ထီးချိုင့်မှာ ဝက်ဂနာကြေးစားတပ်ဖွဲ့ဝင် စစ်သားဖမ်းမိတယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

ထီးချိုင့်မှာ ဝက်ဂနာကြေးစားတပ်ဖွဲ့ဝင် စစ်သားဖမ်းမိတယ်ဆိုတဲ့ သတင်းမှား

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ တော်လှန်ရေးတပ်တွေက စစ်ကောင်စီကို တိုက်ခိုက်ရင်း ရုရှားအခြေစိုက် ကြေးစားတိုက်ခိုက်ရေးတပ်တခုဖြစ်တဲ့ ဝက်ဂနာတပ်ဖွဲ့ဝင်(Wagner mercenary group) တဦးကိုပါ ဖမ်းမိခဲ့တယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ထီးချိုင့်မြို့နယ်၊ အလယ်တောရွာဘက်ကို လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ထီးချိုင့်ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ရာမှာ ဝက်ဂနာကြေးစားတပ်ဖွဲ့(Wagner mercenary group)တံဆိပ်အသုံးပြုထားတဲ့ စစ်ကောင်စီတပ်သားတွေကိုဖမ်းဆီးရမိကြောင်း ထီးချိုင့်- ပြည်သူ့ကာကွယ်ရေး Facebook Page က မေလ ၇ ရက်မှာ စတင်ဖော်ပြခဲ့တာပါ။

ဖမ်းမိသူတွေထဲက တဦးဟာ စစ်ကောင်စီတပ်ရဲ့ SOTF (Special Operations Task Force) Spider Squad အဖွဲ့ခေါင်းဆောင် Captain အဆင့်ရှိကာ ရုရှား Wagner group မှာလည်း Private တပ်သား အဆင့် ဗိုလ်မှုးတဦးဖြစ်တယ်ဆိုပြီး PMC Wagner Group တံဆိပ်ပါစစ်ယူနီဖောင်းပုံ နှစ်ပုံနဲ့စတင် ရေးသားဖြန့်ဝေခဲ့တာကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။

အပြည့်အစုံဖတ်ရှုရန်

Facebook – Link

website – Link

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .