တော်လှန်ရေး အင်အားစုတွေရဲ့ အလောင်း ခုနှစ်ဆယ်ကျော်တွေ့ရှိဆိုတဲ့ သတင်းအမှား
Share:FacebookX

တော်လှန်ရေး အင်အားစုတွေရဲ့ အလောင်း ခုနှစ်ဆယ်ကျော်တွေ့ရှိဆိုတဲ့ သတင်းအမှား

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ရက်မှာ နတ်ရေကန်ဝိ မုတ္တိဘုန်းကြီးကျောင်းနဲ့ တရုတ်သချိုင်္င်း အနား မှာတော်လှန်ရေးအင်အားစုတပ်ဖွဲ့တွေရဲ့ ဘတ်တံဆိပ် တွေပါတဲ့ အလောင်း ခုနှစ်ကျော်ကို တွေ့ရှိခဲ့တ‌ယ်လို့ရေးသားထားတဲ့ စာတစောင် လူမှုကွန်ရက် စာမျက်နှာ ပျံ့နှံ့နေပါတယ်။
စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အဲဒီအလောင်းတွေဟာ ကိုးကန်တပ်(MNDAA)၊ တအာင်းတပ်(TNLA)၊ ကချင်KIA နဲ့ PDF တံဆိပ်တဲ့ သေဆုံးသူရုပ်အလောင်းမြောက်မြားစွာကို ရှင်းလင်းလုပ်နေရတယ်လို့ မနေ့က ပြောထားပါသေးတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ၂ရရက်မှာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိန်းရှောင်ရာကနေ နိုဝင်ဘာ ၂၉ရက်မှာနေအိမ်တွေမှာ ပြန်လည်နေထိုင်ရန်ရောက်လာချိန်မှာ အပုပ်နံ့ရတာကြောင့် လိုက်လံရှာဖွေကြရာမှာ အဲ့ဒီ့အလောင်းတွေကို တွေ့ရှိခဲ့တာလို့ အဲ့ဒီ့စာထဲမှာ ဖော်ပြထားတာပါ။
အဲ့ဒီ့ သတင်းဟာ ကျောက်မဲမြို့တွင်မကပဲ ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ ကြားမှာပါ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့နေတာပါ။
DNA Fact Check Team ကနေ ပျံ့နှံ့လာတဲ့ အဲ့ဒီ့ သတင်းကို စစ်ဆေး ကြည့်တဲ့အခါမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်ဆိုတာ ကောလဟလသတင်းတခုသာဖြစ်ပြီး သတင်းမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။
အပြည့်စုံဖတ်ရှုရန်
Facebook link- Delta News Agency
Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .