နောင်ချိုမြို့ရှိ ၆၀၆ အမြောက်တပ်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်
Share:FacebookX

နောင်ချိုမြို့ရှိ ၆၀၆ အမြောက်တပ်ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တပ်လော်ဘီများ သတင်းအမှားဖြန့်

10 July 2024 By Wadi / MPA
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန်တပ်ဖြစ်သည့် အမှတ်-၆၀၆ အမြောက်တပ်သည် တစ်ခြမ်းပါသွားသော်လည်း လက်ရှိတွင် ပြန်လည်ထိန်းထားနိုင်ပြီဆိုသော သတင်း အမှားများ ဇူလိုင် ၁၀ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
Subscribers ၄၀,၀၀၀ ကျော်ရှိသည့် “ အောင်စစ်သည်” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁နာရီကျော်တွင် “ ၆၀၆ တစ်ခြမ်းပါသွားတာ အခု ပြန်ထိန်းနိုင်ခဲ့ပြီ။လေးစားပါတယ် ဗျူဟာမှူး” ဆိုပြီး ရေးသားဖြန့်ဝေခဲ့သည်။ မွန်းလွဲ ၂နာရီ ၁၉ မိနစ်အချိန်တွင် “ ၆၀၆ ဒုံးတပ်ရင်း မကျသေးပါဘူး ရန်သူရဲ့ စိတ်ဓာတ်စစ်ဆင်ရေးအောက်မှာဆိုက်ဝါး မပိကြပါနဲ့” ဆိုပြီး ထပ်မံရေးသားခဲ့သည်။
သတင်းအပြည့်အစုံ ဖတ်ရှုရန် >>> Myanmar Pressphoto Agency
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .