စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု
Share:FacebookX

စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်ထိန်းချုပ်နိုင်၊ ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကိုအရှင်ဖမ်းမိ သတင်းအတု

သျှမ်းသံတော်ဆင့်၊ ၂၀၂၄ သြဂုတ် ၇ ရက်

သျှမ်းပြည် လားရှိုးမြို့ကို စစ်ကောင်စီတပ်မှ အလုံးစုံပြန်ထိန်းချုပ် ထားနိုင်ခဲ့ပြီး ယူနန်တရုတ်နဲ့ ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့သတင်းတစ်ပုဒ် ဖြန့်ချိနေပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Snow Queen ချယ်နယ်ကနေ သြဂုတ် ၆ ရက် မွန်းတည့်အချိန်က ဖြန့်ချိခဲ့ပြီး လက်လွတ်လိုက်ရတဲ့ လားရှိုးမြို့ကို စစ်ကောင်စီတပ်က အလုံးစုံပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ ရေးသားထားပါတယ်။

၎င်းက” လားရှိုးမြို့အား တပ်မတော်မှ အလုံးစုံပြန်ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။ ရန်သူအလောင်းတွေကတော့ ရှင်းလို့မပြီးသေးပါ။ ရန်သူအရှေဖမ်းမိကတော့ ယူနန်တရုတ်နဲ့ ကိုးကန့်ကောင်တွေ ၄၀၀ ခန့် ဖမ်းမိထားပါတယ်” လို့ (မူရင်းအတိုင်း) ရေးသားဖော်ပြထားတာပါ။

အဆိုပါ သတင်းအတုကို ကြည့်ရှု့သူပေါင်း ၁၄,၀၀၀ ကျော်ရှိပါတယ်။

မူရင်းလင့်ခ် – https://archive.ph/0UxRK

သတင်း စစ်ဆေးခြင်း

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေ အနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။

ဒေသအတွင်း သတင်းဌာနနဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လားရှိုးမြို့အတွင်း အလောင်းတွေကို ကိုးကန့်တပ်ဖွဲ့မှ ဦးဆောင်ပြီး ကျန်ရှိနေသော ပြည်သူအချို့နဲ့ သန့်ရှင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ သြဂုတ် ၆ ရက်က သျှမ်းသံတော်ဆင့်မှ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ “လားရှိုးမြို့တွင်းသို့ ၁၃ မျဉ်းစောင်း လရန မှတ်ပုံတင် ကိုင်ဆောင်သူများသာပေးဝင်” ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။

 သတင်းလင့်ခ် – https://shorturl.at/9rgcI

အဲ့အပြင် သျှမ်းမြောက်မှာ စစ်ကောင်စီရဲ့ ဂိတ်နဲ့တပ်စခန်းတွေမရှိတော့တဲ့ လားရှိုး-သိန္နီ-ကွမ်းလုံ-ဟိုပန်လမ်းတစ်ကြောမှာ ဒေသခံလူထုတွေ ပုံမှန်ဖြတ်သန်းသွားလာနေတယ်လို့ ဒေသခံကိုကိုးကားပြီး ရွှေဖီမြေသတင်းတစ်ပုဒ်မှာလည်း ဖော်ပြထားပါတယ်။

သတင်းလင်ခ့် – https://shorturl.at/girIR

ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း သြဂုတ် ၃ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA သိမ်းပိုက်ထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကို ယခုအချိန်ထိ စစ်ကောင်စီတပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ဖော်ပြထားခြင်းမရှိပေ။

အလားတူ တရုတ်ယူနန်နဲ့ ကိုးကန်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားကြောင်း ဖော်ပြထားခြင်း မရှိပါ။

သုံးသပ်ချက် 

စစ်ကောင်စီတပ်က လားရှိုးမြို့ကို အလုံးစုံပြန်လည်းထိန်းချုပ်နိုင်ပြီး ယူနန်တရုတ် နှင့် ကိုးကန့်တပ်သား ၄၀၀ ခန့်ကို အရှင်ဖမ်းမိထားဆိုတဲ့ စစ်တပ်လော်ဘီရဲ့ ဖြန့်ချိမှုမှာ မှားယွင်းနေပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေက လားရှိုးမြို့ ကျဆုံးမှုမရှိဆိုပြီး ဝါဒဖြန့်ရေးသားမှုတွေနှင့်ပတ်သက်ပြီး အချက်အလက်စစ်ဆေးထားမှုများကို  Myanmmar Fact-checking Network websit and Facebook စာမျက်နှာမှာ ဝင်ရောက်ဖက်ရှုနိုင်ပါတယ်။ 

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့  အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာ ဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/

Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .