theredflagmedia.org/acasestudyofcallforaction/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .