ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား

+++++

AEN

ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်ကြောင်း၊ NUGကို ထောက်ခံသူများက ဦးဆောင်၍ ထိုင်းလူမျိုးများ လက်မခံသည့် အချက်များအား တောင်းဆိုရန် လှုံ့ဆော်ခြင်းကြောင့် ထိုင်းအစိုးရက ဖမ်းဆီးရခြင်းဖြစ်သကဲ့သို့ ရေးသားထားတဲ့ သတင်းအမှားကို သြဂုတ်လ ၁၃ ရက်နေ့ကစပြီး Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန် နယ်ကနေ ဖော်ပြထားပါတယ်။

Kyaw Swar တယ်လီဂရမ်ချန်ဟာ subscriber 182,100 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ ခုနှစ်သောင်းတစ်ထောင်ငါးရာကျော်က မြင်တွေ့ထားပါတယ် ။ အဲဒီသတင်းဖော်ပြချက် link – https://archive.ph/D49RU

အဲဒီဖော်ပြချက်ကို AEN က ဩဂုတ်လ ၁၇ ရက်နေ့မှာ အချက်အလက် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

 ◾ ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်းလုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှားစိစစ်ချက်

Kyaw Swar အကောင့်ကနေ ရက် ၁၂၀ စီမံကိန်းနဲ့ ဖမ်းတာ ရက်ပေါင်း၅၀အတွင်းတရားမဝင် ဝင်ရောက် နေ ထိုင်သူ ၃သိန်း ကျော်ထိုင်းအစိုးရ ကဖမ်းဆီးထားတယ်လို့ အချက်အလက်အတည်မပြုနိုင်ပဲ ရေးသားထား တာတွေ့ရပါတယ်။

အမှန်တကယ်မှာတော့ မြန်မာနိုင်ငံကစစ်မှုထမ်း ဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုများပြား လာနေတဲ့အတွက် ထိုင်းအစိုးရဘက်မှ အဖမ်းအဆီးတွေမြင့်တက်လာကြောင်း ယုံကြည်ရတဲ့ ပြည်တွင်းသတင်း ဌာနများက သတင်းများဖော်ပြထားပြီးဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ထိုင်းနိုင်ငံမြောက်ပိုင်း နခွန်စဝမ်ခရိုင်မှာ ပစ်ကပ်ကားဖြင့်တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား၁၅ဦးကို သြဂုတ်လ ၁၃ရက်နေ့ နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Dawei Watch သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Dawei Watch ရဲ့ သတင်းဖော်ပြချက် Linkhttps://www.facebook.com/share/p/1R6qW3U8JE9QuZB9/?mibextid=oFDknk

လက်ရှိအချိန်မှာ ထိုင်းသတင်းဖော်ပြချက်များသာမက ပြည်တွင်းကယုံကြည်ရတဲ့ သတင်းမီဒီယာများမှာပါ Kyaw Swar အကောင့်မှ သတင်းမှားလွှင့်ထားတဲ့ NUG PDFထောက်ပို့တွေက ဦးဆောင်ပြီး အချက်၁၀ချက်ကို တောင်းဆိုဆန္ဒပြကြတဲ့သတင်းကို ဖော်ပြထားတာမရှိပါ။ 

အချက် ၁၀ချက် ဆန္ဒပြတောင်းဆိုကြောင်း ပျံ့နှံ့လာတဲ့သတင်းလင့်ခ်များကိုလည်း မူရင်းလွှင့်ထားသူတွေ Aug ကိုယ်တိုင်ပြန်လည်ဖြုတ်ချသွားတာကိုလည်း AEN က စိစစ်သိရှိထားပါတယ်။ 

-ဒါ့အပြင် အချက်၁၀ချက်တောင်းဆိုခြင်းဟာ သတင်းမှားဖြစ်ကြောင်းကိုလည်း CDM သံအရာရှိ ကိုဝေလင်း မောင်က သူ့ရဲ့ဆိုရှယ်မီဒီယာကနေ ဗီဒီယိုဖိုင်နဲ့တကွရှင်းပြလာခဲ့တာဖြစ်ပါတယ်။

-ကိုဝေလင်းမောင်အနေနဲ့ ဆိုရှယ်မီဒီယာတွေနဲ့ တစ်တော့တွေမှာ အချက်၁၀ချက်ပါတောင်းဆိုမှုတွေ လုပ်တယ် ဆိုတဲ့သတင်းမှားကို လိုက်လံစိစစ်ကြည့်ရာမှာတော့ ဖေ့ဘုတ်၊ တွစ်တာနဲ့ တယ်လီဂရမ်ချန်နယ်တို့ကနေ အဲဒီ သတင်းတွေကို ဖြန့်ချိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

 အဲဒီလိုဖြန့်ချိရာမှာလည်း ချွန်ဘူရီမှာ မြန်မာအလုပ်သမားတွေက ဆန္ဒပြတယ်ဆိုပြီး သတင်းအမှားတွေကို ဖြန့်ပြီး အချိန်တစ်ခုရောက်တဲ့အခါ သတင်းစဖြန့်ခဲ့တဲ့ မီဒီယာတွေက ဖြုတ်ချသွားခဲ့ကြောင်း Aug  မူရင်းသတင်း source ကို ယူတဲ့ဘက်ကလည်း ဒီသတင်းတွေကို ဖြုတ်ချသွားပြီဖြစ်ကြောင်း အသိပေးထားတာပါ။

စစ်ကောင်စီဘက်တော်သားတွေအနေနဲ့ ထိုင်းနိုင်ငံသို့တရားမဝင် ဝင်ရောက်လာသူတွေကို ထိုင်းရဲတွေကဖမ်း ဆီးမှုပြုလုပ်ခဲ့တဲ့ သတင်းတွေကို အခြေခံပြီး ပြဿနာကို မကြီးကြီးအောင်လုပ်ဆောင်နေကြတာဖြစ်ကြောင်း၊ ဒီသတင်းတွေကို ပြန်လည်ဖြန့်ဝေတဲ့သူတွေအနေနဲ့ စဉ်းစားသင့်တာက ဒီသတင်းတွေက ဘယ်ကနေ ဆင်းသက်လာတာလဲ ဘာရည်ရွယ်ချက်နဲ့ဆိုတာတွေကို စဉ်းစားပြီး သတင်းစီစစ်သင့်ကြောင်းတိုက်တွန်းထား တာပါ။

ဒီလိုသတင်းအမှားကြောင့် မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံသားတွေရဲ့ကြားမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတာကြောင့် တစ်ဖက်ရည်ရွယ်ချက်အထမမြောက်အောင် ဒီလိုသတင်းအမှားတွေ မဖြန့်ဖို့အတွက် မေတ္တာရပ်ခံထားတဲ့ ဗီဒီယိုကိုဖော်ပြလာတာဖြစ်ပါတယ်။

ကိုဝေလင်းမောင်ရဲ့ ဗီဒီယိုဖော်ပြချက် Linkhttps://www.facebook.com/watch/live/?mibextid=oFDknk&ref=watch_permalink&v=515857511016494&rdid=3wRHYSLPzIPiIIeP

◾သတင်းစိစစ်ချက်

– Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ရေးသားချက်အရ ” ထိုင်းနိုင်ငံတွင် မြန်မာရွေ့ပြောင်း လုပ်သားများ ဖမ်းဆီးခံရ၊ ဒုက္ခရောက်ရခြင်းသည် NUGကြောင့် ဖြစ်တယ်ဆိုတဲ့ သတင်းအမှား” ဆိုတဲ့ ဖော်ပြချက်ဟာ တကယ်တော့ မှားယွင်းနေပါတယ်။

တကယ်တော့ ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဖမ်းဆီးခံရမှုပိုမိုများပြားလာခြင်းဟာ NUG ကြောင့်ဖြစ်တယ်ဆိုပြီး လိုသလိုဆွဲကပ်ဝါဒဖြန့်မှု သက်သက်သာဖြစ်ပါတယ်။ အမှန်တကယ်ထိုင်းနိုင်ငံသို့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေဝင်ရောက်မှု များပြားလာခြင်းမှာ စစ်ကောင်စီရဲ့မထမ်းမနေရ စစ်မှုထမ်းဥပဒေကြောင့်သာ ဖြစ်တာကို သိရှိနိုင်ပါတယ်။

◾သုံးသပ်ချက်

လက်ရှိအချိန်မှာ ပျံ့နှံ့ခဲ့တဲ့ သတင်းအမှားလင့်ခ်တွေကလည်း ပြန်လည်ဖြုတ်ချသွားခဲ့ပြီဖြစ်ပါတယ်။ NUG မှ ထောက်ပို့တွေဦးဆောင်ပြီး အချက်၁၀ချက်တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းအချက်အလက်ကိုလည်း လွတ် လပ်သော ယုံကြည်ရတဲ့ပြည်တွင်းမီဒီယာတွေမှာ သတင်းဖော်ပြထားတာမတွေ့ရပါ။

ယခုလိုအမှန်မဟုတ်တဲ့ သတင်းအချက်အလက်တွေ ပျံ့နှံ့လာခြင်းဟာ ထိုင်းနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသား တွေကြား ပဋိပက္ခနဲ့ အမုန်းတရားများစိမ့်ဝင်တိုးပွားလာအောင် တမင်တကာရည်ရွယ်ပြီး အချိန်ကိုက်ဝါဒဖြန့် မှုသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာ တွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ AEN တို့လို မီဒီယာတွေရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .