မြသိန်းတန်စေတီအနားရှိ ကျေးရွာများကို PDF များ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် သတင်းအမှား
Share:FacebookX

မြသိန်းတန်စေတီအနားရှိ ကျေးရွာများကို PDF များ မီးရှို့ဖျက်ဆီးခဲ့ဆိုသည့် သတင်းအမှား

28 July 2024 by Wadi / MPA

စစ်ကိုင်းတိုင်း မြသိန်းတန်စေတီအနီး နယ်မြေရှင်းလင်းစဉ် ဆုတ်ခွာထွက်ပြေးသွားသော PDF များက ရွာများကို မီးရှိုဖျက်ဆီး ဆိုသည့် သတင်းအမှားများ ဇူလိုင် ၂၄ နှင့် ၂၅ ရက်များတွင် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။

သတင်းအမှားကို Subscribers ၂၀,၀၀၀ ကျော်ရှိသည့် MT News-Myanmar Transparency တယ်လီဂရမ်ချန်နယ်က “စစ်ကိုင်းမြို့နယ်၊ မြသိန်းတန်ဘုရားအနီးရှိ PDF များကို နယ်မြေရှင်းလင်းစဥ် ဆုတ်ခွာပြေးသည့် PDF များက ရွာမီးရှို့ထွက်ပြေး၍ ရေပိုက်လိုင်းများမီးလောင်ကာ နေအိမ် ၆ လုံးပါပျက်စီး”(မူရင်းရေးသားမှု) ဟူ၍ ခေါင်းစဉ်တပ်ကာ  ဇူလိုင် ၂၄ ရက်  နံနက် ၁၁ နာရီကျော်တွင် ရေးသားဖြန့်ဝေ နေခြင်းဖြစ်သည်။ သတင်းအမှားထဲတွင် ဇူလိုင် ၂၃ရက် နံနက်ပိုင်းတွင် မင်းကွန်းကျေးရွာ အနီးသို့ PDF ရောက်ရှိနေကြောင်း သတင်းပေးပို့လာသဖြင့် နယ်မြေရှင်းလင်းရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ရေးထားသည်။ 

သတင်းအမှား ရေးတင်ထားသော လင့်ခ်- Link

MT News-Myanmar Transparency တယ်လီဂရမ်ချန်နယ်သည် သတင်းအမှားထဲတွင် ခေတ်သစ်မီဒီ ယာ၏ သတင်းအား သတင်းအမှားဖြစ်ကြောင်း ရေးသားထားသည်။ သတင်းအမှားကို ဇူလိုင် ၂၇ရက် မွန်းလွဲပိုင်းအထိဝင်ရောက် ကြည့်ရှုသူ ၃,၀၀၀ ကျော်၊ Like and react ပေးသူ ၄၀ကျော် ရှိသည်။

အဆိုပါ သတင်းအမှားကို တခြားတယ်လီဂရမ်ချန်နယ်များကို ပြန်လည်မျှဝေခဲ့ကြသဖြင့် ပျံ့နှံ့မှု များပြား လျက်ရှိသည်။ သတင်းအမှားလင့်ခ်များ>>>

Myanmar Update News-Link
Snow Queen-Link

ပျံ့နှံ့နေသော သတင်းအမှားအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြ စိစစ်ချက်

Google တွင် “ မင်းကွန်းရွာနှင့် ရှားရောင်းရွာ မီးရှို့ခံရမှု” ဆိုသည့် Keyword ဖြင့် ရှာဖွေကြည့်ရာ Myanmar Now, The Irrawaddy, DVB နှင့် RFA အပါအဝင် အခြားသတင်းမီဒီယာများတွင် သတင်းရေးထားသည်ကို တွေ့ရသည်။

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်းမြောက်ဘက် မင်းကွန်းပုထိုးတော်ကြီးရှိရာ မင်းကွန်းရွာနှင့် မြသိန်းတန်ဘုရားမြောက်ဘက်ရှိ ရှားရောင်းရွာတို့ကို ဇူလိုင် ၂၃ ရက် မနက်ပိုင်းတွင် စစ်ကြောင်း ထိုး လာသည့် စစ်ကောင်စီတပ်သားများက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးပြီး အရပ်သား ၄၀ခန့်ကို ဖမ်းဆီးသွားကြောင်း၊ မင်းကွန်းကျေးရွာ နယ်မြေစခန်းမှ ရဲနှင့် ပျူစောထီးများ ကင်းလှည့်လာစဉ် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ နှစ် ဦးသေဆုံးခဲ့သည့်အတွက် စစ်တပ်၏ မီးရှို့မှု၊ ဖမ်းဆီးမှုများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသည့် အရပ်သားများနှင့် ပတ်သက်၍ အခုထိ အဆက်အသွယ်မရသေးကြောင်း ရေးသားဖော်ပြထားသည်။

သတင်းအပြည့်အစုံကို ဖတ်ရန် >>>

DVB-  Link

The Irrawaddy – Link

Myanmar Now- Link

RFA- Link

Wetlet Information Network –Link

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မင်းကွန်းရွာနှင့် ရှားရောင်းရွာတို့ မီးရှို့ခံရပြီး ၊ မီးရှို့ခံရမှုကြောင့် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့သော အချက်အလက် မှန်ကန်ကြောင်းတွေ့ရသည်။

သတင်းအချက်အလက်များကို အဆင့်ဆင့်စိစစ်အတည်ပြုရေးသားနေသော သတင်းမီဒီယာများတွင် ရွာ များကို မီးရှို့ဖျက်ဆီးသွားသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်သည်ဟု ရေးသား ထားသောကြောင့်  စစ်ကောင်စီလော်ဘီချန်နယ်များမှ ဖြန့်ဝေနေသော PDF များ မီးရှို့ထွက်ပြေးသွားသည် ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။  

 အဆိုပါ MT News-Myanmar Transparency တယ်လီဂရမ်ချန်နယ်သည် သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်၍ သတင်းအမှားအား ဖြန့်ဝေနေကြောင်း လေ့လာတွေ့ရှိရသည်။ ယခင်က အဆိုပါချန်နယ် တွင် ရေးတင်ထားသည့် သတင်းအမှားကို MPA က အချက်အလက်စစ်ဆေး၍ အမှားဖြစ်ကြောင်း သက်သေပြခဲ့သည်။ သတင်းအမှားလင့်ခ်-Link

ရွာမီးရှို့ခံရမှုဖြစ်စဉ် မှန်ကန်သော်လည်း PDF များ မီးရှို့ခဲ့သည်ဟု စွပ်စွဲရေးသားထားသောကြောင့် အခြေ အနေအခင်းအကျင်းအမှား ( False Context ) သတင်းအမှား အမျိုးအစားဖြစ်ပါသည်။ 

စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များသည် ယခင်ကလည်း ရွာမီးရှို့မှုများကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လုပ်ဆောင်သည်ဆိုကာ မကြာခဏ ဖြန့်ဝေလေ့ရှိသည်။

 MPA က အချက်အလက် စစ်ဆေးဖော်ပြခဲ့ဖူးသော  အလားတူသတင်းအမှားများကို ကြည့်ရှုနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

Link

သတင်းတုသတင်းအမှားများနှင့် ပတ်သက်ပြီး အချက်အလက်စစ်ဆေး မေးမြန်းလိုလျှင် Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော MPA Fact Check Team   ကို MPA ဖေ့ဘွတ်ခ် မက်ဆင်ဂျာမှ တဆင့်ဝင်ရောက်ဆက်သွယ်မေးမြန်း ရန် အကြံပြုဖို့ ဖိတ်ခေါ်အပ်ပါသည်။ MPA ဖေ့ဘွတ်ခ်လင့်ခ်  https://www.facebook.com/mmpressphoto 

Myanmar Fact-Checking Network အဖွဲ့ဝင်များ၏ သတင်းအချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork 

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .