စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား
Share:FacebookX

စာပေကဝိကိုထိသည့်ကျည် နှင့် စစ်ကောင်စီ၏ဝါဒဖြန့်မုသားယန္တရား

ဖြစ်ရပ်လေ့လာမှု

ပဲခူးတိုင်း၊ ပဲခူးမြို့ ကလျာဏီရပ်ကွက်ရှိ ဝင်းနိမ္မိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် မြန်မာ သံဃာလောက၏ စာပေကဝိအကျော် အရှင်မုနိန္ဒာဘိဝံသသည် ၂၀၂၄ ခုနှစ် ဇွန် ၁၉ ရက်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရသည်။ ၎င်းတို့ကြောင့် မဟုတ်ဘဲ PDFများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြား(MWD) ဖြစ်စဉ်အပြီး နာရီပိုင်းအကြာတွင်ကြေညာခဲ့သည်။ စစ်ကောင်စီဘက်ယိမ်းသည့် ဝါဒဖြန့် ဆိုရှယ်မီဒီယာအကောင့်များကလည်း ဖြစ်စဉ် PDF များလက်ချက်ဖြစ်ကြောင်း ဝေဝေဆာဆာလိမ်လည်ခဲ့ကြသည်။ အဆိုပါ အကောင့်များတွင် အမျိုးဘာသာသာသနာစောင့်ရှောက်သူများဟု မိမိကိုယ်ကိုယ် တံဆိပ်ကပ်ထားသည့် အစွန်းရောက်အမျိုးသား ရေးသမားများ၊ ဘုန်းကြီးများလည်း ပါဝင်သည်။ စစ်ကောင်စီနှင့် အပေါင်းအပါများသည် မုသားမှိုင်းဖြင့် ၎င်းတို့၏ ရာဇဝတ်မှုကိုဖုံးကွယ်ရန် ကြိုးစားနေခဲ့သော်လည်း ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဆရာတော်နှင့်အတူရှိနေခဲ့ပြီး အသက်ဘေးကလွတ်ခဲ့သည့် မျက်မြင်သက်သေဆရာတော် ထုတ်ဖော်ပြောဆိုသော ရုပ်သံထွက်ပေါ်လာသည့် နောက်တွင် စစ်ကောင်စီလက်ချက်မဟုတ်ကြောင်း ငြင်းဆိုမှုကွဲလွဲချက်များ ပိုကြီးလာခဲ့သည်။

စစ်တပ်ပိုင်မြဝတီရုပ်မြင်သံကြား၏ ဖော်ပြချက် 

မြဝတီရုပ်မြင်သံကြား(MWD) က ထုတ်ပြန်သော ၄မိနစ်ကျော်ကြာမြင့်သည့် ရုပ်သံကြေညာမှုတွင် ဆရာတော် စီးနင်းလိုက်ပါခဲ့သည့်ကားမောင်းနှင်သူ က PDFများ ပစ်ခတ်ခြင်းဟု ထွက်ဆိုသည့် ပြောကြားမှုပါရှိသည်။ စစ်တပ်သည် ဆရာတော်အား ပြင်ပတံတားဦးဆေးရုံတွင် တင်ထားရာမှ နန်းမြို့စစ်တပ်ဆေးရုံအတွင်းသို့ ပြောင်းရွေ့ခဲ့ပြီးသည့်နောက်မှ ယာဉ်မောင်းထံမှ ထွက်ချက်ယူခဲ့ပြီး ရုပ်သံရိုက်ကူးခဲ့ခြင်းကို သတိမူမိပါသည်။ စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားနှင့် ပြန်ကြားရေးဝန်ကြီးဌာနများမှ တဆင့် မျက်မြင်သက်သေ (ယာဉ်မောင်းထွက်ဆိုချက်)နှင့် စစ်တပ်က ဆေးကုသပေးနေမှု၊ ပစ်ခတ်ခံရမှု အခြေအနေများကို မြေပုံဇယာများနှင့် တကွ ဖြန့်ချိသည့် ပုံစံဖြင့်အသုံးပြုခဲ့သည်။

Read More – https://theredflagmedia.org/ma-ha-na-sayardaw-case-study/

Share:FacebookX

Follow @meksdemo

Instagram has returned empty data. Please authorize your Instagram account in the plugin settings .