မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်
Share:FacebookX

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့်

မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိဟု သတင်းအမှားဖြန့် 

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၁၃ ရက်

မြန်မာ-တရုတ်နယ်စပ်ဒေသရှိ မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် နေပြည်တော်ချယ်နယ်ကနေ ဖြန့်ချိခဲ့ပြီး “MNDAA အတွက်မူဆယ်ကို တိုက်ဖို့လာသော BPLA PDF အကောင် (၁၀၀) အရှင်ဖမ်းဆီးရမိ၊ ဆောင်းခရဲ့ BPLA အဖွဲ့တွေတစ်ခါတည်း အပြတ်သာရှင်းလိုက်ပါ” လို့ (မူရင်းအတိုင်း) Shan State Voice ကဖော်ပြထားတဲ့ သတင်းတစ်ပုဒ်ကို အခြေခံပြီး ဖော်ပြထားပါတယ်။

အဆိုပါ သတင်းအမှားကို ကြည့်ရှု့သူပေါင်း ၁၆,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/CSMVf

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ အနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ  လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအမှား ဖြစ်တာကို တွေ့ရပါတယ်။

၂၀၂၄ သြဂုတ် ၉ ရက်က သျှမ်းသံတော်ဆင့်က ဖော်ပြထားတဲ့ သတင်းတစ်ပုဒ်မှာ “ လဲချားတွင် မူဆယ်သို့သွားမည့် လူငယ်များကို PDF ဟု စွပ်စွဲကာ လူငယ် ၁၀၀ ကျော် ဖမ်းဆီးထား” ဆိုပြီး ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ်တွေဟာ လားရှိုးမြို့ MNDAA မှ အလုပ်အကိုင်ပေးမယ်ဆိုပြီး လိမ်လည်ခေါ်ဆောင် ခံလာရကြောင်း ရဲစခန်းနှင့် နီးစပ်သူကိုကိုးကားပြီး သျှမ်းသံတော်ဆင့်က ဖော်ပြထားပါတယ်။

ဆက်စပ်ဖတ်ရှု့ရန် – https://shorturl.at/VemOX

ဒေသတွင်း သတင်းဌာနနဲ့ ယုံကြည်စိတ်ချရသော သတင်းဌာနတွေမှာလည်း မူဆယ်မြို့ကို တိုက်ခိုက်ဖို့လာသော BPLA အဖွဲ့ဝင် ၁၀၀ ကိုအရှင်ဖမ်းမိထားတယ်လို့ ဖော်ပြထားတာ မတွေ့ရပေ။

တပ်ဖွဲ့ဝင်အယောက် ၁၀၀ အရှင်းဖမ်းဆီးခံရတဲ့သတင်းနဲ့ ပတ်သက်ပြီး BPLA ရဲ့သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ လင်းလင်းကို ဆက်သွယ်မေးမြန်းခဲ့ရာ “အဲ့သတင်းမဟုတ်ပါဘူး။ သတင်းတုပါ” လို့ ဖြေကြားထားပါတယ်။

ဒါ့အပြင် BPLA ရဲ့ စစ်ရေး၊ နိုင်ငံရေးလှုပ်ရှားမှုသတင်းတွေကို စောင့်ကြည့်ဖတ်ရှုဖို့အတွက် BPLA ကနေ သတင်းထုတ်ပြန်တဲ့ Facebook page နဲ့ telegram channel တွေကို join ထားပြီး စောင့်ကြည့်‌ဖတ်ရှုလို့ရကြောင်း လင်းလင်းကဆိုပါတယ်။

သုံးသပ်ချက်

လဲချားမြို့တွင် လူငယ် ၁၀၀ ကျော်ဖမ်းဆီးခံထားရမှုဖြစ်စဉ်က ဖြစ်သွားကြောင်းမှာ မှန်ကန်ပါတယ်။ 

ထိုသတင်းအကို အခြေခံပြီး  မူဆယ်မြို့ကို တိုက်ဖို့လာသော (BPLA) အဖွဲ့ဝင် ၁၀၀ အရှင်ဖမ်းမိလို့ တယ်ဆိုတဲ့ သတင်းပါ အကြောင်းအရာကမှားယွင်းနေပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် ချယ်နယ်များမှ ဖြန့်ချိမှုနေသော  ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPLA အဖွင့်ဝင် အယောက် ၁၀၀ ကို စစ်ကောင်စီတပ်က အရှင်ဖမ်းမိတယ်ဆိုတဲ့ အကြောင်းအရာက  မှားယွင်းနေပါတယ်။

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

 

 

 

 

 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .