လားရှိုးမြို့နေ ပြည်သူများကို စစ်မှုထမ်းရန် MNDAA အဖွဲ့ ဆင့်ခေါ်နေဆိုသည့် ထုတ်ပြန်ချက်အတု
Share:FacebookX

လားရှိုးမြို့နေ ပြည်သူများကို စစ်မှုထမ်းရန် MNDAA အဖွဲ့ ဆင့်ခေါ်နေဆိုသည့် ထုတ်ပြန်ချက်အတု

14 August 2024 By Haythar /MPA

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အသက် ၁၆နှစ်မှ အသက် ၅၀နှစ်အတွင်း ပြည်သူများကို MNDAA အဖွဲ့ စစ်မှုထမ်းရန် ကောက်ခံ​​နေကြောင်း ထုတ်ပြန်ချက်စာအတု အသုံးပြု၍ တယ်လီဂရမ် ချန်နယ် နှင့် Tik Tok တွင် ၂၀၂၄ သြဂုတ် ၁၁ရက်မှ စတင်ကာ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။

Subscriber ၅၀၀၀ကျော်ရှိ ပုသိမ်သားလေး တယ်လီဂရမ်ချန်နယ်က အဆိုပါ ထုတ်ပြန်ချက်ကို အသုံးပြု ၍ “လားရှိးနေပြည်သူများ အိမ်မပြန်ရတော့ပါ အသက် ၁၆ ကနေ ၅၀ အတွင်း စစ်မှုထမ်းရမယ် ကလေး ၃ ယောက်ရှိရင် တစ်ယောက်ခေါ်မယ် ဆန့်ကျင်ရင် လိမ်ထားရင် ပိုင်ဆိုင်တာတွေ သိမ်းပါမယ်တဲ့” (မူရင်းရေး သားချက်အတိုင်း) ဟူ၍ ၂၀၂၄ သြဂုတ် ၁၁ရက် မွန်းလွဲပိုင်းတွင် ဖော်ပြထားသည်။

ပုသိမ်သားလေး- https://archive.ph/iYTyX

ပုသိမ်သားလေး တယ်လီဂရမ်ချန်နယ်၏ ဖော်ပြချက်ကို တမာမြေနှင့် 52 News တယ်လီဂရမ်ချန်နယ်များ က ကူးယူဖော်ပြထားကြသည်။ Ko Thet အမည်ရှိ Tiktok အကောင့်ကလည်း အလားတူဖော်ပြထား သည်။

သတင်းအမှား ဖြန့်ဝေထားသော လင့်ခ်များ
Tiktok Ko Thet https://archive.ph/tUft4
တမာမြေ https://archive.ph/5AxGF
52 News https://archive.ph/bv1dn

ပျံ့နှံ့နေသော သတင်းအကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် ဖြစ်သော MPA အဖွဲံ့က အချက်အလက်စစ်ဆေးကြည့်ရာ ထုတ်ပြန်ချက်အတု သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့လျက်ရှိသော တရုတ်ဘာသာစကားဖြင့်ရေးသားထားသည့် ထုတ်ပြန်ချက်ကို Google Translate ကိုအသုံးပြု၍ တရုတ်ဘာသာမှ မြန်မာဘာသာစကားသို့ ဘာသာပြန်ဆိုကြည့်ရာ ” အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ကော်မရှင် “ဆိုသည့်ခေါင်းစဥ်ဖြင့် ဖော်ပြထားခြင်း ဖြစ်သည်။
တယ်လီဂရမ်ချန်နယ်များနှင့် Tiktok တွင် ပျံ့နှံ့နေသည့် MNDAAအဖွဲ့၏ ထုတ်ပြန်ချက်ဆိုသော ပုံအောက် ခြေတွင် ရိုက်နှိက်ထားသော တံဆိပ်တုံးကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ MNDAA အဖွဲ့ အသုံးပြုလေ့ရှိသည့် တံဆိပ်တုံးများနှင့် ထပ်တူညီမှုမရှိကြောင်း စိစစ်တွေ့ရှိရသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်တော်(MNDAA) ၏ သတင်းများ အား ဖော်ပြလေ့ရှိသည့် ကိုးကန့်သတင်းကွန်ရက် ဖေ့ဘွတ်ခ်ပေ့ချ်တွင် ဝင်ရောက်ရှာဖွေကြည့်ရာ ၂၀၂၄ ဩဂုတ် ၁၄ရက်အထိ ယင်းသို့ ထုတ်ပြန်ထားခြင်း မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။

ကိုးကန့်သတင်းကွန်ရက် ဖေ့ဘွတ်ခ်လင့်ခ် https://shorturl.at/7WyVf

ဆိုရှယ်မီဒီယာများတွင်ပျံ့နှံ့နေသည့် ထုတ်ပြန်ချက်အတု၏ အောက်ခြေ၌ အသုံးပြုထားသည့် တံဆိပ်တုံး သည် MNDAA တရားဝင် အသုံးပြုနေသော တံဆိပ်တုံးနှင့် အရောင်မတူညီဘဲ ကွဲပြားမှုရှိသည်။
MNDAA အဖွဲ့ သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ရာတွင် အသုံးပြုလေ့ရှိသော တံဆိပ်တုံးသည် အနီရောင် ဖြစ်သည်။

ယခင်က MNDAA အဖွဲ့ အသုံးပြုလေ့ရှိသော တံဆိပ်တုံးကို ကြည့်ရှုရန်လင့်ခ် – https://archive.ph/n8LXx
လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ရရှိပြီးနောက် မြို့တွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင် ပေးနေသည့် Freedom Youth Volunteers- FYV အဖွဲ့က အဆိုပါထုတ်ပြန်ချက်အတုနှင့် “သတင်းအမှား”ဟူ၍ ခေါင်းစဉ်တပ်ကာ FYV ဖေ့ဘွတ်ခ်စာမျက်နှာတွင်ရေးသားဖော်ပြထားသည်။

FYV ဖေ့ဘွတ်ခ်တွင် သတင်းအမှားဟူ၍ ရေးတင်ထားသော လင့်ခ် https://shorturl.at/C2sLL

သုံးသပ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံနေသည့် လားရှိုးမြို့နေ ပြည်သူများကို စစ်မှုထမ်းရန် ဆင့်ခေါ်နေသော အကြောင်းအရာအား MNDAA တရားဝင်စာမျက်နှာတွင်ဖော်ပြထားခြင်းမရှိသည့်အတွက်ပျံ့နှံ့နေသည့် ထုတ်ပြန်ချက်သည် အတုဖြစ်ကြောင်း စစ်ဆေးသိရှိနိုင်သည်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် MNDAA အဖွဲ့ သတင်းထုတ်ပြန်သကဲ့သို့ ဖန်တီး၍ သတင်းအတု ဖန်တီးဖြန့်ဝေနေခြင်းကြောင့် အယောင်ဆောင်တင်ဆက်ချက် (Imposter Content) သတင်းအမှားအမျိုးအစားဖြစ်သည်။

အထက်ဖော်ပြပါ စစ်ဆေးမှုသည် ဩဂုတ် ၁၄ရက်အထိ ရရှိထားသော အချက်အလက်များကို ကိုးကား၍ စိစစ်ထားခြင်းဖြစ်သည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။ MPAက အချက်အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .