မိုးမိတ်မြို့က PLA ကို ကြိုဆိုတဲ့ ဓာတ်ပုံတွေကို မှားယွင်းတယ်ဆိုပြီး ဝါဒဖြန့် သတင်းမှား
Share:FacebookX

မိုးမိတ်မြို့က PLA ကို ကြိုဆိုတဲ့ ဓာတ်ပုံတွေကို မှားယွင်းတယ်ဆိုပြီး ဝါဒဖြန့် သတင်းမှား

ဩဂုတ် ၆

MFCN ၊ The Red Flag ၊ Kantarawaddy Times ၊ Federal FM

သတင်းအမှားအကြောင်းအရာကတော့ ရှမ်းမြောက် မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးစစ်သည်တွေကို ပြည်သူများကြိုဆိုခဲ့တဲ့ ဓာတ်ပုံတွေဟာ မိုးမိတ်မြို့က မဟုတ်ဘဲ ယင်မာပင်ပုလဲဒေသဘက် ဓာတ်ပုံတွေနဲ့ မီဒီယာတွေက ဂျင်းထည့်တာ ဖြစ်တယ်လို့ ဖြန့်ချိနေတာပါ။

ဒီသတင်းအမှားအကြောင်းအရာကို Truth Media ကနေ ၂၀၂၄  ဩဂုတ်လ ၂ ရက်နေ့မှာ စတင်ဖြန့်ချိနေတာပါ။ ဓါတ်ပုံနဲ့ အကြောင်းအရာကို ကြည့်ရှုသူ ၃ သောင်းကျော်ရှိတာကို တွေ့ရပါတယ်။

ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/Snowqueen1111233/28953

စစ်ဆေးတွေ့ရှိချက်

ဒီအကြောင်းအရာကို အချက်လက်စီစစ်ကြည့်တဲ့အခါမှာ အသုံးပြုထားတဲ့ ဓါတ်ပုံက ၂၀၂၄ ဩဂုတ်လ(၁) ရက်နေ့က  လွတ်လပ်တဲ့ သတင်းမီဒီယာဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာန ဖေ့ဘွတ်စာမျက်နှာ မှာတင်ထားတဲ့ဓါတ်ပုံဖြစ်နေတာကို တွေ့ရပါတယ်။  အဲ့ဒီဓာတ်ပုံက ရွှေဖီမြေရဲ့ သတင်းဖော်ပြချက်အရ မိုးမိတ် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ PLA တပ်ကို လူထုတွေကြိုဆို ဆိုတဲ့သတင်းနဲ့ အတူ PLA ရဲဘော်တွေကို ပြည်သူတွေက ကြိုဆိုနေတဲ့ဓါတ်ပုံတွေကိုဖော်ပြထားတာပါ။

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

https://www.facebook.com/shwepheemyaynews/posts/pfbid02sdjUZ8XuStd4DXf91wGLS9xmq8akfFmfadasNHG12ysDaaMVeRVqPjuFZjP8MqV1l

ဒါအပြင် People’s Spring သတင်းဌာနရဲ့ ဖေ့ဘွတ်စာမျက်နှာမှာလဲ ခုလိုဖော်ပြထားပါတယ်။ တအာင်းတပ်မတော်(PSLF/TNLA)နှင့် တော် လှန်ရေးပူးပေါင်းတပ်များက မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများကို ယမန်နေ့(၂၀၂၄ ဇူလိုင် ၃၁ ရက်)မွန်းလွဲ ၁နာရီတွင် အလုံးစုံဝင်ရောက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။လို့ဖော်ပြထားပြီး အောင်ပွဲနှင့်ပြန်လာသော PLA ရဲဘော်များကို ပြည်သူများက ကြိုဆိုနေကြစဉ် ဆိုတဲ့ ဓါတ်ပုံတွေနဲ့ အတူ ဖော်ပြထားတာကို တွေ့ရပါတယ်။

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

https://www.facebook.com/LuduNwayOo/posts/pfbid074Bg8C5mjLwHRBoDv6yTsvYMbXaCA9qPXHvwWqkT5Dy3S8Wuwu7dH9CFiKgkPAWjl

တဆက်တည်းမှာပဲ PLA မူရင်း သတင်းထုတ်ပြန်ချက်မှာတော့ “မိုးမိတ်ပြည်သူတွေက အောင်ပွဲနဲ့အတူ မိဘပြည်သူရင်ခွင် သို့ဝင်ရောက်လာတဲ့ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သားများ​ကို သနပ်ခါးတွေ ဖွေးဥနေအောင် ချစ်ခြင်းအပြည့်နဲ့လိမ်းပေးခဲ့ပြီး သပြေပန်းတွေရယ် ပန်းပေါင်းစုံတွေကမ်းပြီး တိုက်ပွဲတိုင်းအောင်ပါစေကြောင်း ဆုတောင်းပေးခဲ့ကြသည့်အတွက် ကြည်နူးပီတိဖြစ်ရပါသည်။” လို့ ဓါတ်ပုံတွေနဲ့အတူ ဩဂုတ်လ ၂ ရက်နေ့မှာ ဖော်ပြထားကို တွေ့ရမှာပါ။

မူရင်းလင့်ခ် – https://www.facebook.com/story.php?story_fbid=454019904207093&id=100087972618979&rdid=iWjYmWplZFl1WObLhttps://www.facebook.com/watch/?v=1173385040667489&rdid=eUjsoCBubaujJcHvhttps://www.facebook.com/reel/8223640994366460

လွတ်လပ်သော သတင်းဌာနတွေကနေ ရေးသားဖော်ပြထားတဲ့ မိုးမိတ်မြို့ သိမ်းပိုက်ရရှိမှု သတင်းများကိုလည်း အောက်ပါ လင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/story.php?story_fbid=826857529513041&id=100065664033865&rdid=OLi6ebtymwh3aRBk

https://www.facebook.com/watch/?v=1026945698891377&rdid=UXAf3wHODD9PAMgN

သုံးသပ်ချက်

သတင်းပါအကြောင်းအရာကတော့ အောင်ပွဲတွေရရှိနေတဲ့ PDF အဖွဲ့တွေကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဓါတ်ပုံတွေနဲ့ ထုတ်ပြန်ထားတဲ့ မူရင်းဖော်ပြချက်တွေကို ကွဲလွဲအောင် နည်းမျိုးစုံနဲ့

ဝါဒဖြန့်ပြီး ဖြန့်ချိနေတာဖြစ်ပါတယ်။ ဒါကြောင့် မိုးမိတ်မြို့က ပြည်သူတွေ တော်လှန်ရေးအင်အားစုတွေကို ကြိုဆိုနေတာကို ယင်းမာပင် ပုလဲ ဘက်က PDF တွေရွာဝင်လာတဲ့ ဓါတ်ပုံတွေပါဆိုပြီး ဖြန့်ချိနေတာဟာ သတင်းမှားဖြစ်ကြောင်း စီစစ်တွေ့ရှိရပါတယ်။

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ FFM ၊ Kantarawaddy Times စတဲ့ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေ၊ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web Link – https://myanmarfactcheckingnetwork.org/

Fb  Link –

https://www.facebook.com/myanmarfactcheckingnetwork

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .