လားရှိုးမြို့မှာ MNDAA က သတ်ထားတဲ့ ပြည်သူအလောင်းတွေဆိုပြီး အဝတ်ဟောင်းတွေပြန့်ကျဲနေတဲ့ပုံ ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်သတင်းမှား
Share:FacebookX

လားရှိုးမြို့မှာ MNDAA က သတ်ထားတဲ့ ပြည်သူအလောင်းတွေဆိုပြီး အဝတ်ဟောင်းတွေပြန့်ကျဲနေတဲ့ပုံ ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်သတင်းမှား

လားရှိုးမြို၊ အထက (၈) ကျောင်းရှေ့၊ ဘူတာရုံပတ်လမ်းပေါ်မှာ  MNDAA က ပြည်သူတွေကို အစုလိုက် အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ပြီး စွန့်ပစ်ထားတဲ့ အလောင်းတွေကို တွေရတယ်ဆိုတဲ့ ရုပ်သံဖိုင် တခု ပျံ့နှံ့နေတာကို တွေ့ရပါတယ်။ 

 

စစ်ကောင်စီလော်ဘီတယ်လီဂရန်ချန်နယ်ဖြစ်တဲ့ Digital Daily News ကနေ ဩဂုတ်လ ၆ ရက်မှာ “ လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA ကိုးကန့်သူပုန်တွေက ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက် ရက်စက်စက် သတ်ဖြတ်ထားတဲ့ အလောင်းတွေကို  လားရှိုးမြို့၊ အထက (၈) ကျောင်းရှေ့ ဘူတာရုံပတ် လမ်းပေါ်မှာ ဒီတိုင်းစွန့်ပစ်ထားတာကို တွေ့ရပါတယ်” ဆိုပြီး သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းများပုံ ဆို တာနဲ့ ရုပ်သံဖိုင်တခုကို ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

အဲဒီရုပ်သံကို လော်ဘီတယ်လီဂရန်ချန်နယ်တွေဖြစ်တဲ့ Truth Media ဘညွန့်Ko Thetကိုနှင်းမောင်သားကောင်းရတနာနေပြည်တော် စတဲ့ ချန်နယ်အများအပြားကနေ ပြန်လည်ရေးသားမျှဝေမှုတွေကို ပြုလုပ်ခဲ့တာကို တွေ့ရပါတယ်။

ဒါအပြင် Akari Myat ဆိုတဲ့ Facebook Account ကနေ “လားရှိုး အထက ၈ ရှေ့မှာ ကက တွေက that ထားတာကြည့်ကြည့်ကွာ ငါတော့ရင်တွေနာလွန်းလို့ သူတို့အပိုင်တောင်မဟုတ်သေးဘူးနော် ငါတို့မြေမှာ ငါတို့လူမျိုးတွေကိုထင်သလိုလုပ်နေကြတာ”လို့ရေးသားပြီး အဲဒီရုပ်သံဖိုင်ကို ဖြန့်ဝေထားတာတွေ့ရပါတယ်။ 

 

အခြားလူမှုကွန်ယက်ပလက်ဖောင်းတွေနဲ့ Tik Tok လူမှုကွန်ယက်တွေမှာပါ မျှဝေမှုများပြားတာတွေ့ရပြီး အချို့က ပြန်ဖျက်သွားခဲ့တာကို တွေ့ရပါတယ်။ 

 

အဲဒီ လူသေအလောင်းတွေဆိုတဲ့ ရုပ်သံဖိုင်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team က စိစစ်ကြည့်တဲ့အခါမှာ လူသေအလောင်းတွေမဟုတ်ဘဲ လက်နက်ချတဲ့စစ်ကောင်စီနဲ့ မိသားစုဝင်တွေရဲ့ အဝတ်အထည်နဲ့အိတ်တွေ ပြန့်ကျဲနေတာကိုရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ပြီး သတင်းမှား ဖြစ်တာကို တွေ့ရှိရပါတယ်။

 

အဲဒီရုပ်သံဖိုင်ကို လားရှိုးမြို့ရဲ့ လက်ရှိအခြေအနေတွေကို ရုပ်သံရိုက်ကူးပြီး တင်နေတဲ့ Tyler Kaung Myat ရဲ့ Facebook အကောင့်ကနေ ဩဂုတ်လ ၅ ရက်မှာ “အထက ၈ ဘူတာလမ်း ခြေနေ”ဆိုပြီး ‘ရက်စက်တာ ဗျာ’ဆိုတဲ့စကားသံထည့်သွင်းကာ ဆိုင်ကယ်နဲ့ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကို စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

DNA ကနေ Tyler Kaung Myat အကောင့်ပိုင်ရှင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ “လူသေအလောင်းတွေ မဟုတ်ဘူးလေ အဲ့တာ၊ Facebook မှာ တချို့ဖုန်းက HD ၁၀၈၀ မထွက်ဘူးလေ၊ ကော်ပီကနေ ကော်ပီကြ တော့ အခြားနေရာမှာကြည့်ရင်တော့ လူသေအလောင်းနဲ့တူတယ်၊ အဲ့တာအထည်တွေ အိတ်တွေပါဗျ၊ ဘယ်သူဟာတွေလည်းတော့ မသိဘူးနော်၊ သူတို့ပြောတာတော့ စစ်တပ်ဟာတွေလို့ပြောတာပဲ၊ စစ်တပ်ရှုံး တော့ အဝတ်အစားတွေမယူလာခိုင်းဘူး၊ လူပဲ ထွက်လာခိုင်းတယ် လို့ပြောကြတယ်။

 အဲ့နေရာက အခုအခြေအနေကကောင်းပါတယ်။ လူသေနဲ့တူတယ်ဆိုတာ အဲ့တာလူသေမဟုတ်ဘူး၊ ကော လဟာလတွေ အကိုတောင် ဗွီဒီရိုပြန်ရိုက်ထားတယ်၊ လိုင်းကောင်းတဲ့နေရာရောက်ရင် ကော်မန့်မှာ ဗွီဒီယို ပြန် တင်ပေးမယ်နော်” ဆိုပြီး DNA  ကို ပြောကြားပါတယ်။

လားရှိုးဒေသခံတဦးကို DNA Fact Check ကနေ ဆက်သွယ်မေးမြန်းခဲ့ရာ”လေးရက်နေ့က အဲ့ဘက်ကို သွားလည်းသွားရော အဲ့နေရာမှာ သူတို့ကအထဲကနေ အပြင်ကိုထုတ်ကာစ ရှိသေးတယ်၊ အိတ်တွေကိုပုံ ထားကာစ ထ ၈ ရှေ့မှာ၊ ၅ ရက်နေ့ကျတော့ အဲ့ပစ္စည်းတွေကိုလေ MNDAA ကလူတွေက စစ်တယ်၊ အယူ မခံတော့ဘူး၊ ဘယ်ပစ္စည်းမှအယူမခံတော့ဘူး၊ လူတွေချည်းပဲအကုန်လုံးကို ဘေးလွတ်ရာကို ပို့ပေးတယ်။

သူတို့အလံဖြူထောင်ပြီး တပ်မိသားစုတွေ ထွက်လာတဲ့အချိန်လေ၊ မြို့ထဲမှာအကုန်လုံးက MNDAA က စိုးမိုးထားတာဖြစ်တဲ့အတွက် သူတို့က ဖုန်းတွေလည်းအယူမခံနိုင်ဘူး၊ ဖုန်းကိုဘယ်သူ့မှ အသုံးမခံတော့တာ၊ သူတို့ဘယ်မှာရှိတယ်၊ ဘယ်မှာရှိတယ်ဆိုတာ သတင်းပေါက်ကြားမှာစိုးလို့တဲ့၊ အဲ့လိုသတင်းပေါက်ကြားလို့ ပထမ ၁၇ ၊ ၁၈ လောက်မှာ MNDAA ရဲ့ လားရှိုးမြို့နယ်က ကွန်ပြူတာတက္ကသိုလ်မှာ လေယာဥ်နဲ့ လာကြဲ သွားတယ်လေ၊ အဲ့လိုသတင်းတွေပေါက်ကြားမှာစိုးလို့ ပစ္စည်းတွေကိုလုံးဝအယူမခံတော့တာ”လို့ DNA ကို ပြောကြားခဲ့ပါတယ်။

လားရှိုးမြို့နယ်သားတဦးက စစ်ရှောင်နေတဲ့ လားရှိုးမြို့သူ/သားတွေ လားရှိုးမြို့ရဲ့ အခြေအနေကို သိရှိနိုင်ဖို့ ရိုက်ကူးဖြန့်ဝေခဲ့တဲ့ ဗွီဒီယိုတခုကို အသုံးချပြီး ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ထားတယ်ဆို ပြီး အများပြည်သူအထိတ်တလန့်ဖြစ်စေဖို့ ရည်ရွယ်ပြီး ရေးသားဖြန့်ဝေခဲ့တဲ့ သတင်းမှားဖြစ်တာကို တွေ့ရှိ ရပါတယ်။

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check Team ကို ဒီနေရာ  ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .