နွားထိုးကြီး လမ်းပိုင်းမှာ PDF တွေဓားပြတိုက်လို့ ပြည်သူတွေရွံရှာနေတယ်ဆိုတဲ့ သတင်းအမှား
Share:FacebookX

နွားထိုးကြီး လမ်းပိုင်းမှာ PDF တွေဓားပြတိုက်လို့ ပြည်သူတွေရွံရှာနေတယ်ဆိုတဲ့ သတင်းအမှား

နွားထိုးကြီး လမ်းပိုင်းမှာ PDF တွေဓားပြတိုက်လို့ ပြည်သူတွေရွံရှာနေတယ်ဆိုတဲ့ သတင်းအမှား

MFCN ၊ The Red Flag ၊ Kantarawaddy Times ၊ Federal FM

နွားထိုးကြီးမြို့နယ် နှင့် ဆက်စပ်နေတဲ့ လမ်းပိုင်းမှာ ၂၀၂၄  ဇူလိုင်လ ၃၀ ရက်နေ့က Natogyi People Defence Force – မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းက စစ်ဆေးနေတဲ့ ဓာတ်ပုံတွေကိုယူသုံးပြီး အကြမ်းဖက် PDF များမှ ခရီးသည်ကားများအား သေနတ်ပြခြိမ်းခြောက်ကာ ဓားပြတိုက်နေတယ်လို့  စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြပါတယ်။

အဲ့ဒီဖြန့်ဝေမှုဟာ ဒီနေ့အထိ တယ်လီဂရမ်သုံးစွဲသူ လေးသောင်းကျော် တွေ့ရှိထားသလို reaction ပြုလုပ်သူ ခြောက်ရာကျော်နဲ့ ပြန်လည်ဝေမျှသူ  ၂၅ ခု ရှိတာကို တွေ့ရှိရပါတယ်။

PDFတွေက ခရီးသည်တင်ကားတွေကို သေနတ်ပြပြီး ခြိမ်းခြောက် ဓားပြတိုက်နေတယ်လို့ မသက်ဆိုင်တဲ့ ဓာတ်ပုံတွေနဲ့ ၂၀၂၄ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က မှိုင်းဝေ တယ်လီဂရမ်ချယ်နယ်ကနေ ဖြန့်ဝေနေတာကို ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://t.me/hminewai/56892

စီစစ်တွေ့ရှိထားတဲ့ အကြောင်းအရာဟာ မူရင်းဓါတ်ပုံကို အသုံးပြုပြီး ဝါဒဖြန့်၊ ဖြန့်ချိနေတဲ့ သတင်းမှားအကြောင်းအရာဖြစ်ပါတယ်။

ဒီအချက်အလက်ကို စီစစ်ကြည့်လိုက်တဲ့ အခါမှာတော့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်မှာ “မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ ဆက်စပ်နေတဲ့ လမ်းပိုင်းတွေမှာ ဖြတ်သန်း သွားလာနေတဲ့ ခရီးသွားယာဉ်တွေကို ဇူလိုင်လ(၃၀ ရက် မနေ့က စပြီး Natogyi People Defence Force ( NPDF) မြင်းခြံခရိုင် အမှတ် -၄ တပ်ရင်းက စစ်ဆေးနေပြီး ခရီးသွားယာဉ်တွေအနေနဲ့ မောင်းပြေးတာတွေမလုပ်ကြဘဲ ကြည်ဖြူစွာလက်ခံပေးပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကို ပူးပေါင်းလိုက်နာပေးကြဖို့ NPDF က မနေ့က ထုတ်ပြန်ပါတယ်” ဆိုပြီး ၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က Mandalay Free Press (မန္တလေးဖရီးပရက်စ်) ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ NPDF ရဲ့  ယာဉ်တွေကို စစ်ဆေးနေတဲ့ဓါတ်ပုံတွေနဲ့ အတူ ဖော်ပြထားတာပါ။

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ https://www.facebook.com/mandalayfreepress/posts/pfbid0qA81L938ZCfLLQAfsvGCi8AvbutxGWxJLmz2v16ATc74skHHMrEj4rfsmugTowXyl

၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့ People’s Spring မီဒီယာက  “အဓိက စခများက အိမ်စီးကားများအသုံးပြုပြီး သွားလာကြတာဖြစ်လို့၊ နောက်တစ်ချက်က စကစ ထုတ်ကုန်တွေ တင်ပို့မှုတွေပါ စစ်ပါတယ်”လို့ နွားထိုးကြီး PDF၏ ပြန်ကြားရေးတာဝန်ခံရဲ့ ပြောဆိုချက်ကို သတင်းပြုလုပ်ထားတဲ့ အပြင် နွားထိုးကြီး PDFအဖွဲ့ ရဲဘော်များ မော်တော်ယာဥ်များအား စစ်ဆေးနေတဲ့ ဓါတ်ပုံတွေနဲ့ အတူ သတင်းဖော်ပြထားတာပါ။

သတင်းအပြည့်အစုံကို မူရင်းလင့်ခ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

https://www.facebook.com/LuduNwayOo/posts/pfbid0ks1j9rVCwiBHvXGWx5hgnQWdSmpfv6AzJgsA9XjNoc1LAHe7yvujB86ALJNwJWMDl

ဒါ့အပြင် Natogyi People Defence Force – မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းဟာ အခု ၂၀၂၄ ဇူလိုင်လ ၂၁ ရက်နဲ့ ၂၉ ရက်မှာ နွားထိုးကြီးမြို့နယ်နဲ့ထိစပ်နေတဲ့ ရန်ကုန်-မန္တ‌လေး အမြန်လမ်းပေါ်  ဖြတ်သန်းသွားလာနေတဲ့ စစ်အုပ်စု ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က အထိနာ အသေများခဲ့သလို ယာဉ်တစ်စီးလည်း မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

NPDF ရဲ့ ထုတ်ပြန်ချက်ကို ဒီလင့်ခ် မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။

https://www.facebook.com/story.phpstory_fbid=122180906240156016&id=61554680489491&rdid=C17nYPYXUwUqfKMD

သုံးသပ်ချက်

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက လမ်းမတွေပေါ်မှာ ခရီးသွားယာဥ်တွေကို နွားထိုးကြီး PDFက စစ်ဆေးမှုပြုလုပ်ခဲ့တယ်ဆိုတာကို သတင်းဖြစ်စဉ်အမှန်ဖြစ်ပါတယ်။

မူရင်းဓါတ်ပုံတွေကိုအသုံးပြုပြီး အကြမ်းဖက် PDF တွေက ခရီးသည်ကားတွေကို သေနတ်ပြခြိမ်းခြောက်ပြီး ဓားပြတိုက်တယ်လို့ ဖော်ပြ ဖြန့်ချိတာဟာ ဝါဒဖြန့်ချိသည့် သတင်းအမှားဖြစ်ကြောင်း စီစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အရင်ကလည်း ဓာတ်ပုံတွေကို အသုံးပြုပြီး NUG၊ PDF ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက် ဓားပြတိုက် စသဖြင့် သတင်းမှားတွေကို ဖြန့်ဝေဖူးပါတယ်။

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ FFM ၊ Kantarawaddy Times စတဲ့ အချက်အလက်စစ်ဆေးပေးတဲ့အဖွဲ့တွေ၊ သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web Link – https://myanmarfactcheckingnetwork.org/?fbclid=IwY2xjawEdhFVleHRuA2FlbQIxMAABHVr-TCcpQ8QkYCkW8q2HOvxTbDBUi07OUxSxguyf_nStJSo98dB6Gv3MrA_aem_vDWnPInO-Z3L7whyssCu4w

Fb  Link –

https://www.facebook.com/myanmarfactcheckingnetwork

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .