ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ
Share:FacebookX

ချော့တစ်ခါ ခြောက်တစ်လှည့် ဘာသာရေး အမုန်းတရား၊ အဓမ္မစစ်မှုထမ်းရေး လှုံ့ဆော်မှု နှင့် သတိထားရမည့် ဝါဒဖြန့်ချိရေးနည်းနာများ

နိဒါန်း

ဘာသာရေး မီးစမှာ အာဏာရှင်တို့အတွက် အကောင်းဆုံး လောင်စာဖြစ်ဆဲဖြစ်သည်။ ခေတ်အဆက်ဆက် အာဏာရှင်တို့ အသုံးချခဲ့သလို စစ်ကောင်စီလည်း ဆက်လုပ်နေဆဲဖြစ်သည်။ စစ်ကောင်စီသည် တဖက်တွင် ဗုဒ္ဓဘာသာကို စောင့်ရှောက်သည့် အုပ်စိုးသူ အဖြစ် ပုံဖော်သကဲ့သို့ သူ၏ ရန်သူများမှာ ဗုဒ္ဓဘာသာကို ဖျက်ဆီးမည့်သူများ၊ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမည့်သူများအဖြစ် နည်းအမျိုးမျိုးသုံး ဝါဒဖြန့်သည်။ စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေး ယန္တရားကို လူထုက မယုံတော့သည့်အခါ ပိုမို အန္တရာယ်များသော ဘာသာရေး မီးမွှေးသည့်နည်းကို ၎င်း၏ လက်ဝေခံ ဆိုရှယ်မီဒီယာအသုံးပြုသူများ၊ လက်ဝေခံ မီဒီယာများမှ တဆင့် အသုံးပြုလာသည်။ Facebook စာမျက်နှာများပေါ်တွင် ဖြန့်ချိရန် အခက်အခဲ ရှိလာသောအခါ Youtube နှင့် TikTok စာမျက်နှာများကို အသုံးပြုလာသည်။ ၂၀၂၄ ခုနှစ် မတ်လအတွင်း မော်လမြိုင်ချောင်းဆုံ ဗလီ၊ တောင်ဒဂုံဗလီ နှင့် သာကေတ နွယ်အေး ဗလီ ကိစ္စများကို အဓိကထား မီးမွှေးခဲ့သည်။

The Red Flag Research Team သည် ၂၀၂၄ ခုနှစ် မတ်လ၊ ဧပြီလနှင့်‌ မေလ သုံးလအတွင်း  YouTube နှင့် TikTok ပေါ်ရှိ စစ်တပ်လော်ဘီများနှင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူဆိုသည့် အစွန်းရောက်အကောင့်များ၊ ချန်နယ်လ်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ခဲ့သည်။ တွေ့ရှိရသည့် သတိပြုဖွယ်ရာ အကြောင်းအရာများကို ယခု အစီရင်ခံစာတွင် ဖော်ပြသွားမည်ဖြစ်သည်။ ယခုတွေ့ရှိချက်သည် မြန်မာနိုင်ငံတွင် Facebook လူမှုကွန်ရက်ပြီးလျှင် လူသုံးများသည့် လူမှုမီဒီယာပလက်ဖောင်းများဖြစ်သော  YouTube နှင့် TikTok ပေါ်မှ ရေပန်းစား အကြောင်းအရာများကို လေ့လာရာတွင် တွေ့ရှိခဲ့သည့် အချက်များကို ခြုံငုံသုံးသပ်ထားခြင်းဖြစ်သည်။ ဧပြီလအတွင်း အကြောင်းအရာများသည် သင်္ကြန်ကာလနှင့် ပတ်သက်၍ လှုံ့ဆော်သည့်ကိစ္စများ၊ ပွဲလမ်းသဘင်စည်ကားသည်ဟုထင်ရအောင် တင်သည့် ပုံရိပ်များသာဖြစ်ပြီး မေလအတွင်းတွင် ပိုမိုထူးခြား သည့် ဝါဒဖြန့်ချိမှုများနှင့် အန္တရာယ်ရှိသော အကြောင်းအရာများတွေ့ရသည်။ ထိုကြောင့် မတ်၊ ဧပြီနှင့်မေ သုံးလစာ အစီရင်ခံစာကို ပေါင်းစည်း ပြုစုထားခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန် − https://theredflagmedia.org/youtube-tiktokcasestudy/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .