မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို NUGက သက်ဆိုင်ရာကိုတိုင်တန်းခဲ့တယ်ဆိုတဲ့ သတင်းမှား
Share:FacebookX

မလေးရှားရောက် ရွှေ့ပြောင်းအလုပ်သမားတွေကို NUGက သက်ဆိုင်ရာကိုတိုင်တန်းခဲ့တယ်ဆိုတဲ့ သတင်းမှား

စစ်ကောင်စီ အခွန်ပေးဆောင်ခဲ့တဲ့ မလေးရှားနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က မလေးရှားရဲတွေကို တိုင်တန်းတာကြောင့် အလုပ်သမားတွေ ဖမ်းဆီးခံခဲ့ရတယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေပါတယ်။
အဲဒီ သတင်းမှား(https://archive.ph/4A6DD)ကို စစ်ကောင်စီ အားပေးထောက်ခံ တယ်လီဂရန်လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် မနက် ကိုးနာရီဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့ပြီး ကြည့်ရှုသူ ၄၀,၀၃၇ ဦး၊ reaction ပြုလုပ်သူ ၆၆၃ ဦးနဲ့ ပြန်လည်မျှဝေသူ ၂၆ ဦးထိရှိကာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာလည်း ပျံ့နှံ့နေတာပါ။
DNA Fact Check အဖွဲ့က ပျံ့နှံ့နေတဲ့ အဲဒီသတင်းနဲ့ပတ်သက်ပြီး စစ်ဆေးကြည့်တဲ့အခါ ပြီးခဲ့တဲ့ ၂၁ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အာဏာပိုင်တွေ ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အော်ပရာစီ (တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးစစ်‌ဆေးမှု) ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေအပြင် အခြားနိုင်ငံသားတွေပါ ဖမ်းဆီးစစ်ဆေးခံခဲ့ရကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အပြည့်အစုံဖတ်ရှုရန်- Delta News Agency
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .