တကောင်းမြို့အား PDF များ ဝင်ရောက်စီးနင်းပြီး ပြည်သူများကို သတ်ဖြတ်ကာ နေအိမ်များမီးရှို့ ဖျက်ဆီးဆိုသည့် သတင်းအမှား
Share:FacebookX

တကောင်းမြို့အား PDF များ ဝင်ရောက်စီးနင်းပြီး ပြည်သူများကို သတ်ဖြတ်ကာ နေအိမ်များမီးရှို့ ဖျက်ဆီးဆိုသည့် သတင်းအမှား

14 August by Wadi/ MPA

တကောင်းမြို့အား PDF များဝင်ရောက်စီးနင်းပြီးနောက် ပြည်သူများကို သတ်ဖြတ်၍ နေအိမ်များကို မီးရှို့ ဖျက်ဆီးဆိုသည့် သတင်းအမှားများ ဩဂုတ် ၁၃ ရက်တွင် စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

Subscribers ၁၃၀,၀၀၀ ကျော်ရှိသည့် “မှိုင်းဝေ” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဩဂုတ် ၁၃ ရက်၊ မွန်း လွဲ ၁၂ နာရီ ၂၁ မိနစ်တွင် “ တကောင်းမြို့ကို အကြမ်းဖက်သမားများမှ ဝင်ရောက်စီးနင်းပြီး ပြည်သူ တွေကို သတ်ဖြတ်ကာ နေအိမ်းများအားမီးရှိးဖျက်စီးသွား။ ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ့စစ်တွေကိုလည်း သင်္ချိုင်း ကုန်းသို ဖမ်းဆီးခေါ်ဆောင်သွားကာ အကုန်သတ်ပစ်လိုက်ပြီ ဖြစ်ကြောင်းသိရ။” ( မူရင်းရေးသားချက်အ တိုင်း) ဆိုပြီး ရေးသားဖြန့်ဝေခဲ့ရာ ဝင်ရောက်ဖတ်ရှု့သူ ၄၅၀၀၀ကျော်၊ Reaction ပေးသူ ၇၃၀ ကျော်ရှိ သည်။ ဖော်ပြပါ ပျံ့နှံ့မှုအရေအတွက်သည် ၂၀၂၄ ဩဂုတ် ၁၄ရက် ညနေ ၅နာရီအထိ ဖြစ်သည်။

သတင်းအမှားဖြန့်ဝေနေသော မှိုင်းဝေချန်နယ်လင့်ခ်- https://archive.ph/TKUE2

အဆိုပါသတင်းအမှားကို “ အထွန်းဖွား၊ Ye’ Ba Nyein ၊ ရွှေနေကြာ ၊ ကျွန်းလှမီးအိမ်ရှင်” တယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြခဲ့ကြသဖြင့် ပျံ့နှံ့မှုများပြားလျက်ရှိသည်။

တယ်လီဂရမ်တွင်ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
အထွန်းဖွား – https://archive.ph/MRWTE
Ye’ Ba Nyein – https://archive.ph/bsCij
ရွှေနေကြာ – https://archive.ph/QH6oY
ကျွန်းလှမီးအိမ်ရှင် – https://archive.ph/LV0du

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအ မှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ အချက်အလက်မှန် မမှန် သိရှိရန် Google ၌ “တကောင်းမြို့သိမ်းတိုက်ပွဲ” ဆိုသည့် စာသား( Keyword) ဖြင့် ရှာဖွေကြည့်ရာ “ People’s Spring ၊ DVB ၊ Myanmar Now နှင့် Mizzima” အပါအဝင် အခြားသော သတင်းမီဒီယာများတွင် သတင်းရေးသား ဖော်ပြထားကြသည်။

People’s Spring နှင့် DVB တွင် တကောင်းမြို့ကို PDF ပူးပေါင်းတပ်ဖွဲ့များက ဩဂုတ် ၁၁ ရက် မနက်ပိုင်း တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၂ ရက် ညနေတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ တကောင်းမြို့ သိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီဘက်က ၆၄ ဦး သေ ဆုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကြောင်း၊ လက်နက်မျိုးစုံ ၈၃ လက်နှင့် ကျည်ဆန်သောင်းချီ သိမ်းဆည်းရမိခဲ့ ကြောင်း၊ စစ်တပ်သည် အင်အားနည်းပါးနေပြီး လေကြောင်းကနေ အဓိက ခုခံခဲ့ခြင်းဖြစ်ကြောင်း ရေးသား ထားသည်။

မူရင်းသတင်းအပြည့်အစုံဖတ်ရန် >>>
People’s Spring – https://shorturl.at/TJnpU
DVB – https://shorturl.at/y0pu8

၂၀၂၄ ဩဂုတ် ၁၃ ရက် Myanmar Now တွင် ရှမ်းမန်းစစ်ဆင်ရေးအတွင်း သပိတ်ကျင်းမြို့နယ်၊ တကောင်း မြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးအင်အားစုက စစ်သုံ့ပန်း ၂၀ ကျော် ရရှိခဲ့သည်ဟု သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံတပ်များက မန္တလေးမြို့ မြောက်ဘက် မိုင် ၁၀၀ ခန့် အကွာရှိ တကောင်းမြို့ကို ယမန်နေ့ ( သြဂုတ် ၁၂) တွင် သိမ်းယူလိုက်ရာ ထိုမြို့သည် ရှမ်းမန်းစစ်ဆင်ရေး အတွင်း ၎င်းတို့သိမ်းနိုင်သည့် ဒုတိယမြောက်မြို့ ဖြစ်လာကြောင်း ရေးသားထားသည်။

မူရင်းသတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/RxhhP

၂၀၂၄ ဩဂုတ် ၁၃ ရက် Mizzima တွင် “ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့ဖြစ်သော တကောင်းမြို့ကို သိမ်းပိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များအား ဒေသခံများက သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြသည်။ တကောင်းမြို့ရှီ စစ်ကောင်စီစခန်းများကို အမျိုးသားညီညွတ် ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ်(၁) စစ်ဒေသ၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) နှင့် တကောင်းတိုက်နယ်(ပကဖ) တို့က ဩဂုတ် ၁၁ရက် နံနက်တွင် စတင်တိုက်ခိုက်ပြီး ဩဂုတ် ၁၂ရက် ညနေတွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

မူရင်းသတင်းအပြည့်အစုံဖတ်ရန် >>> https://shorturl.at/HW6tm

တကောင်းမြို့သိမ်းတိုက်ပွဲအပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်များကို ဒေသခံ ပြည်သူများက သပြေပန်းများဖြင့်ကြိုဆိုနေသည့် ရုပ်သံမှတ်တမ်းများ မီဒီယာများနှင့် လူမှုကွန်ယက်များ တွင် ဖော်ပြခဲ့ကြသည်။

သုံးသပ်ချက်

သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် တကောင်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ဒါ့အပြင် စစ်သုံ့ပန်း နှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း တညီတညွတ်တည်း ဖော်ပြထားသော ကြောင့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသာအကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင် သည်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်တွင် ရေးသားဖော်ပြထားသော အကြမ်းဖက် ဆိုသော အသုံးအ နှုန်းသည် PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များအား ရည်ညွှန်းပြောဆိုခြင်းဖြစ်ကြောင်း တွေ့ရှိရ သည်။
သတင်းအမှားအကြောင်းအရာတွင် တကောင်းမြို့သို့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ ဝင် ရောက် စီးနင်းမှုဖြစ်စဉ် မှန်ကန်သည်။ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်၍ နေအိမ်များမီး ရှို့ဖျက်စီးခဲ့သည်ဟု စွပ်စွဲရေးသားထားသောကြောင့် အခြေအနေအခင်းအကျင်းအမှား ( False Context ) သတင်းအမှား အမျိုးအစားဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။

MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့်ခ် – https://myanmarfactcheckingnetwork.org/
Facebook လင့်ခ် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .