ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား
Share:FacebookX

ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား

ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ် ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်နေသည်ဆိုတဲ့ သတင်းအမှား

+++++

AEN

ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ်ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်၍ ရုပ်သံရိုက်ကူး၊ ထုတ်ပြန်ခြင်းဟုဆိုပြီး မီဒီယာများက ဖော်ပြသကဲ့သို့ ပုံဖော်ဖြန့်ချီထားသည့် သတင်းတစ်ခုကို သြဂုတ်လ ၈ ရက်နေ့ကစပြီး Khit Thit Myanmar အမည်ရှိ တယ်လီဂရမ်ချန် နယ်ကနေ ဖော်ပြထားပါတယ်။

ဖော်ပြပါသတင်းအချက်အလက်ကို Myanmar Fact-checking Network အဖွဲ့ဝင် AEN မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့တွင် စစ်ဆေးကြည့်ရာမှာတော့ တင်ထားတဲ့ အကြောင်းအရာနဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာမှာ ကွဲလွဲနေပြီး သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

Khit Thit Myanamr တယ်လီဂရမ်ချန်ဟာ subscriber 3,161 ကျော်ရှိပြီး အထက်ပါဖော်ပြချက်ကိုတော့ ကြည့်ရှူသူ တစ်သောင်းရှစ်ထောင်ငါးရာကျော်က မြင်တွေ့ထားပါတယ် ။ အဆိုပါဗီဒီယို ဖော်ပြချက် link – https://archive.ph/F77v4

◾ ရခိုင်ပြည်၊ မောင်တောတွင် စစ်တပ်ဖမ်းဆီးပိတ်လှောင်ထားသည့် မွတ်ဆလင်များအား AAက ကယ်ထုတ်ခြင်းသည် မဟုတ်မှန်ဘဲ လိမ်လည်၍ ရုပ်သံရိုက်ကူး၊ ထုတ်ပြန်ခြင်း

ဖော်ပြပါသတင်းအချက်အလက်ကို AEN ကစစ်ဆေးကြည့်ရာမှာတော့ 

အဲဒီသတင်းဟာ AAရဲ့ တယ်လီဂရမ်ချန်နယ်ကနေ သြဂုတ်လ ၇ ရက်နေ့မှာ ရခိုင်ပြည်နယ်မောင်တောမြို့ ထဲတွင် စစ်ကောင်စီက လူသားဒိုင်းကာအဖြစ် ခေါ်ယူထားသော ပြည်သူလူထုများနှင့် မောင်တောမြို့အတွင်း ပိတ်မိနေကြသော ပြည်သူလူထုများကို အာရက္ခတပ်တော်မှ အသုတ်လိုက်အသုတ်လိုက်ဘေးလွတ်ရာကို ရွှေ့ ပြောင်းကယ်တင်ပုံတွေကို ဗီဒီယိုဖိုင်နဲ့ တကွထုတ်ပြန်လာခဲ့တာ ဖြစ်ပါတယ်။

-AAရဲ့ သတင်းထုတ်ပြန်ချက်Link

https://t.me/aainfodesk/1036

AAရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Development Media Group မှလည်း အဲဒီသတင်းကိုစိစစ်ပြီး သတင်းမှန်အဖြစ်ဖော်ပြခဲ့ပါတယ်။

DMG ရဲ့ သတင်းဖော်ပြချက် Link

https://www.facebook.com/share/v/4mHipzFKS5CJy4TJ/?mibextid=D5vuiz

အဆိုပါသတင်းကိုပဲ နိရဉ္စရာ သတင်းဌာနက “မောင်တောမြို့က တိုက်ပွဲကြား ပိတ်မိနေတဲ့ အရပ်သား ၁၂၀၀၀ ကျော်ကို AA ကယ်ထုတ်နိုင်ခဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့မှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူ ၁၂၀၀၀ ကျော်ကို တိုက်ပွဲများဖြစ်နေတဲ့ ကြားကနေ အာရက္ခတပ်တော်(AA)က အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။   

သြဂုတ်လ ၇ ရက်ကနေ ၉ ရက်နေ့ အထိ ၃ ရက်အတွင်းကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့  AA ရဲ့ ထုတ်ပြန်ချက်တွေကို ကိုးကားပြီးသတင်းဖော်ပြထားတာဖြစ်ပြီး ကယ်ထုတ်ခံလာရတဲ့ မွတ်ဆလင်တစ်ဦးရဲ့ အသံကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။

“AA ဘက်က မြို့ထဲကိုဝင်လာနေကြပြီ။ တိုက်ပွဲဖြစ်လာရင် ကြားညှပ်သွားကြမယ်။ အဲဒါကြောင့်  မြို့က ထွက်ပြေးလာကြရတယ်။ AA ဘက်ကရဲဘော်တွေလည်း အကူအညီပေးကြတယ်။ လမ်းမလျှောက်နိုင်တဲ့ လူအိုတွေ၊ နေထိုင်မကောင်းသူတွေကို ဆိုင်ကယ်တွေနဲ့ လိုက်ပို့ပေးကြတယ်။ မသယ်ယူနိုင်တော့တဲ့ အိတ်တွေကိုလည်း ကူညီပြီးသယ်ပေးကြပါတယ်” လို့ ပြောကြားတာတာ တွေ့ရပါတယ်။

နိရဉ္စရာ သတင်းဌာနရဲ့ Link

https://www.facebook.com/share/p/NMfBGz41LqSvJxMS/?mibextid=oFDknk

အဲဒီသတင်းကိုပဲ RFA Burmese ကလည်း “ရိုဟင်ဂျာတစ်သောင်းကျော်ကို ကယ်ထုတ်ပြီး မောင်တော နေရာတချို့ကို AA ထိန်းချုပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဖော်ပြထားပါတယ်။ သတင်းထဲမှာတော့ စစ်ကောင် စီတပ်က ခံစစ်အထပ်ထပ်ကာရန်ထားတဲ့ မောင်တောမြို့ကို သြဂုတ်လ ၇ ရက်နေ့မှာ AAက ထိုးဖောက်ဝင် ရောက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မောင်တောမြို့ အလယ်ရပ်ကွက်တွေအပါအဝင် မြို့ရဲ့ သုံးပုံနှစ်ပုံကို AA ကထိန်းချုပ်ထားတယ်လို့ ဖော်ပြထားပါတယ်။

မောင်တောမြို့ပေါ်ကနေ AAက ခေါ်ထုတ်သွားသူတွေထဲ အများစုကတော့ AA ကချပေးထားတဲ့ နေရာတွေမှာ နေထိုင်ကြပြီး တချို့တွေလည်း နီးစပ်ရာဆွေမျိုးတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ခွာဖို့ စီစဉ်နေတယ်လို့ လည်း ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး RFA က ဖော်ပြထားတာပါ။

သတင်းထဲမှာ ရိုဟင်ဂျာအရေးကူညီပေးနေသူတွေရဲ့ အသံသာမက ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ဟောင်း ဦးဖေသန်းရဲ့သုံးသပ်ချက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာကြောင့် ပျံ့နှံ့နေတဲ့သတင်း အချက်အလက်တွေဟာ သတင်းမှားသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

RFA သတင်းဖော်ပြချက် link – 

https://www.facebook.com/share/v/buZKxH63ZNdXD2Rc/?mibextid=jmPrMh

◾သတင်းစိစစ်ချက်

– Khit Thit Myanmar အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ ရေးသားချက်အရ “အဲဒီနေရာမှာရှိတဲ့ မွတ်ဆလင်တွေ ကို ကယ်ထုတ်ရဖို့ ဘယ်သူမှဖမ်းဆီးထားတာမရှိဘူး၊ ပုံတွေ၊ ဗီဒီယိုတွေနဲ့ ဇာတ်ကားလိုရိုက်ပြီး လိမ်လည်နေတယ်” ဆိုတဲ့ ဖော်ပြချက်ဟာ တကယ်တော့ မှားယွင်းနေပါတယ်။

AA အနေနဲ့ အခုသတင်းထုတ်ပြန်ဖို့အတွက် တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့ကိုထိုးဖောက်ဝင်ရောက်ပြီး မှသာ ကယ်ထုတ်လာတာဖြစ်ကြောင်း ဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာလည်း များပြားလွန်းလှတဲ့ လူအုပ်ကြီးကို စနစ်တကျပြင်ဆင်ကယ်ထုတ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလူတွေဟာ စစ်တပ်ထိန်းချုပ်ထားတဲ့ ရပ်ကွက်တွေကဖြစ်တဲ့အတွက် သူတို့ကိုစစ်တပ်က ဖမ်းဆီးမထားသော်လည်း လူသားဒိုင်းအဖြစ် အသုံးချနိုင်ဖွယ်ရှိနေတဲ့အတွက် AA က ကယ်ထုတ်ရတာဖြစ်ကြောင်း လွတ်လပ်သောမီဒီယာများ မှာ သုံးသပ်ချက်များနှင့် သတင်းမှန်ဖော်ပြထားတာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။

◾သုံးသပ်ချက်

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ဒေသတွေမှာ တစ်ဖက်နဲ့တစ်ဖက် စွပ်စွဲမှုများကြားမှာ ဒေသခံတွေရဲ့ အသက်တွေ စာမြေစာပင်တွေဖြစ်နေရပြီး အမှန်တကယ်ကယ်ထုတ်ဖို့ လိုအပ်နေတဲ့သူတွေ ဖြစ်တာကိုတွေ့ရှိရပါတယ်။ ဒီလိုသတင်းမှားတွေကြောင့် ဒေသခံတွေရဲ့ စိတ်မလုံခြုံမှုတွေ မြင့်တက်လာနိုင်ပြီး ပဋိပက္ခဖြစ်ပွားနိုင်ချေမြင့် တက်နိုင်တာကိုတွေ့ရပါတယ်။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးပြီး ဒေသခံတွေအနေနဲ့ လည်းပိုပြီး အန္တရာယ်ကျရောက်နိုင်တာကို တွေရှိရတဲ့အတွက် သတင်းအမှားစိစစ်ဖော်ပြနိုင်ဖို့ အလွန်အရေး ကြီးပါတယ်။

ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ ဒေသခံတွေနဲ့ Fact Check ဌာနတွေက စစ်ဆေးပေးတာ တွေကို စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်ဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းအမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ်ရာ သတင်းအချက်အလက်တွေ ရှိလာရင်လည်း Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်ဖြစ်တဲ့ AEN တို့လို မီဒီယာတွေရဲ့ မက်ဆင်ဂျာကနေဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

++++++++++++++++

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .