စဥ့်ကူးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု​မရှိ ဆိုသည့်သတင်းအမှား
Share:FacebookX

စဥ့်ကူးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှု​မရှိ ဆိုသည့်သတင်းအမှား

7 August 2024 By Haythar /MPA

မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံကျေးရွာတို့ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မရှိဆိုသည့် သတင်းအမှား စစ်ကောင်စီတပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် သြဂုတ် ၅ရက် ညပိုင်းမှ စတင်ကာ ပျံ့နှံ့လျက်ရှိသည်။

Subscribers ၃၂၀၀ ကျော်ရှိသည့် ” CINCDS MYANMAR” တယ်လီဂရမ်ချန်နယ်က သြဂုတ် ၅ရက် ၊ ည ၉နာရီကျော်တွင် ” မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြိုနယ်၊ ကံတောင်ရွာနှင့် နွယ်ရုံရွာများကို ဩဂုတ်လ ၄ ရက်တွင် တပ်မတော်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦး သေဆုံးခဲ့ကြောင်းကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ် ကြံရေးသားဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။”( မူရင်းအတိုင်း) ဟု ဆိုကာ ရေးသားဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အကြောင်းအရာကို ဝင်ရောက်ဖတ်ရှိုသူ ၄၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ပြန်လည် မျှဝေခဲ့ကြသဖြင့် ပျံ့နှံ့မှု များပြားလျက်ရှိသည်။ သတင်းအမှားလင့်ခ်- https://archive.ph/2sVay
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်

ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာနှင့်ပတ်သက်၍ “Google” တွင် “စဥ့်ကူးမြို့နယ်” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ BBC/ RFA /DVB နှင့် People Spring သတင်းမီဒီယာများတွင် ရေးသားဖော်ပြထားသည်။

၂၀၂၄ ဩဂုတ် ၆ ရက် BBC သတင်းမီဒီယာတွင် “မန္တလေး – မိုးကုတ်လမ်းမပေါ်မှာရှိတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က ကံတောင်၊ နွယ်ရုံနဲ့ လက်ပန်လှစတဲ့ရွာတွေကို သုံးရက်ဆက်တိုက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတဒါဇင်ကျော်သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တ‌လေး (MDY- PDF)က ဘီဘီစီကို ပြောပါတယ်”ဟုရေးသားဖော်ပြထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ BBC https://shorturl.at/bSjsY

၂၀၂၄ ဩဂုတ် ၄ ရက် RFA သတင်းမီဒီယာတွင် ” မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကို ဩဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၃ ဦး သေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDY-PDF) က သတင်းထုတ်ပြန်ပါတယ်” ဆိုပြီး သတင်းရေးသားဖော်ပြထားပါသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
RFA https://shorturl.at/6HPv5

၂၀၂၄ ဩဂုတ် ၄ ရက် People Spring သတင်းမီဒီယာတွင် “မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၁၃ဦးသေဆုံးပြီး ၂၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။” ဟုရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
People Spring https://shorturl.at/WgZ1z

၂၀၂၄ ဩဂုတ် ၆ ရက် DVB သတင်းမီဒီယာတွင် “ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ သိမ်းပိုက်ရရှိထားတဲ့ စဥ့်ကူးမြို့နယ်ထဲကို စစ်ကောင်စီတပ်က သြဂုတ် ၅ ရက်အထိ လေကြောင်းကနေ ဗုံးတွေကြဲချနေတဲ့အတွက် ဒေသခံပြည်သူ အများအပြား သေဆုံးဒဏ်ရာရရှိခဲ့ကြလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။”ဟုရေသားဖော်ပြထားသည်။ သတင်းအပြည့်အစုံကို မူရင်းလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ DVB https://shorturl.at/5VOdM

စဥ့်ကူးမြို့ကို Voice of Mandalay PDF အဖွဲ့က ဇူလိုင် ၂၀ ရက်တွင်အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သတင်းမီဒီယာများတွင်ဖော်ပြထားသည့်အပြင် MDY PDF အဖွဲ့ကလည်း သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက် မူရင်း လင့်ခ် https://shorturl.at/dzww6

MDY PDFအဖွဲ့က သိမ်းပိုက်ရရှိထားသည့် စဥ့်ကူးမြို့ကို စစ်ကောင်စီတပ်က လေယာဥ်ဖြင့် တိုက်ခိုက်ခဲ့မှု နှင့်ပတ်သက်၍ MDY PDF ၏ ​ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကို MPA Fact Check Team က ဆက်သွယ် မေးမြန်းခဲ့သည်။

“၄ ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်မှာ ကံတောင်ကျေးရွာကိုကျဲပါတယ်၊။ ၃နာရီလောက်မှာ နွယ်ရုံရွာကို ကျဲပါတယ်၊ နှစ်ကြိမ်လုံးဂျက်ဖိုက်တာနဲ့ ကျဲတာပါ။ model အတိအကျကိုတော့ မပြောတတ်ပါဘူး” ဟူ၍ ကိုအော်စမွန်က ဖြေကြားသည်။

သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားဖော်ပြနေသည့် သတင်းမီဒီယာများတွင် စဥ့်ကူးမြို့နယ် ကံတောင်ရွာနှင့် နွယ်ရုံရွာကို စစ်ကောင်စီ တပ်က လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရပ်သားပြည်သူ​များထိခိုက်သေဆုံးခဲ့ကြောင်း တညီတညွတ်တည်းရေးသားဖော်ပြထားကြသည်။

သုံးသပ်ချက်

အချက်အလက်စိစစ်မှုအရ မန္တလေးတိုင်း စဉ့်ကူးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှန် ကန်မှုရှိကြောင်း တွေ့ရှိရသည်။

ဖြန့်ဝေထားသော သတင်းအမှားသည် အဆင့်ဆင့်စိစစ်အတည်ပြုရေးသားဖော်ပြနေသည့် သတင်းမီဒီယာ များ၏ သတင်းကို သတင်းအမှားဆိုကာ တန်ပြန် အချက်အလက်စစ်ဆေးသည့်ပုံစံဖြင့် ဖော်ပြရေးသားထားခြင်း ဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့်ချီနေသည့် တယ်လီဂရမ်ချန်နယ်နယ်များတွင် စဉ့်ကူးမြို့ရှိ ကျေးရွာများပေါ်သို့ စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်မှုမရှိဟူ၍ လိမ်လည်ဝါဒဖြန့်နေခြင်းဖြစ်သည်။

အဆိုပါ အကြောင်းအရာသည် သတင်းအမှား ဖြစ်ကြောင်း အချက် အလက် စစ်ဆေးမှုအရ သိရှိနိုင်သည်။
လက်ရှိ အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိသည်။
သတင်းအကြောင်းအရာတစ်ခုကို တွေ့မြင်လျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေခြင်းများ အလျင် စလို မပြုလုပ်ရန် လိုအပ်သည်။ ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာ လုပ်ငန်း စဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာဌာနများတွင် ရှာဖွေဖတ်ရှုသင့်ပါသည်။

မိမိကိုယ်တိုင် အချက်အလက်မစစ်ဆေးတတ်လျှင် အချက်အလက်စစ်ဆေး ရေးသားနေသော သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါ သည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://www.facebook.com/myanmarfactcheckingnetwork

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .