မိုးဗြဲတွင်ပြန်လည်နေထိုင်လိုပါက မိုးဗြဲ PDF ကို စစ်အသုံးစရိတ် (၅၀၀၀၀) ပေးရမည်ဆိုတဲ့သတင်းအမှား
Share:FacebookX

မိုးဗြဲတွင်ပြန်လည်နေထိုင်လိုပါက မိုးဗြဲ PDF ကို စစ်အသုံးစရိတ် (၅၀၀၀၀) ပေးရမည်ဆိုတဲ့သတင်းအမှား

မိုးဗြဲတွင်ပြန်လည်နေထိုင်လိုပါက မိုးဗြဲ PDF ကို စစ်အသုံးစရိတ် (၅၀၀၀၀) ပေးရမည်ဆိုတဲ့သတင်းအမှား

Federal FM, Kantarrawaddy Times 

မိုးဗြဲတွင် ပြန်လည်နေထိုင်လိုပါက စစ်အသုံးစရိတ် (၅၀၀၀၀)ပေးရမည်ဟု  မိုးဗြဲ ကရင်နီPDFများ အမိန့်ထုတ်ထားပြီး မပေးပါက နေထိုင်ခွင့်မပြုကြောင်း ဖြန့်ချိနေတာကိုတွေ့ရပါတယ်။ (ဒီနေရာတွင်ကြည့်ပါ) 

စစ်ကောင်စီဝါဒဖြန် ချယ်နယ် Loikaw News ကနေ ၂၀၂၄ ဇူလိုင်လ ၁၈ ရက်ကတည်းက ဖြန်ချိနေတာပါ။ ဒီသတင်းအမှားကို ဝင်ရောက်ကြည့်ရှုသူ၊ reaction ပြုလုပ်သူ ၄သောင်းကျော်ရှိတာကိုတွေ့ရပါတယ်။ 

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက် 

မိုးဗြဲ ကရင်နီ PDF က စစ်အသုံးစရိတ် (၅၀၀၀၀) ပေးရမည်အကြောင်း မှန်/ မမှန် စိစစ်ရာတွင် 

လွတ်လပ်သည့် သတင်းဌာနတွေနဲ့ ဒေသခံ သတင်းမီဒီယာတွေမှာ PDFတွေက မိုးဗြဲဒေသခံတွေကို စစ်အသုံးစရိတ်ကောက်ခံနေပြီး မပေးပါက နေထိုင်ခွင့်မပြုတဲ့ အကြောင်းအရာကို သတင်းဖော်ပြတာမျိုး တွေ့ရှိခြင်းမရှိပါ။ 

စစ်အသုံးစရိတ် ကောက်ခံကြောင်းခိုင်မာတဲ့ အထောက်အထားအနေနဲ့ မိုးဗြဲမြို့ မြေပြင်အချက်လက်မေးမြန်းမှုကို ပြုလုပ်ခဲ့ပါတယ်။ 

မိုးဗြဲမြို့ ကယ်ဆယ်ရေးတာဝန်ခံလဲဖြစ် ငွေးကြေးကောက်ခံမှု တွင် ပါဝင်သူလဲဖြစ်တဲ့ ခွန်းမျိုးအောင်က ခုလိုပြောထားပါတယ်။ပြီးခဲ့တဲ့ နှစ်လတုန်းက အုပ်ချုပ်ရေးအဖွဲ့နဲ့ မိုးဗြဲမှာ ရှိတဲ့ ရပ်မိရပ်ဖတွေတွေ့ကြ တော့ မိုးဗြဲမှာ ရှိတဲ့ ရပ်မိရပ်ဖက ပြောတယ်။ မင်းတို့ တိုက်စရာရှိတာ ဆက်တိုက်မင်းတို့ဘာလိုလဲ မေးတယ်။ အာ့တာကို အုပ်ချုပ်ရေးဖက်ကတော့ ကျည်၊ ဒရုန်းတွေလိုအပ်တယ်။ ပြန်ပြောတယ်။ ပြည်သူဘက်ကလည်း ထည့်ဝင်မယ်။ ဒါကြောင့်ရပ်မိရပ်ဖနဲ့ မိုးဗြဲမြို့ ကျေးရွာအုပ်ချုပ်ရေးမှုးတွေနဲ့ တိုင်ပင်ပြီး တစ်အိမ်ကို ငါးသောင်း ကောက်ကြတယ်။ ဒါက kndf တွေ PDF တွေကောက်တာမဟုတ်ဘူး” ပြောပါတယ်။ 

လူထုတွေ ကိုယ်ဟာကိုယ်ကောက်ကြပြီး ဒီတော်လှန်ရေးမှာ ပေးတဲ့ဟာပါ။ ဆိုတော့ ဒီမြေပြင်မှာ ရော အစည်းအဝေးမှာကော ကျနော်ကိုယ်တိုင်ရောက်ပါတယ်။ ဦးစကတော့ စစ်ကောင်စီ ဝါဒဖြန့်နေတာကိုယုံချင်တဲ့သူယုံမှာပေါ့။ ကျနော်တို့ကတော့ ပြည်သူလူထုရဲ့အားကို တစ်ဆိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ အခုလဲ ပိုက်ဆံကောက်တာ ပြည့်သလောက်ရှိပါပြီ။ ပိုက်ဆံလဲ အပ်လိုက်ပါပြီ။ အဓိကကတော့ တပ်ကို အပြီးတိုက်ဖို့ ပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ အမိန့်ပေးမှု စေခိုင်းမှု ဖြားယောင်းမှုမရှိဘူး ‘’လို့ သူက ပြောပါတယ်။ 

နောက်ထပ်လည်း အသက် ၂၇ နှစ်အရွယ် မိုးဗြဲဒေသခံစစ်ရှောင် ပြည်သူတစ်ဦးကလဲ ခုလိုဆိုပါတယ်။ 

‘’မိုးဗြဲမြို့ကတော့ တိုက်ပွဲမဖြစ်တာတော့ကြာပြီပေါ့ ဆိုတော့ ဒေသခံတွေကတော့ သူတို့အိမ်ကို ပြန်ကြည့်တာလည်းရှိတယ်။ ဒါပေမယ့် မပြန်ကြသူတွေများပါတယ်။ ဘာဖြစ်လို့ဆို မိုင်းနင်းမိမှာကြောက်တယ်လေ။ ပြန်ပြီး မိုင်းနင်းမိတဲ့သူတွေလည်း ရှိတော့ မပြန်ကြတော့ဘူး။ ပြန်တဲ့အချိန်တော့ တော်လှန်ရေးရဲဘော်တွေကို ခွင့်တောင်းဝင်ရတာတော့ရှိတာပေါ့။ လျှောက်ပြီးတော့လည်း မသွားရဲဘူးဘူး၊ စိုက်ပျိုးရာသီကာလတော့ ကိုယ့်လယ်ကိုပြန်လုပ်ကြသူလည်းရှိတယ်။ မိုးဗြဲမှ မဟုတ်ဘူး တခြားအနီးအနားက ရွာတွေလည်း လုပ်ကြတယ်။ အခုက လက်နက်ကြီးကျမှာပဲ ကြောက်ရတယ်။ စိုက်ပျိုးရာသီကာလကတော့ မိုးဗြဲမြို့နယ်အတွင်းဆိုရင်တော့ သွားသွားလာလာလုပ်ကြတာရှိပါတယ်။ ဒီလိုမျိုး တော်လှန်ရေးတပ်ဖွဲ့တွေက ပိုက်ဆံတောင်းတာ ဘာညာ အဲ့လိုလည်း မကြားမိဘူး။ ဘယ်ရပ်ကွက်က ဘာဖြစ်လဲ အခြေအနေဘယ်လိုရှိလဲဆိုတဲ့ဟာတော့ မေးကြည့်ရတာပေါ့” ဆိုပြီး သူကပြောပါတယ်။ 

မိုးဗြဲ PDF (Mobye People Defence Force) ၏ လူမှုကွန်ရက် စာမျက်နှာကို ဝင်ရောက်လေ့လာ ကြည့်တဲ့အခါမှာလည်း ၂၀၂၄ ဇူလိုင် ၁၅ ရက်နေ့မှာ “မိစ္ဆာနိဂုံး ကျည်ကမ်ပိန်း” မဲလက်မှတ်ရောင်းချမှုပြုလုပ်ထားသည်ကိုလည်း တွေ့ရှိရပါတယ်။ 

Link https://www.facebook.com/mobyepdf/posts/pfbid0JPr2CUu5B2ebKRRftLcFpv6fmPWWmRPUXkovZVJnSb5m7yNDHRVVHE32tfrjizqTl?__cft__[0]=AZUhn3DvVqqQ5umeO5LLlIQ2fWYS3IyfN_HotCEe-BgvPMEjXGj4w5BG8eMYZFhzq0lfaI0vwicwOe3odwzI47mC5SMYFZlk9JVtR8G4aMFO99FukHQ-YIW1OeO_N1RxmkS-5j_kp7yZ4A4SRT3YDvzZ0QhgJyG-Mz8gUafuPwjQypxLFhowIvg1gsYIrPwqhb8VeU0fqmViojSS17nCnaup&__tn__=%2CO%2CP-R 

 

သုံးသပ်ချက် 

အဆိုပါ အချက်တွေနဲ့ တိုက်ဆိုက်စစ်ဆေးကြည့်လျှင် စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်က မိုးဗြဲ ကရင်နီ PDF တွေ စစ်အသုံးစရိတ်အတွက် (၅၀၀၀၀) ကောက်ခံတယ်ဆိုတာ ၂၀၂၄ ဇူလိုင် ၁၅ ရက်နေ့က ကန်ပိန်းကို အခြေခံပြီး သတင်းမှားကို ဖြန့်ချိနေတာဖြစ်ပါတယ်။ 

ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ပံ့ပိုးကူညီတာ ဖြစ်စဉ်မှန်ဖြစ်ပြီး၊ မိုးဗြဲ ကရင်နီ PDF တွေကနေ ခြိမ်းခြောက်တောင်းဆိုတဲ့ အကြောင်းအရာက မှားယွင်းနေတယ်ဆိုတာကို တွေ့ရှိရပါတယ်။ 

 အခုလို သတင်းမှားမျိုးကိုတပ်စခန်းတွေ တော်လှန်ရေးအင်အားစုတွေရဲ့ သိမ်းယူတာခံရချိန်မျိုးမှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်က သတင်းတု သတင်းအမှားများနဲ့ ဝါဒ ဖြန့်ဝေလေ့ရှိပါတယ်။ 

ဒါကြောင့် ငွေကြေးကောက်ခံမှုတွေဟာ PDF တွေကကောက်ခံတာခြင်းမဟုတ်သလို ကောက်ခံငွေကိုမပေးရင် မိုးဗြဲမြို့တွင်ပြည်နေထိုင်ခွင့်မပြုဆိုသည်မှာ သတင်းအမှားဖြစ်ပါတယ်။ 

သတင်းတု၊ သတင်းအမှားတွေနဲ့ပတ်သက်ပြီး အချက်အလက်စစ်ဆေးလိုတာရှိရင် Myanmar Fact-checking Network (MFCN) အဖွဲ့ဝင်ဖြစ်တဲ့ FFM, Kantarrawaddy Time သတင်းဌာနတွေကို ဆက်သွယ်ပြီး စစ်ဆေးပေးဖို့ အကူအညီတောင်းခံနိုင်ပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဤနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web – Link https://myanmarfactcheckingnetwork.org/ 

Fb – Link https://www.facebook.com/myanmarfactcheckingnetwork/  

MFCN, The Red Flag, Kantarawaddy Times, Federal FM

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .