မိုးကုတ်မြို့မှာ TNLA က ဒလန်လို့စွပ်စွဲကာ ဝန်ထမ်းနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို  ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

မိုးကုတ်မြို့မှာ TNLA က ဒလန်လို့စွပ်စွဲကာ ဝန်ထမ်းနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို  ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းမှား

မိုးကုတ်မြို့မှာ TNLA က ဝန်ထမ်းတွေနဲ့ကြံ့ခိုင်ရေးပါတီဝင်တွေကို ဒလန်လို့ စွပ်စွဲဖမ်းဆီးနေတယ်လို့ ရေး သားထားပြီး ဖမ်းခံထားရသူတွေ ဆိုတဲ့ ဓါတ်ပုံနဲ့အတူ လူမှုကွန်ရက်ပေါ်မှာ ရေးသားဖြန့်ဝေနေတာကို တွေ့ ရပါတယ်။

 

စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ View of Sue ကနေ ဇူလိုင် ၁၂ ရက်မှာ “မိုးကုတ် မြို့မှာ ဒလန်ဟု စွပ်စွဲကာ Tnla ဖမ်းဆီးထားသော ဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ” ဆိုကာ ဓါတ်ပုံ ၃ ပုံနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

အလားတူ လူမှုကွန်ယက် ပလက်ဖောင်းတခုဖြစ်တဲ့ VK ကနေ ခိုင်မာဇော် အမည်ရှိအကောင့်ကနေပြီး “မိုးကုတ်မြို့မှာ ဒလန်ဟု စွပ်စွဲကာ Tnla ဖမ်းဆီးထားသော ဝန်ထမ်းများနှင့် ကြံ့ခိုင်ရေးပါတီဝင်များ”ရေးကာ ခန်းမအတွင်း ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၁ ပုံနဲ့ ဖြန့်ဝေခဲ့တာကို တွေရပါတယ်။

သတင်းစိစစ်ချက် 

အဲဒီပျံ့နှံ့နေတဲ့သတင်းနဲ့ပတ်သက်လို့ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကနေ စိစစ်ကြည့်တဲ့အခါမှာ ဝန်ထမ်းတွေနဲ့ ကြံ့ဖွတ်တွေကို ဖမ်းဆီးခဲ့တာ မဟုတ်ပဲ TNLA က မူးယစ်ဆေးဝါးရောင်းဝယ်သူ ၇၁ ဦးနဲ့ ပြစ်မှုကျူးလွန်သူတွေ စုစုပေါင်း ၁၂၉ ဦးကို ဖမ်းဆီးခဲ့တာဖြစ်လို့ သတင်းမှားဖြစ်တာကို တွေ့ရှိရပါတယ်။

PSLF/TNLA သတင်းနဲ့ပြန်ကြားရေးဌာနဖြစ်တဲ့ The Ta’ang Post က “မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၇၁ ဦးနဲ့ တရားမဝင်ကျောက်တူးသူ၊ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံသတင်းပေးတဲ့သူ၊ စစ်ရှောင်နေအိမ် တွေကို ဖောက်ထွင်းခိုးယူသူ၊ လူသတ်မှုကျူးလွန်သူ၊ ချဲရောင်းသူ၊ မူးယစ်ရမ်းကားသူ စုစုပေါင်း ၁၂၉ ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တယ်”လို့ ဓါတ်ပုံတွေနဲ့အတူဖော်ပြ ရေးသားထားတာကို ဖတ်ရှုနိုင်ပါတယ်။

ဒါအပြင် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှ ဇူလိုင်လ ၂၄ ရက်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ  ၇၁ ဦးအပါအဝင် ပြစ်မှုကျုးလွန်ခဲ့သူ ၁၂၉ ဦးကို TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့တယ်ဆိုပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်မှာ TNLA က ထုတ်ပြန်ခဲ့တယ်လို့ Tachileik News Agency, MPA နဲ့ Shwe Phee Myay News Agency တို့က ရေးသားထားတာကို ဖတ်ရှုနိုင်ပါ တယ်။

သုံးသပ်ချက် 

မိုးကုတ်မြို့နယ်ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ TNLA နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေ စတင် တိုက်ခိုက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့နောက် တရားဥပဒေစိုးမိုးရေး နဲ့အုပ်ချုပ်ရေးဆိုင်ရာတွေ ဆောင်ရွက်နေချိန်မှာ မူးယစ်နဲ့အခြားပြစ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်က ဓါတ်ပုံအချို့ကို အသုံးပြုပြီး TNLA က ဝန်ထမ်းတွေနဲ့ကြံ့ဖွတ်တွေကို ဒလန်လို့ စွပ်စွဲဖမ်းဆီးနေ တယ်လို့ သတင်းမှားလုပ်ကြံရေးသားဖြန့်ဝေခြင်း ဖြစ်ပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ ကနေဝင်ရောက်ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်းဖိတ်ခေါ် အပ်ပါတယ်။ 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .