နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင်ရဲ့ အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်
Share:FacebookX

နိုင်ငံခြားရုပ်အလောင်းပုံတွေသုံးပြီး MNDAA နဲ့ TNLA တပ်ဖွဲ့ဝင်ရဲ့ အလောင်းတွေ ကောက်လို့မပြီးသေးဟု သတင်းအတုဖြန့်

သျှမ်းသံတော်ဆင့်၊ သြဂုတ် ၂ ရက်

 

ဂါဇာကမ်းမြောင်က အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ လူရုပ်အလောင်းဓာတ်ပုံကိုအသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေလို့ မပြီးသေးဟု ဖြန့်ချိနေပါတယ်။

 

 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က ဖြန့်ချိခဲ့ပြီး “ကိုးကန့်နဲ့ ပလောင် (တအာင်း) အလောင်းတွေကို ကောက်လို့မပြီးသေးဘူး။ AA နဲ့ ချင်းတွေက “မင်းတပ်” မှာ အလောင်းတွေ လာထားဖို့ပြင် နေပြီဆိုဘဲ။ “မတူပီ” ကိုလာတိုက်တုန်းက မင်းတို့အလောင်းတွေ ဘယ်လောက်ချန်ထားခဲ့ရတယ်ဆိုတာ မင်းတို့အသိဆုံးဖြစ်လိမ့်မယ်” လို့ (မူရင်း)​ရေးသားဖော်ပြထားပါတယ်။

 

အဆိုပါ သတင်းအတုကို ကြည့်ရှုသူပေါင်း ၁,၀၀၀ ကျော်ရှိပြီး တခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်မှာလည်း ဖြန့်ဝေထားကြပါတယ်။

 

မူရင်းလင့်ခ် – https://archive.ph/Nsxkg

 

 

Myanmar Fact-checking Network အဖွဲ့ဝင် သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူတွေအနေနဲ့ အဆိုပါအကြောင်းအရာတွေကို စစ်ဆေးကြည့်တဲ့အခါ ဓာတ်ပုံကို ဖြတ်ညှပ်ကတ်လုပ်ပြီး လုပ်ကြံရေးသားထားတဲ့ ဝါဒဖြန့်သတင်းအတု ဖြစ်နေတာကို တွေ့ရပါတယ်။

 

သတင်းအမှားဖြန့်သူတွေ ဖော်ပြထားတဲ့ စာလာအိတ်အပြာနဲ့ထုပ်ထားတဲ့ ရုပ်အလောင်းဓာတ်ပုံကို RevEye Reverse Image Search နဲ့ စစ်ဆေးကြည့်ခဲ့ပါတယ်။

 

အဲ့ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့က ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ အစ္စရေးနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသွား သော ပါလက်စတိုင်းသားတွေရဲ့ ရုပ်အလောင်း ရုပ်ပုံတွေသာ ဖြစ်ပါတယ်။

 

၂၀၂၄ ဧပြီ ၆ ရက်နေ့က VOA သတင်းဌာနကနေ  အင်္ဂလိပ်စာဘာသာနဲ့ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ 

 

သတင်းလင့်ခ် – https://rb.gy/tr2m5t

 

ဒေသတွင်း သတင်းဌာနနဲ့ လွတ်လပ်တဲ့ သတင်းဌာနများရဲ့ ဖော်ပြချက်အရ သျှမ်းပြည်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး  အသေအပျောက်များနေတယ်လို့ ဖော်ပြထားပါတယ်။

 

 ၂၀၂၄ ဩဂုတ် ၁ ရက်နေ့က The Irrwaddy-Burmese Edition သတင်းဌာန ဖော်ပြချက်အရ “လားရှိုးမြို့ထဲမှာ ရုပ်အလောင်းတွေ မကောက်နိုင်ဘဲ ဖြစ်နေ (ရုပ်/သံ)” သတင်းအပြည့်အစုံကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

လင့်ခ် – https://rb.gy/hg0do3

 

၂၀၂၄ ဇူလိုင် ၃၁ ရက်နေ့က သျှမ်းသံတော်ဆင့်ကနေ ဖော်ပြထားတဲ့သတင်းတစ်ပုဒ်မှာလည်း လားရှိုးသို့ စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ကကြားဖြတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

မူရင်းလင့်ခ် – https://shorturl.at/kJN1U

 

သုံးသပ်ချက် 

 

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ် Aung Min ချယ်နယ်က မတူညီတဲ့နေရာက ဓာတ်ပုံတွေပို ပြုပြင် အသုံးပြုပြီး ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ်ဖွဲ့ TNLA အလောင်းတွေကောက်လို့ မပြီးသေးဘူးဆိုပြီး ဖြန့်ထားခြင်းသာ ဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်နေ့ကလည်း မှိုင်းဝေတယ်လီဂရမ်ချယ်နယ်က ခလရ ၆၈ တပ်က သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ ဗီဒီယိုကို MNDAA တပ်ဖွဲ့ဝင်တွေ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတယ်ဆိုပြီး သတင်းအမှားတစ်ပုဒ်ကို Delta News Agency က စီစစ်ခဲ့ပါတယ်။

 

လင့်ခ့် – https://shorturl.at/7R8UY 

 

သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်တွေအနေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြနေတဲ့ သတင်းတွေကို ချက်ချင်းမယုံကြည်ဘဲ စိတ်ချရသော သတင်းမီဒီတွေမှာ သွားရောက်ဖတ်ရှု့ကြဖို့ တိုက်တွန်းပါတယ်။

 

 

သတင်းတု၊ သတင်းမှားဟု ယူဆရတဲ့ သတင်းတွေကိုလည်း Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Box ကနေဆစ်ဆင့် သတင်းရဲ့ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်ပါတယ်။ 

 

 

 

 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .